ဆဒ္ဒန်ဂူ

ဆဒ္ဒန်ဂူသည် မြန်မာနိုင်ငံကရင်ပြည်နယ်ဇွဲကပင်တောင်တန်း၏ တောင်ဘက်အကျဆုံး ဆဒ္ဒန်တောင်တွင် တည်ရှိသည်။ သံလွင်မြစ်၏ အရှေ့ဘက်ကမ်း ကော့ဝါးဆူးကျေးရွာအနီးတွင် တည်ရှိပြီး ဘားအံမြို့မှ မိုင်(၂၀)ခန့် အကွာတွင် တည်ရှိသည်။[1]

ဆဒ္ဒန်ဂူအဝင်ပေါက်နေရာ

ဆဒ္ဒန်ဂူသည် အရှေ့အနောက် ၁၀၇ မီတာ ရှည်လျားပြီး ၄၀ မီတာ ကျယ်ဝန်းသည်။ ဆဒ္ဒန်ဂူသည် နှစ်ဘက်ပွင့် တိုးလျှို ပေါက်ဂူဖြစ်ပြီး အဝင်ဝ ကျဉ်းမြောင်းကာ ကရင်ပြည်နယ်တွင် အရှည်လျားဆုံး ဂူဖြစ်သည်။ ဆဒ္ဒန်ဂူသည် မြေပြင်မှ ပေ(၃၀)ခန့် အမြင့်တွင်တည်ရှိပြီးလုံးဝန်းသော ပုံသဏ္ဌာန်ရှိ၍ ဒေသခံ များက ဆဒ္ဒန်ဂူဟု ခေါ်ကြသည်။ ဆဒ္ဒန်ဂူဘုရားပွဲတော်ကို နှစ်စဉ်သင်္ကြန်အတက်နေ့တွင် ကျင်းပသည်။[1]

ရုပ်ပုံများ

ကိုးကား

  1. ကရင်ပြည်နယ်၏ ဒေသန္တရ အချက်အလက်များ ကရင်ပြည်နယ်အစိုးရ။ 14 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ ဖေဖော်ဝါရီ ၂၁၀၇ တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.