ကာယသံသဂ္ဂသိက္ခာပုဒ်
ကာယသံသဂ္ဂသိက္ခာပုဒ်သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ စောင့်ထိန်းလိုက်နာရန် ပညတ်ခဲ့သည့် သံဃာဒိသိသ်အာပတ်တစ်ခု ဖြစ်၏။[1]
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
အရှင်ဥဒါယီ၏ ကျောင်း
မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။ ထိုအချိန်တွင် အသျှင်ဥဒါယီသည် တော၌ ကျောင်းဆောက်၍ နေ၏။ ထိုကျောင်းသည် အလွန်လှပကာ ရှုချင်ဖွယ် ဖြစ်၏။ လူများစွာတို့သည် အသျှင်ဥဒါယီ၏ ကျောင်းကို ကြည့်ရှုရန် လာကြကုန်၏။ ပုဏ္ဏားတစ်ယောက်သည် ဇနီးနှင့်အတူ အသျှင်ဥဒါယီ၏ ကျောင်းသို့ လာရောက်ကြည့်ရှု၏။
ပုဏ္ဏားသည် အသျှင်ဥဒါယီအား ကျောင်းကို ကြည့်ရှုရန် ခွင့်တောင်း၏။ ထို့နောက် ကျောင်းအတွင်း ပုဏ္ဏားသည် ဝင်၏။ ပုဏ္ဏား၏ နောက်မှ အသျှင်ဥဒါယီသည်လည်း ဝင်၏၊ ပုဏ္ဏေးမသည်လည်း ဝင်၏။ ထိုနောက် အခန်းတွင်း လှည့်လည်ကြည့်ရှုနေစဉ် အသျှင်ဥဒါယီသည် ပုဏ္ဏေးမ၏ အင်္ဂါကြီးငယ်တို့ကို ကိုင်တွယ်သုံးသပ်၏။ ထို့နောက် အသျှင်ဥဒါယီအား ပုဏ္ဏားသည် နှုတ်ဆက်ကာ ပြန်သွား၏။[1]
သိက္ခာပုဒ်ပညတ်ခြင်း
နှုတ်ဆက်၍ ပြန်သွားသော် ပုဏ္ဏားကြီးသည် “ဘုရား၏ အနွယ်တော်ရဟန်းတို့သည် မြင့်မြတ်ကြပေသည်။ တောထဲ၌လည်း နေကြပေသည်။ အသျှင်ဥဒါယီသည်လည်း မြင့်မြတ်ပေသည်။ အသျှင်ဥဒါယီသည်လည်း တောထဲ၌ နေကြပေသည်” ဟု ပုဏ္ဏေးမကြီးကို ပြောကြား၏။
ထိုအခါ ပုဏ္ဏေးမကြီးသည် “အသျှင်ဥဒါယီသည် အဘယ်မှာ မြင့်မြတ်ပါသနည်း” ဟု ပြောကာ မိမိ၏ အင်္ဂါကြီးငယ်တို့အား ကိုင်တွယ်သုံးသပ်ကြောင်းကို ပုဏ္ဏားကြီးကို ပြောပြ၏။ ထိုအခါ ပုဏ္ဏားကြီးသည် ထိုကိစ္စနှင့် ပတ်သက်၍ ရဟန်းတို့ကို ကဲ့ရဲ့၏။ ထိုအကြောင်းကို ရဟန်းတို့သည် သိကြကုန်၏။ ရဟန်းတို့မှတစ်ဆင့် မြတ်စွာဘုရားရှင်ကို လျှောက်ထားကြ၏။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို စုဝေးစေပြီးလျှင် အသျှင်ဥဒါယီအား မေးမြန်း၏။ အသျှင်ဥဒါယီလည်း ဝန်ခံ၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဥဒါယီအား ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[1]
သိက္ခာပုဒ်
“အကြင်ရဟန်းသည် ရာဂဘီလူး ပူးဝင်အပ်သည် ဖြစ်၍ ဖောက်ပြန်သော စိတ်ဖြင့် မာတုဂါမနှင့် အတူတကွ ကိုယ်လက်နှီးနှောခြင်းသို့ ရောက်ငြားအံ့။ လက်ကို ကိုင်ခြင်းသို့လည်းကောင်း၊ ဆံထုံးကို ကိုင်ခြင်းသို့လည်းကောင်း၊ တစ်ပါးပါးသော အင်္ဂါကြီးငယ်ကို သုံးသပ်ကိုင်တွယ်ခြင်းသို့လည်းကောင်း ရောက်ငြားအံ့။ ထိုရဟန်းအား ‘’’သံဃာဒိသိသ်အာပတ်’’’ သင့်၏ “ ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။[1]
ကိုးကား
- ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်။ Text "publisher" ignored (အကူအညီ)