ပကိဏ်း

ဝိတက္က၊ ဝိစာရ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ၊ အဓိမောက္ခ စသည့်ခြောက်ပါးတို့သည် အလုံးစုံသော စိတ်တို့မယှဉ်၊ အချို့အချို့သော စိတ်တို့၌သာ ယှဉ်သည်ဖြစ်၍ ပကိဏ်းစေတသိက် မည်သည်။

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

သဗ္ဗစိတ္တက ခုနစ်ပါး ပေါင်းသည်ရှိသော် တစ်ဆယ့်သုံးပါး ဖြစ်၏။ ဤတစ်ဆယ့်သုံးပါးတို့သည် ကောင်း၊ မကောင်း နှစ်ဖက်ရောယှက်ခြင်းကြောင့် ဝိမိဿက မည်ကုန်၏။ စိတ်သည်လည်း ကောင်း၊ မကောင်း နှစ်ဖက်နှင့် ရောယှက်သည်သာ ဖြစ်၏။[1]

ဝိတက္က

ဝိတက္က ဆိုသည်မှာ စိတ်၏ ထွေထွေပြားပြား အကြံပွားခြင်း ဖြစ်သည်။ သင်္ကပ္ပဟုလည်း ခေါ်၏။ သမ္မာသင်္ကပ္ပ၊ မိစ္ဆာသင်္ကပ္ပဟူ၍ (၂) မျိုး ရှိသည်။[1]

ဝိစာရ

ဝိစာရ ဆိုသည်မှာ အာရုံ၏ စိတ်၏ တရစ်ဝဲဝဲနေခြင်း ဖြစ်သည်။[1]

ဝီရိယ

ဝီရိယ ဆိုသည်မှာ အမှုကိစ္စတို့၌ စိတ်၏ အထအကြွ ပေါ့ပါးခြင်း ဖြစ်သည်။ သမ္မာဝါယာမ၊ မိစ္ဆာဝါယာမ နှစ်ပါးရှိ၏။[1]

ပီတိ

ပီတိ ဆိုသည်မှာ စိတ်၏ နှစ်သက်ခြင်း ဖြစ်သည်။ စိတ်လုံးကြီးထွားခြင်း ဖြစ်သည်။ စိတ်၏ ရွှင်လန်းတက်ကြွ တဟုန်တည်း မြောက်ကြွခြင်း ဖြစ်သည်။[1]

ဆန္ဒ

ဆန္ဒ ဆိုသည်မှာ အလိုရှိခြင်း ဖြစ်သည်။ သွားလိုသည်၊ လာလိုသည်၊ ပြောလိုသည် အစရှိသည်တို့ကို ဆိုလိုသည်။[1]

အဓိမောက္ခ

အဓိမောက္ခ ဆိုသည်မှာ အာရုံ၌ ကျွတ်လွတ်ခြင်း ဖြစ်သည်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သည်လိုလား ဟိုလိုလားဟူ၍ နှစ်ခွမရှိ၊ အငြိအတွယ်မှ စိတ်၏ ကျွတ်လွတ်ခြင်း ဖြစ်သည်။[1]

ကိုးကား

  1. လယ်တီဆရာတော် (၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ)။ လယ်တီဒီပနီပေါင်းချုပ် − ဝိပဿနာဒီပနီ။ တိုက် (၄)၊ အခန်း (၄၀၂)၊ ကျီတော်အိမ်ရာ၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ ရန်ကုန်မြို့: မိခင်ဧရာဝတီစာအုပ်တိုက်။ pp. ၃၂၊ ၃၃။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.