ဆဗ္ဗဿသိက္ခာပုဒ်
ဆဗ္ဗဿသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။[1]
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
ပထမပညတ်သိက္ခာပုဒ်သမိုင်း
မြတ်စွာဘုရားသည် သာဝတ္ထိုမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် ရဟန်းတို့သည် နှစ်စဉ်နှစ်တိုင်း အခင်းတို့ကို ပြုလုပ်၏။ အခင်းအတွက် လိုအပ်သော သိုးမွေးတို့ကို အတောင်းအရမ်း များကုန်၏။ ထိုအခါ လူတို့သည် အတောင်းအရမ်းများသဖြင့် ကဲ့ရဲ့ကြကုန်၏။ ထိုသို့ ကဲ့ရဲ့ကြသည်ကို ရဟန်းတို့သည် ကြားကုန်၏။
ထိုအခါ အလိုနည်းသော ရဟန်းတို့သည် “အဘယ်ကြောင့် နှစ်စဉ် အခင်းတို့ကို ပြုလုပ်ကြဘိသနည်း” ဟု ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။ ထိုအခါ မြတ်စွာဘုရားသည် “ဟုတ်မှန်ပါသလား” ဟု မေးမြန်း၏။ ရဟန်းတို့လည်း “ဟုတ်မှန်ကြောင်း” ဝန်ခံ၏။
ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[1]
ပထမပညတ်သိက္ခာပုဒ်
“ရဟန်းသည် အခင်းသစ်ကို ပြုပြီးနောက် ခြောက်နှစ်တို့ပတ်လုံး ဆောင်ရမည်။ အကယ်၍ ခြောက်နှစ်အတွင်း ထိုအခင်းကို စွန့်၍သော်လည်းကောင်း၊ မစွန့်ဘဲသော်လည်းကောင်း အခြားအခင်းအသစ်ကို ပြုစေငြားအံ့ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[1]
ဒုတိယအနုပညတ်သိက္ခာပုဒ်သမိုင်း
မြတ်စွာဘုရားသည် အထက်ပါအတိုင်း သိက္ခာပုဒ်ကို ပညတ်တော်မူပြီးချိန် ဖြစ်၏။ ထိုအချိန်၌ ကောသမ္ဗီမြို့နေ ရဟန်းတစ်ပါးသည် နာမကျန်း ဖြစ်၏။ ထို့ကြောင့် ဆွေမျိုးတို့သည် အလုပ်အကျွေးပြုရန် “လာတော်မူပါ” ဟု တမန်လွှတ်၍ ဆို၏။ မြတ်စွာဘုရားသည် “အခင်းသစ်ကို ပြုလုပ်ပြီး ခြောက်နှစ်တို့ပတ်လုံး သုံးဆောင်ရမည်” ဟု သိက္ခာပုဒ်ပညတ်ထာ၏။ ရဟန်းသည် နာမကျန်းသဖြင့် အခင်းကို ဆောင်ယူသွားရန် မစွမ်းနိုင် ဖြစ်နေ၏။ ထိုအကြောင်းကို ရဟန်းတို့သည် မြတ်စွာဘုရားအား လျှောက်ထားကြ၏။
ထိုအခါ မြတ်စွာဘုရားသည် နာမကျန်းသော ရဟန်းအား အခင်းဆိုင်ရာ သမုတ်ခြင်း ‘သန္ထတသမ္မုတိ’ ကို ပေးရန် ခွင့်ပြုတော်မူ၏။ မြတ်စွာဘုရားသည် သမ္မုတိပေးပုံကို ဟောကြားတော်မူကာ သိက္ခာပုဒ်ကို အောက်ပါအတိုင်း ပြရန် မိန့်တော်မူ၏။[1]
ဒုတိယအနုပညတ်သိက္ခာပုဒ်
“ရဟန်းသည် အခင်းအသစ်ကို ပြုစေ၍ ခြောက်နှစ်တို့ပတ်လုံး ဆောင်ရမည်၊ အကယ်၍ ခြောက်နှစ်အတွင်း ထိုအခင်းကို စွန့်၍သော်လည်းကောင်း၊ မစွန့်ဘဲသော်လည်းကောင်း ရဟန်းတို့၏ သမ္မုတိကို မရဘဲ အခြားအခင်းအသစ်ကို ပြုစေငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[1]
သမ္မုတိပေးခြင်း
နာမကျန်းသော ရဟန်းသည် သံဃာသို့ ချဉ်းကပ်၍ လက်ဝဲဖက်ပခုံးထက်တွင် ဧကသီကို စံပယ်တင်ထားရမည်။ ကြီးသောရဟန်းတို့ကို ရှိခိုးဆောင့်ကြောင့်ထိုင်ကာ “မကျန်းမာသည့်အတွက် အခင်းဆိုင်ရာ သမုတ်ခြင်း ‘သန္ထတသမ္မုတိ’ ကို တောင်းပါသည်” ဟု ဆိုရမည်။ ထိုသို့ နှစ်ကြိမ်၊ သုံးကြိမ် တိုင်အောင် ဆိုကာ သံဃာအား သိစေ၏။
ထို့နောက် ရဟန်းတစ်ပါးသည် “ဤမည်သော မကျန်းမာသည့်ရဟန်းအား သန္ထတသမ္မုတိပေးခြင်းကို နှစ်သက်ပါက ဆိတ်ဆိတ်နေရာ၏။ မနှစ်သက်ပါက ပြောဆိုပါ” ဟု ဆိုရသည်။ ထိုအခါ သံဃာသည် ဆိတ်ဆိတ်နေပါက နှစ်သက်သဖြင့် ထိုမကျန်းမာသော ရဟန်းသည် သန္ထတသမ္မုတိကို ရ၏။[1]
ကိုးကား
- ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်။