လန်သနမ်

လန်သနမ် (အင်္ဂလိပ်: Lanthanum) သည် ပျော့ပျောင်း၍ အလွယ်တကူ ပုံသွင်းနိုင်သော၊ ကွေးနိုင်ညွတ်နိုင်သော၊ ငွေဖြူရောင်ရှိသော သတ္ထုတစ်မျိုးဖြစ်သည်။ ၎င်းသည် ရှားပါးသော ရေဒီယိုသတ္တိကြွ ဒြပ်စင်များထဲတွင် ထူးခြားပြီး၊ ဓာတ်ပြုနိုင်စွမ်းအား ကောင်းသော ဒြပ်စင်တစ်မျိုးဖြစ်သည်။ ၎င်းသည် လေထဲ၌ အောက်စီဂျင်နှင့် လျှင်မြန်စွာဓာတ်ပြုနိုင်ပြီး၊ ရေနှင့်အတူဓာတ်ပြု၍ Hydroxides ဖြစ်ပေါ်စေသည်။ လန်သနမ်သည် လွယ်ကူစွာ မီးလောင် နိုင်သော်လည်း ဆားအဖြစ် ပျော်ဝင်နိုင်စွမ်းမရှိပါ။

လန်သနမ်,  57La
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတလန်သနမ်, La
အသံထွက်/ˈlænθənəm/
အဆင်းsilvery white
ဒြပ်စင်အလှည့်ကျဇယားရှိ လန်သနမ်
Y

La

Ac
ဘယ်ရီယမ်လန်သနမ်ဆယ်ရီယမ်
အက်တမ် အမှတ်စဉ် (Z)57
အုပ်စုဘလော့group n/a, f-block
ဒြပ်စင်အလှည့်ကျဇယားperiod 6
ဒြပ်စင် ကဏ္ဍ  lanthanide, sometimes considered a transition metal
စံ အက်တောမစ် အလေးချိန် (±) (Ar)138.90547(7)[1]
အီလက်ထရွန် ပြုပြင်မှု[Xe] 5d1 6s2
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 18, 9, 2
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်1193 K (920 °C, 1688 °F)
အရည်ဆူမှတ်3737 K (3464 °C, 6267 °F)
သိပ်သည်းမှု (အခန်းအပူချိန်)6.162 g/cm3
5.94 g/cm3
ဖျူးရှင်းအပူ6.20 kJ/mol
အငွေ့ပျံခြင်း အပူ400 kJ/mol
မိုလာ အပူအင်အား27.11 J/(mol·K)
ငွေ့ရည်ဖိအား (extrapolated)
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 2005 2208 2458 2772 3178 3726
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ3, 2, 1 (a strongly base oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.10
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 538.1 kJ/mol
2nd: 1067 kJ/mol
3rd: 1850.3 kJ/mol
အက်တောမစ် အချင်းဝက်empirical: 187 pm
ကိုဗေးလန့်အချင်းဝက်207±8 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ double hexagonal close-packed (dhcp)
အသံ၏အမြန်နှုန်း 2475 m/s (at 20 °C)
အပူ ပြန့်ကားမှုα, poly: 12.1 µm/(m·K) (at r.t.)
အပူစီးကူးမှု13.4 W/(m·K)
လျှပ်စစ် ခုခံမှုα, poly: 615 nΩ·m (at r.t.)
သံလိုက်ဓာတ်paramagnetic[2]
သံလိုက် ထိတွေ့နိုင်မှု (χmol)+118.0·10−6 cm3/mol (298 K)[3]
Young's modulusα form: 36.6 GPa
Shear modulusα form: 14.3 GPa
Bulk modulusα form: 27.9 GPa
ပိုင်ဆွန် အချိုးα form: 0.280
Mohs hardness2.5
Vickers hardness360–1750 MPa
Brinell hardness350–400 MPa
CAS Number7439-91-0
သမိုင်းကြောင်း
ရှာဖွေတွေ့ရှိမှုCarl Gustaf Mosander (1838)
Most stable isotopes of လန်သနမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
137La syn 6×104 y ε 0.600 137Ba
138La 0.089% 1.05×1011 y ε 1.737 138Ba
β 1.044 138Ce
139La 99.911% is stable with 82 neutrons

အသုံးပြုခြင်း

လန်သနမ်သည် ရှားပါးသော ဒြပ်စင်တစ်မျိုးဖြစ်သည်။ ၎င်းကို အခါအားလျော်စွာ အိမ်သုံးပစ္စည်းကိရိယာများ အနေဖြင့် တွေ့ရှိနိုင်သည်။ ဥပမာအားဖြင့် ရောင်စုံရုပ်မြင်သံကြားစက်များ၊ အလင်းပေးနိုင်သောမီးချောင်းများ၊ ဓာတ်အားထိန်းနိုင်သော မီးချောင်းများ စသည်တို့တွင် အသုံးပြုသည်။ ရှားပါးသောဒြပ်စင်များထဲ၌ ထူးခြားသောဂုဏ်သတ္တိများရှိသော ဒြပ်စင်လည်းဖြစ်သည်။ La2O2 အား အထူးအမြင်အား ကောင်းသော မျက်မှန်များ (အနီအောက်ရောင်ခြည် စုပ်ယူနိုင်သော မျက်မှန်များ၊ ကင်မရာများ နှင့် အဝေးကြည့် မှန်ဘီလူးများ) ပြုလုပ်ရာတွင် အသုံးပြုပါသည်။ အကယ်၍ ပြင်းအားကောင်းသော သံမဏိအနည်းငယ် ထည့်ပေါင်းလိုက်မည်ဆိုပါက အလွယ်တကူ ပုံသွင်း၍ ရသော ဂုဏ်သတ္တိတစ်မျိုးကို ရရှိစေနိုင်ပါသည်။ လန်သနမ်ကို အဓိကကျသော လျှပ်ခေါင်း(electrodes) ပြုလုပ်ရာ ကာဗွန်များထဲတွင် ဗဟိုချက်အနေဖြင့် အသုံးပြုပါသည်။ လန်သနမ်ဆားသည် zeolite ဓာတ်ကူပစ္စည်းအမျိုးအစားတွင် ပါဝင်ပြီး၊ ၎င်းဓာတ်ကူပစ္စည်းသည် မြင့်မားသော အပူချိန်တွင်ပင် တည်ငြိမ်စွာ တည်ရှိသောကြောင့် ရေနံချက် လုပ်ငန်းများတွင် အသုံးပြုကြသည်။

သဘာဝတွင် တွေ့ရှိမှုအခြေအနေ

လန်သနမ်သည် သဘာဝပတ်ဝန်းကျင်ထဲ၌ ပမာဏအနည်းငယ်သာ ရှားရှားပါးပါးတွေ့ရှိရသော ဒြပ်စင်ဖြစ်ပါသည်။ အများအားဖြင့် သတ္ထုရိုင်း၂မျိုး အနေဖြင့်သာ တွေ့ရှိနိုင်ပါသည်။ Lanthanum Oxide အားတစ်ကမ္ဘာလုံးတွင် တစ်နှစ်လျှင် ၁၂ တန်ခန့် ထုတ်လုပ်နိုင်ပြီး၊ အရန်အနေဖြင့် မက်ထရစ်တန် ၆ သန်းနီးပါးခန့် ရှိသည်။ ဖန်ထည်၊ မှန်ထည်များအား အရောင် ပြောင်လက်စေရန်နှင့်၊ ဓာတ်ကူပစ္စည်းများ အဖြစ် အသုံးပြုရန်အတွက် အမှန်တကယ်လုံလောက်စွာ ထုတ်လုပ်ရမည် ဖြစ်သောကြောင့် လန်သနမ် အသုံးပြုမှုမှာ မြင့်မားနေဆဲဖြစ်ပါသည်။

လန်သနမ်ပါဝင်သော မိုနဇိုက်သတ္တုကျောက်ရိုင်း

ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ

လေထုစိုထိုင်းမှုနှင့်အတူ ၎င်းဓာတ်ငွေ့များကို လေနှင့်အတူ ရှူသွင်းမိစေနိုင်သောကြောင့် အသုံးချမှုဆိုင်ရာ လူမှုပတ်ဝန်းကျင်ထဲ၌ လန်သနမ်သည် အန္တရာယ်ရှိစေသော ဒြပ်စင်ဖြစ်ပါသည်။ အထူးသဖြင့် ၎င်းကိုအချိန်တော်ကြာ ရှူရှိုက်မိလာသည်နှင့်အမျှ အဆုတ်ကင်ဆာရောဂါ အထိ ဖြစ်ပွါးနိုင်သည်။ လူ၏ ခန္ခာကိုယ်ထဲသို့ ဝင်ရောက်မှုများပြားလာပါကလည်း အသည်းရောဂါကိုပင် ဖြစ်စေနိုင်ပါသည်။

ပူနေသော လျှက်ငုတ်ချောင်း

ပတ်ဝန်းကျင်သို့ သက်ရောက်မှုများ

လန်သနမ်(Lanthanum)အများစုသည် ရေနံထုတ်လုပ်ရာ စက်မှုပတ်ဝန်းကျင်နေရာများတွင် အဓိကအားဖြင့်စုပုံမိကြသည်။ လန်သနမ်ပါဝင်သော ပစ္စည်းကိရိယားများအား စွန့်ပစ်ကြသော အခါတွင်လည်း လန်သနမ်သည် လူ့ပတ်ဝန်းကျင်ထဲသို့ ပြန်၍ဝင်လာနိုင်ပါသည်။ ထို့ကြောင့် လန်သနမ်(Lanthanum)သည် ကမ္ဘာ့အပေါ်ယံမြေဆီလွှာနှင့် ရေအောက်လွှာထဲတွင် တစ်စထက်တစ်စ တဖြည်းဖြည်းစုပုံမိလာကြသည်။ ရေနှင့်အတူပါလာသော လန်သနမ်သည် ရေသတ္တဝါများ၏ ကလက်စီးဆဲလ်များနှင့် အမှေးပါးများပျက်စီးမှုကို ဖြစ်ပေါ်စေသည်။ ၎င်းသည် အာရုံကြောဖွဲစည်းမှုအပိုင်းနှင့် မျိုးပွားခြင်းတို့အပေါ်တွင် ထိခိုက်မှုရှိစေနိုင်ပါသည်။ လန်သနမ်သည် ကြွက်သားများ ထဲတွင်လွယ်ကူခိုင်မြဲစွာ ခိုအောင်းနေနိုင်ပါသည်။

ကိုးကား

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Lide, D. R., ed. (2005)။ "Magnetic susceptibility of the elements and inorganic compounds"။ CRC Handbook of Chemistry and Physics (PDF) (86th ed.)။ Boca Raton (FL): CRC Press။ ISBN 0-8493-0486-5
  3. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.