ကောသိယသိက္ခာပုဒ်
ကောသိယသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသာနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိယပါစိတ်အာပတ်တစ်ခု ဖြစ်သည်။[1]
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
သမိုင်း
မြတ်စွာဘုရားသည် အာဠဝီမြို့၊ အဂ္ဂါဠစေတီတွင် သီတင်းသုံးနေတော်မူ၏။ ထိုအချိန်တွင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပိုးလုပ်သူတို့ထံ ချဉ်းကပ်၍ “ဒါယကာတို့ များစွာသော ပိုးကောင်တို့ကို ပြုတ်ကြလော့၊ ငါတို့အားလည်း ပေးကြလော့၊ ငါတို့သည်လည်း ပိုးချည်နှင့် ရောသော အခင်းကို ပြုလုပ်ခြင်းငှါ အလိုရှိသည်” ဟု ဆို၏။
ထိုအခါ ပိုးလုပ်သူတို့သည် “မိမိတို့ပင် အသက်မွေးမှုကြောင့် လည်းကောင်း၊ သား မယားကြောင့်လည်းကောင်း၊ ငယ်သော များစွာသော သတ္တဝါတို့ကို သတ်ကြရ၏။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အဘယ်ကြောင့် ပိုးချည်နှင့်ရောသော အခင်းကို အလိုရှိသည်ဟု ဆိုကြသနည်း” ဟု ကဲ့ရဲ့ကြ၏။ ထို့နောက်အလိုနည်းသော ရဟန်းတို့သည်လည်း ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။ မြတ်စွာဘုရားသည် “ဟုတ်မှန်ပါသလား” ဟု မေးမြန်း၏။ ဆဗ္ဗဂ္ဂီရဟန်းတို့လည်း “ဟုတ်မှန်ကြောင်း” ဖြေကြား၏။
ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[1]
သိက္ခာပုဒ်
“အကြင်ရဟန်းသည် ပိုးချည်နှင့်ရောသော အခင်းကို ပြုလုပ်စေငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏။)[1]
ကိုးကား
- ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်။