စေတသိက်

စေတသိက်ဟူသည် စေတသိက ဟူသော ပါဠိမှ ဆင်းသက်လာသည့် ပါဠိပျက်စကားဖြစ်သောကြောင့် စေတသိက်ဟူ၍ 'ကသတ်'ဖြင့် ရေးပြီး "စေတသိတ်"ဟု အသံထွက်ပါသည်။ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာအရ စိတ်ကို မှီတွယ်၍ စိတ်ကို ချယ်လှယ်တတ်သည့် သဘောကို စေတသိက်ဟု ခေါ်ပါသည်။ (ဧကုပ္ပါဒ)စိတ်နှင့်အတူဖြစ်ခြင်း၊ (ဧကနိရောဓ) စိတ်နှင့် အတူချုပ်ခြင်း၊ (ဧကာရမ္မဏ) စိတ်နှင့်အာရုံတူခြင်းနှင့် (ဧကဝတ္ထုက) စိတ်နှင့်မှီရာ တူခြင်းတို့သည် စေတသိက်၏ အင်္ဂါရပ်အမျိုးအစား များဖြစ်ကြသည်။




စေတသိက် သည် ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧတဂ္ဂတာ၊ ဇီဝိတ၊ မနသိကာရ အစရှိသည့် (၇) ပါးတို့သည် သဗ္ဗစိတ္တက မည်၏။ စိတ်တိုနှင့် ယှဉ်၏။

ဝိတတ္တ၊ ဝိစာရ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ၊ အဓိမောက္ခ အစရှိသည့် (၆) ပါးတို့သည် ပကိဏ်း မည်၏။ ရောပြွမ်း၍သာ ယှဉ်ကုန်၏။ ဤ (၁၃) ပါးတို့သည် ဝိမိဿက မည်ကုန်၏။ ကောင်း၊ မကောင်းနှင့် ဆက်ဆံကုန်၏။

လောဘ၊ ဒေါသ၊ မောဟ၊ ဒိဋ္ဌိ၊ မာန၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ၊ ထိန၊ မိဒ္န၊ ဝိစိကိစ္ဆာ အစရှိသည့် (၁၄) ပါးတို့သည် ပါပဇာတိ မည်၏။ မကောင်းမျိုးအစစ် ဖြစ်၏။

အလောဘ၊ အဒေါသ၊ အမောဟ၊ သဒ္ဓါ၊ သတိ၊ ဟီရိ၊ ဩတ္တပ္ပ၊ တတြမဇ္ဈတ္တတာ၊ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ကာယလဟုတာ၊ စိတ္တလဟုတာ၊ ကာယမုဒုတာ၊ စိတ္တမုဒုတာ၊ ကာယကမ္မညတာ၊ စိတ္တကမ္မညတာ၊ ကာယပါဂုညတာ၊ စိတ္တပါဂုညတာ၊ ကာယုဇုကတာ၊ စိတ္ထုဇူကတာဟူ၍ သောဘဏ (၂၀)၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝဟူ၍ ဝိရတီသုံးပါး၊ ကရုဏာ၊ မုဒိတာဟူ၍ အပ္ပမညာနှစ်ပါး၊ ဤ (၂၅) ပါးတို့သည် ကလျာဏဇာတိမည်ကုန်၏။ အကောင်းမျိုးအစစ် ဖြစ်ကုန်၏။

ဝိမိဿက (၁၃) ပါး၊ ပါပဇာတိ (၁၄) ပါး၊ ကလျာဏဇာတိ (၂၅) ပါး၊ စေတသိက်စုစုပေါင်း (၅၂) ရှိသည် ဖြစ်၏။[1]

ကိုးကား

  1. လယ်တီဆရာတော် (၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ)။ လယ်တီဒီပနီပေါင်းချုပ် − ဝိပဿနာဒီပနီ။ တိုက် (၄)၊ အခန်း (၄၀၂)၊ ကျီတော်အိမ်ရာ၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ ရန်ကုန်မြို့: မိခင်ဧရာဝတီစာအုပ်တိုက်။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.