သဉ္စရိတ္တသိက္ခာပုဒ်
သဉ္စရိတ္တသိက္ခာပုဒ်သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရသည့် သံဃာဒိသိသ်အာပတ်တစ်ခု ဖြစ်၏။[1]
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
သမိုင်းကြောင်း
မြတ်စွာဘုရားရှင်သည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူသောအချိန် ဖြစ်၏။ အသျှင်ဥဒါယီသည် သာဝတ္ထိမြို့ရှိ အိမ်များသို့ ချဉ်းကပ်တတ်သော ရဟန်း ဖြစ်လေ၏။ အသျှင်ဥဒါယီသည် ထိုအိမ်တို့၌ မယားမရှိသော သတို့သားကိုလည်းကောင်း၊ လင်မရှိသော သတို့သမီးကိုလည်းကောင်း တွေ့မြင်ပါက မိဘတို့ထံ၌ သတို့သမီး၏ ဂုဏ်ကျေးဇူးကိုလည်းကောင်း၊ သတို့သား၏ ဂုဏ်ကျေးဇူးကိုလည်းကောင်း ပြောကြား၏။ ထိုသို့ဖြင့် အသျှင်ဥဒါယီသည် သတို့သား၊ သတို့သမီးတို့၏ ဂုဏ်ကျေးဇူးကို ပြောဆိုခြင်း၊ အောင်သွယ်ပေးခြင်းတို့ ပြုလုပ်ကာ လက်ထက်ထိမ်းမြာခြင်းတို့ကို ပြုစေ၏။
တစ်ခုသောအခါတွင် ဟူးရားကတော်ဟောင်းတစ်ယောက်၏ သမီးဖြစ်သူသည် အလွန်တရာ ချောမောလှပ၏။ ထို့ကြောင့် တက္ကတွန်း၏ တပည့်တို့သည် သမီးဖြစ်သူအား တောင်းယူရန် ကြိုးပမ်းကြ၏။ ထိုအခါ ဟူးရာကတော်ဟောင်းသည် လက်မခံဘဲ ငြင်းဆန်၏။
ထိုသို့ သမီးဖြစ်သူအား တောင်းရမ်းသည့်ကိစ္စအတွက် အခက်အခဲ ဖြစ်နေသည့်အတွက် အသျှင်ဥဒါယီထံ ချည်းကပ်၍ ထိုဟူးရားကတော်ဟောင်း၏ သမီးကို တောင်းပေးရန် ပြောဆို၏။ ထိုအခါ အသျှင်ဥဒါယီသည် ဟူးရာကတော်အား သမီးဖြစ်သူကို ပေးရန် ပြောဆို၏။ ထိုအခါ ဟူးရာကတော်က မည်သူမည်ဝါမ မသိသဖြင့် မပေးစားနိုင်ခြင်း ဖြစ်သည်ဟု ပြော၏။ အသျှင်ဥဒါယီက မိမိနှင့် အသိများ ဖြစ်ကြောင်း ပြောကြားသဖြင့် ဟူးရားကတော်သည် သဘောတူ၏။
အာဇီဝက၏ တပည့်သည် ထိုအမျိုးသမီးအား ချွေးမအဖြစ် အသုံးပြု၏။ တစ်လလွန်သောအခါ ကျွန်ကဲ့သို့ ဆက်ဆံ၏။ ထိုအကြောင်းကို သမီးဖြစ်သူမှ တစ်ဆင့် မိခင်သည်သိရှိလေ၏။ ဟူးရားကတော်နှင့် သမီးဖြစ်သူတို့သည် အသျှင်ဥဒါယီကို ကဲ့ရဲ့၊ ရှုတ်ချ၊ ပြစ်တင်ကြ၏။ ထိုအကြောင်းသည် ရဟန်းတို့ထံသို့ ရောက်ရှိသွား၏။ ထိုမှ တစ်ဆင့် မြတ်စွာဘုရားကို လျှောက်တင်ကြ၏။ မြတ်စွာဘုရားသည် ရဟန်းတို့အား စုဝေးစေ၏။ အသျှင်ဥဒါယီအား မေးမြန်း၏။ အသျှင်ဥဒါယီသည် ဟုတ်မှန်ကြောင်း ဝန်ခံ၏။
ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဥဒါယီကို များစွာသော အကြောင်းတို့ဖြင့် ကဲ့ရဲ့ပြီးလျှင် အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူလေ၏။[1]
သိက္ခာပုဒ်
“အကြင်ရဟန်းသည် မိန်းမအားမူလည်း ယောက်ျား၏ အလိုကို မယားဖြစ်စေလိုသောကြောင့်လည်းကောင်း၊ ယောက်ျားအားမူလည်း မိန်းမ၏ အလိုကို လင်ဖြစ်စေလိုသောကြောင့်လည်းကောင်း အောင်သွယ်မှုကို ပြုငြားအံ့ ထိုရဟန်းအား သံဃာဒိသိသ်အာပတ်သင့်၏” ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။[1]
ကိုးကား
- ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်။ Text "publisher" ignored (အကူအညီ)