ဆယ်ရီယမ်

ဆယ်ရီယမ် (Cerium)(Ce) သည် မီးခိုးရောင်ရှိ ပြော့ပြောင်းပြီး အလွယ်တကူ ကွေးညွှတ်နိုင်သော သတ္တု တစ်မျိုး ဖြစ်ပါသည်။ ပုံသွင်းရလွယ်ကူပြီး ခဲထက် အနည်းငယ်သာလျှင် မာကျော ပါသည်။ ၎င်း သတ္တုသည် ဓာတ်ပြုမှုအလွန် လွယ်ကူပါသည်။ လေထုထဲ၌ ရှိနေပါက အလွယ်အတကူ လျှင်မြန်စွာ အောက်ဆီဂျင်နှင့် ဓာတ်ပြုပြီး အမည်းရောင် အဖြစ်ပြောင်းသွားပါသည်။ ရေအေးထဲတွင် ထားပါက အောက်ဆီဂျင်နှင့် ဓာတ်ပြုနှုန်း နှေးပြီး ရေပူထဲတွင် ဓာတ်ပြုနှုန်း ပိုမြန်သည်။ ၎င်းသတ္တုသည် အက်ဆစ်များ ထဲတွင် ပျော်ဝင်နိုင်သည်။

ဆယ်ရီယမ်,  58Ce
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတဆယ်ရီယမ်, Ce
အသံထွက်/ˈsɪəriəm/
အဆင်းsilvery white
ဒြပ်စင်အလှည့်ကျဇယားရှိ ဆယ်ရီယမ်


Ce

Th
လန်သနမ်ဆယ်ရီယမ်ပရာဆီယိုဒိုင်ယမ်
အက်တမ် အမှတ်စဉ် (Z)58
အုပ်စုဘလော့group n/a, f-block
ဒြပ်စင်အလှည့်ကျဇယားperiod 6
ဒြပ်စင် ကဏ္ဍ  lanthanide
စံ အက်တောမစ် အလေးချိန် (±) (Ar)140.116(1)[1]
အီလက်ထရွန် ပြုပြင်မှု[Xe] 4f1 5d1 6s2[2]
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 19, 9, 2
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်1068 K (795 °C, 1463 °F)
အရည်ဆူမှတ်3716 K (3443 °C, 6229 °F)
သိပ်သည်းမှု (အခန်းအပူချိန်)6.770 g/cm3
6.55 g/cm3
ဖျူးရှင်းအပူ5.46 kJ/mol
အငွေ့ပျံခြင်း အပူ398 kJ/mol
မိုလာ အပူအင်အား26.94 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 1992 2194 2442 2754 3159 3705
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ4, 3, 2, 1 (a mildly basic oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.12
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 534.4 kJ/mol
2nd: 1050 kJ/mol
3rd: 1949 kJ/mol
(more)
အက်တောမစ် အချင်းဝက်empirical: 181.8 pm
ကိုဗေးလန့်အချင်းဝက်204±9 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ double hexagonal close-packed (dhcp)

β-Ce
ပုံဆောင်ခဲ ဖွဲ့စည်းပုံ face-centred cubic (fcc)

γ-Ce
အသံ၏အမြန်နှုန်း 2100 m/s (at 20 °C)
အပူ ပြန့်ကားမှုγ, poly: 6.3 µm/(m·K) (at r.t.)
အပူစီးကူးမှု11.3 W/(m·K)
လျှပ်စစ် ခုခံမှုβ, poly: 828 nΩ·m (at r.t.)
သံလိုက်ဓာတ်paramagnetic[3]
သံလိုက် ထိတွေ့နိုင်မှု (χmol)(β) +2450.0·10−6 cm3/mol (293 K)[4]
Young's modulusγ form: 33.6 GPa
Shear modulusγ form: 13.5 GPa
Bulk modulusγ form: 21.5 GPa
ပိုင်ဆွန် အချိုးγ form: 0.24
Mohs hardness2.5
Vickers hardness210–470 MPa
Brinell hardness186–412 MPa
CAS Number7440-45-1
သမိုင်းကြောင်း
အမည်တပ်ခြင်းafter dwarf planet Ceres, itself named after Roman deity of agriculture Ceres
ရှာဖွေတွေ့ရှိမှုMartin Heinrich Klaproth, Jöns Jakob Berzelius, Wilhelm Hisinger (၁၈၀၃)
ပထမဆုံး ခွဲထုတ်မှုCarl Gustaf Mosander (၁၈၃၈)
Most stable isotopes of ဆယ်ရီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
134Ce syn 3.16 d ε 0.500 134La
136Ce 0.186% is stable with 78 neutrons
138Ce 0.251% is stable with 80 neutrons
139Ce syn 137.640 d ε 0.278 139La
140Ce 88.449% is stable with 82 neutrons
141Ce syn 32.501 d β 0.581 141Pr
142Ce 11.114% is stable with 84 neutrons
143Ce syn 33.039 d β 1.462 143Pr
144Ce syn 284.893 d β 0.319 144Pr

အသုံးပြုခြင်း

ဆယ်ရီယမ်(Cerium) ကို arc lamps ခေါ် မီးချောင်းတွေရဲ့ အလင်းရောင် ဖြာထွက်ဖို့ အတွက် ကာဗွန် လျှပ်ခေါင်းများတွင် အတွင်း အူတိုင် ချောင်းအဖြစ် အသုံးပြုပါသည်။ ဆယ်ရီယမ်(Cerium) ကို အလူမီနီယမ် နှင့် သံသတ္တု စပ်များတွင် သံလိုက် ဖြစ်ဖို့အတွက် အသုံးပြုပါသည်။ နောက်ထပ် သံမဏိ များတွင် မာကြောပြီး အကြမ်းခံဖို့ အတွက် အကူပစ္စည်း အဖြစ် အသုံးပြုပါသည်။ ဆယ်ရီယမ်(Cerium) အောက်ဆိုဒ် ကို စက်များ၏ မီးခိုးထွက်ပိုက်များကို သန့်စင်ရာတွင် အသုံးပြုသော ဓာတ်ကူပစ္စည်း များတွင်ထည့်သွင်း အသုံးပြုပါသည်။ ပြီးတော့ နိုက်ဒြို ဂျင် အောက်ဆိုဒ် ကို နိုက်ဒြိုဂျင် ဓာတ်ငွေ့ အဖြစ် ဓာတ်လျှော့ ရန်အတွက် ဓာတ်ကူပစ္စည်း အဖြစ်လည်း အသုံးပြုပါသည်။ ယခု လက်ရှိ နောက်ထုတ် အားလုံးသော မော်တော်ကားများတွင် အင်ဂျင်မှ ထွက်သည့် အဆိပ် အတောက် ဖြစ်စေသော ဓာတ်ငွေ့ ပမာဏ ကိုလျှော့ချပေး စေရန်အတွက် catalytic converters များကိုအသုံးပြုသည်။ ၎င်း Converter များတွင် ကြွေထည်ပစ္စည်း သို့မဟုတ် ဆယ်ရီယမ်(Cerium) အောက်ဆိုဒ် နှင့် အဆိပ်အတောက် ဖြစ်စေသည့် အညစ်အကြေးများကို ထိန်းသိမ်းထား နိုင်သော Platinum သို့မဟုတ် Rhodium သတ္တု အလွှာပါးများဖြင့် ဖုံးအုပ်ထားပါသည်။ ကုန်စည် သေတ္တာများ၊ အရုပ်များ၊ အိမ်းသုံးပစ္စည်းများ နှင့် ဖာသေတ္တာများတွင် အနီရောင် ဆိုးဆေး အတွက် အသုံးပြုသော Cadmium သည် သဘာဝ ပတ်ဝန်းကျင်မှ အလိုမရှိသော သတ္တုပစ္စည်း အဖြစ် သတ်မှတ်ထားသည့် အတွက် ၎င်းအစား Cerium Sulphide (Ce2S3) ကို အသုံးပြုနိုင်ပါသည်။ ဆယ်ရီယမ်(Cerium)၏ အခြားသော အသုံးပြုမှုများမှာ Flat Screen Television များတွင် စွမ်းအင် သက်သာသော မီးလုံးများ အဖြစ်လည်းကောင်း၊ Chromium ပြားများတွင် magnetic optic CD ပြားများ အဖြစ် လည်းကောင်း အသုံးပြုပါသည်။ ယ္ခု လက်ရှိအခြေအနေတွင် Ce သည် ဓာတ်ကူ ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးဝင်မှုနှင့် ဖန်ထည်များကို ပိုမို တောက်ပြောင်လာအောင် စွမ်းဆောင်နိုင်မှု တို့ကြောင့် အသုံးပြုမှု ပိုမိုများပြားလာပါသည်။

Cerium(IV) sulfate

သဘာဝတွင်တွေ့ရှိရမှုအခြေအနေ

ဆယ်ရီယမ်(Cerium) သည် ရှားပါးဒြပ်စင် များထဲတွင် မှ အပေါများဆုံး ဒြပ်စင်တစ်ခု ဖြစ်ပါသည်။ ၎င်းဒြပ်စင်သည် အလေးချိန်အားဖြင့် ကမ္ဘာ့ မျက်နှာပြင်လွှာ၏ ၀.၀၀၄၆% ထိရှိပါသည်။ အဓိက အားဖြင့် ဆယ်ရီယမ်(Cerium) သည် Lanthanide သတ္တုရိုင်းများတွင် အများဆုံး ရရှိပြီး တစ်ချို့ကို perovskite( yellow, brown, or black mineral consisting largely of calcium titanate), နှင့် အလားအလာ ရှိသော အရင်းအမြစ်များ ဖြစ်လာနိုင်သော titanium mineral and allanite တို့မှရရှိပါသည်။ ကမ္ဘာ့ ဆယ်ရီယမ်(Cerium) ထုတ်လုပ်မှု ပမာဏ သည် တစ်နှစ်လျှင် ၂၃ တန် ရှိပါသည်။ သို့သော် ၎င်း ပမာဏသည် ယ္ခုချိန်တွင် ပိုမိုသုံးစွဲလာကြသော ပမာဏ နှင့် တူညီနေပါသည်။

Allanite

ကျန်းမာရေးဆိုင်ရာသက်ရောက်မှု

ဆယ်ရီယမ်(Cerium) သည် အိမ်သုံးပစ္စည်းများ ဖြစ်သည့် ရောင်စုံ ရုပ်မြင်သံကြားပြစက်များ အလင်းဖျာထွက်သော ဖန်မီးချောင်းများ စွမ်းအင်သက်သာသော မီးလုံးများ နှင့် ဖန်ထည်များတွင် အသုံးပြုနေသော ရှားပါး ဓာတုပစ္စည်း တစ်ခုဖြစ်ပါသည်။ အားလုံးသော ရှားပါး ဓာတုဒြပ်စင် များတွင် ကွဲပြားသော ဂုဏ်သတ္တိများ ရှိကြပါသည်။ ဆယ်ရီယမ်(Cerium)ကို လူ့ပတ်ဝန်းကျင်တွင် အသုံးပြုရာ၌ ပတ်ဝန်းကျင်ကို စိုထိုင်းစေပြီး ၎င်းဓာတ်ငွေ့သည် လေနှင့်အတူ ပေါင်းစပ် ရှုရှိုက် မိနိုင်သောကြောင့် အတော်လေး အန္တရာယ်ရှိပါသည်။ ရှုရှိုက်မိသောအခါတွင် လူခန္ဓာကိုယ်ရှိ အဆုတ်ကို အန္တရာယ်ပြုပြီး သွေးကြောတွေကို ပိတ်သွားစေပါသည်။ အထူးသဖြင့် ကြာရှည်စွာ ရှုရှိုက်မိချိန်များတွင် ပိုမိုပြင်းထန်စွာ ဖြစ်စေပါသည်။Ce ဒြပ်စင်များသည် လူ့ခန္ဓာကိုယ်ထဲ၌ များစွာ စုမိလာသည့်အခါ အသည်းကို အန္တရာယ် ပေးပါသည်။ Ce ကို ဇီဝဗေဒဆိုင်ရာ ကဏ္ဍ အတွက် မရှိသေးသော်လည်း ဆယ်ရီယမ်(Cerium)ဆားများသည် လူ့ခန္ဓာကိုယ် အတွင် ဖြစ်ပျက်နေသည့် ဇီဝ ဖြစ်ပျက်မှုကို လှုံဆော်ကူညီ ပေးနိုင်ပါသည်။

ပတ်ဝန်းကျင်သက်ရောက်မှု

ဆယ်ရီယမ်သည် ပတ်ဝန်းကျင် နေရာအမျိုးမျိုးတွင် စုနေတတ်ပြီး အဓိကအားဖြင့် လောင်စာဆီ ထုတ်လုပ်သော စက်ရုံများတွင် တွေ့ရှိရပါသည်။ ထို့ပြင် အိမ်သုံးပစ္စည်းများ စွန့်ပစ်သည့် ပတ်ဝန်းကျင်တွင်လည်း တွေ့ရှိနိုင်ပါသည်။ ဆယ်ရီယမ်(Cerium)သည် ကုန်တွင်းနှင့် ရေအောက်ပိုင်း မြေဆီလွှာများတွင် ဖြည်းဖြည်းချင်း စုပုံနေပြီး ၎င်းမှတစ်ဆင့် လူ၊ တိရိစ္ဆာန်နှင့် သဘာဝမြေဆီများတွင် ပါဝင်မှု တိုးပွားလာပါသည်။ မျိုးပွားမှုနှင့် အာရုံကြော စနစ် လုပ်ဆောင်မှုအပေါ်ကို ပျက်စီးစေသည့် သက်ရောက်မှုရှိသော ရေသတ္တဝါများ၏ ဆဲလ်အမြှေးပါးများကို ဆယ်ရီယမ်(Cerium) က ပျက်စီးစေပါသည်။ Catalytic Converter များတွင် Ce ကိုအသုံးပြုခြင်းဖြင့် မြို့၏ ညစ်ညမ်းသော လေထုညစ်ညမ်းမှုကို ဖြေညှင်းစွာ ဖြစ်ပေါ်စေပါသည်။ ဒီဇယ် စက်များ၏ ညစ်ညမ်းမှုကို လျော့ကျစေပါသည်။ ဒီဇယ် စက်များသည် မြောက်များစွာသော ဓာတ်ပစ္စည်းများနှင့် ကာဗွန်တို့ကို ထုတ်လွှတ်ပါသည်။ ၎င်း ဓာတ်ပစ္စည်းများကို သန့်စင်ရန် နည်းလမ်းတစ်ခုမှာ ကြွေထည်ဖြင့် ပြုလုပ်ထားသော ဇကာစစ် များသုံး၍ လောင်ကျွမ်းပျောက်ကွယ် စေသောနည်း ဖြစ်ပါသည်။ နောက်ထပ် နည်းလမ်းတစ်ခုမှာ ဆယ်ရီယမ်(Cerium)အောက်ဆိုဒ် အနည်းငယ်ကို လောင်စာထဲသို့ ပေါင်းထည့်ထားပါက ၎င်း အောက်ဆိုဒ်သည် မြောက်များစွာသော ဓာတ်ပစ္စည်းများ လောင်ကျွမ်းမှုကို ဓာတ်လျှော့လိုက်ပြီး ကျန်သည်များကို ဖယ်ထုတ်ခြင်းဖြင့် လေထုညစ်ညမ်းမှုကို လျော့ကျစေပါသည်။

ကိုးကား

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Ground levels and ionization energies for the neutral atoms, NIST
  3. Lide, D. R., ed. (2005)။ "Magnetic susceptibility of the elements and inorganic compounds"။ CRC Handbook of Chemistry and Physics (PDF) (86th ed.)။ Boca Raton (FL): CRC Press။ ISBN 0-8493-0486-5
  4. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.