အက်တီနီယမ်

အက်တီနီယမ် (အင်္ဂလိပ်: Actinium) ဒြပ်စင်သည် ငွေရောင် ရေဒီယိုသတ္တိကြွ ဒြပ်စင်တစ်ခု ဖြစ်ပါသည်။ အနက်ရောင်များ ပါဝင်ပြီး ကြီးမားသော ရေဒီယို သတ္တိကြွခြင်း နှင့်အတူ အပြာရောင် အလင်းတန်းများ အသွင် တောက်ပနေသော ဒြပ်စင်ဖြစ်ပါသည်။ Actinium ဒြပ်စင်အား ၁၈၉၉ ခုနှစ်တွင် ပြင်သစ် ဓါတုဗေဒ ပညာရှင် André-Louis Debierne ဆိုသူမှ စတင်ရှာဖွေ တွေ့ရှိခဲ့ပါသည်။ ၁၉၀၂ ခုနှစ် တွင် Friedrich Otto Giesel က ထပ်မံ အသေးစိတ်ရှာဖွေ လေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။ Actinium ၏ ဓာတုဗေဒနှင့်ပတ်သက်သော ဂုဏ်သတ္တိ အချက် အလက်များသည် ရှားပါးဒြပ်စင် lanthanum နှင့် ဆင်တူပါသည်။ Actinium ဟူသော အမည်သည် ဂရိဘာသာစကား aktinos မှ ဆင်းသက်လာပြီး အဓိပ္ပါယ် အားဖြင့် ရောင်ခြည်တန်း သို့မဟုတ် ရောင်ခြည်ဟု သတ်မှတ်နိုင်ပါသည်။

အက်တီနီယမ်,  89Ac
ဖိုင်:Actinium.jpg
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတအက်တီနီယမ်, Ac
အသံထွက်/ækˈtɪniəm/
ak-TIN-nee-əm
အဆင်းsilvery-white, glowing with an eerie blue light;[1] sometimes with a golden cast[2]
ဒြပ်စင်အလှည့်ကျဇယားရှိ အက်တီနီယမ်
La

Ac

(Ubu)
ရေဒီယမ်အက်တီနီယမ်သိုရီယမ်
အက်တမ် အမှတ်စဉ် (Z)89
အုပ်စုဘလော့group n/a, f-block
ဒြပ်စင်အလှည့်ကျဇယားperiod 7
ဒြပ်စင် ကဏ္ဍ  actinide, sometimes considered a transition metal
စံ အက်တောမစ် အလေးချိန် (Ar)(227)
အီလက်ထရွန် ပြုပြင်မှု[Rn] 6d1 7s2
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 32, 18, 9, 2
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်1500 K (1227 °C, 2240 °F) (estimated)[2]
အရည်ဆူမှတ်3500±300 K (3200±300 °C, 5800±500 °F) (extrapolated)[2]
သိပ်သည်းမှု (အခန်းအပူချိန်)10 g/cm3
ဖျူးရှင်းအပူ14 kJ/mol
အငွေ့ပျံခြင်း အပူ400 kJ/mol
မိုလာ အပူအင်အား27.2 J/(mol·K)
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ3, 2 (a neutral oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.1
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 499 kJ/mol
2nd: 1170 kJ/mol
3rd: 1900 kJ/mol
(more)
ကိုဗေးလန့်အချင်းဝက်215 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ face-centered cubic (fcc)
အပူစီးကူးမှု12 W/(m·K)
CAS Number7440-34-8
သမိုင်းကြောင်း
ရှာဖွေတွေ့ရှိမှုနှင့် ပထမဆုံးခွဲထုတ်ခြင်းFriedrich Oskar Giesel (1902)
အမည်တပ် ခဲ့André-Louis Debierne (1899)
Most stable isotopes of အက်တီနီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
225Ac trace 10 d α 5.935 221Fr
226Ac syn 29.37 h β 1.117 226Th
ε 0.640 226Ra
α 5.536 222Fr
227Ac trace 21.772 y β 0.045 227Th
α 5.042 223Fr

အသုံးပြုခြင်း

Actinium သည် ရေဒီယို သတ္တိကြွမှု မြင့်မားသဖြင့် စက်မှုလုပ်ငန်းများတွင် အသုံးမပြုနိုင်ပေ။ ဆေးဝါး ထုတ်လုပ်ခြင်း လုပ်ငန်းများတွင် Actinium-225 ကို အပူစွမ်းအင် ရရှိစေရန် တွဲဖက် အသုံးပြုပါသည်။ အထူးသဖြင့် radioimmunotherapy ကုထုံးများတွင် များစွာ အသုံးဝင်ပါသည်။

သဘာဝမှာတွေ့ရှိမှုအခြေအနေ

Actinium အား ယူရေနီယမ် သတ္ထုရိုင်းများ ထဲတွင် အနည်းငယ် တွေ့ရှိရပါသည်။ α- ray နှင့် β – ray များ ထုတ်လွှတ်ပြီး တည်ရှိမှု သက်တမ်းသည် ၂၁.၇၇၃ နှစ်ခန့် ရှိပါသည်။ Uranium သတ္ထုရိုင်း ၁ တန်တွင် actinium ၁၀ ဂရမ်ခန့် ပါဝင်ပါသည်။ Actinium ကို Uranium သတ္ထုရိုင်းများ ထဲတွင် အနည်းငယ် တွေ့ရှိရသော်လည်း အဏုမြူ ဓာတ်ပေါင်းဖိုများတွင် 226-Ra ၏ နျူထရွန် ကွဲထွက်ခြင်းမှာ မီလီဂရမ် အနည်းငယ်မျှ ရှိသည် ဟုသာ ဖော်ပြကြပါသည်။ Actinium ၏ အိုင်ဆိုတုပ် တစ်ခုဖြစ်သော Ac-227 ကို သဘာဝတွင် အများအပြား တွေ့ရှိရပါသည်။ Ac-227 (သက်တမ်း ၂၁.၇၇၃ နှစ် )၊ Ac-225 (သက်တမ်း ၁၀ ရက်)၊ Ac-226 (၂၉.၃၇ နာရီ)၊ အစရှိသော အိုင်ဆိုတုပ်များ ကိုလည်း တွေ့ရှိရပါသည်။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ

ရေဒီယို သတ္တိကြွသော Actinium-227 မှ ထုတ်လွှတ်သော ရောင်ခြည်များသည် ကျန်းမာရေးကို များစွာ ထိခိုက်စေပါသည်။ Actinium-227 သည် plutonium ကဲ့သို့ အန္တရာယ်ပေးနိုင်သော ဒြပ်စင်တစ်ခုဖြစ်ပါသည်။ Actinium မှ ထုတ်လွှတ်သော ရောင်ခြည်များကြောင့် မျိုးရိုးဗီဇဆိုင်ရာ ဆဲလ်များ ပျက်စီးစေ နိုင်ပါသည်။ ၎င်း ဒြပ်စင်သည် ခန္ဓာကိုယ်အတွင်း ကြာရှည်စွာ ခိုအောင်းနေနိုင်ပြီး အခြားဆဲလ်များအား ဓာတ်ရောင်ခြည် သင့်စေကာ အမျိုးမျိုးသော ကင်ဆာ ရောဂါများကို ဖြစ်ပွား စေနိုင်ပါသည်။

ပတ်ဝန်းကျင်သို့ သက်ရောက်မှုများ

ရေဒီယို သတ္တိကြွစေသော အညစ် ကြေးများ စွန့်ပစ်ခြင်း နှင့်အမှတ်မထင် စွန့်ထုတ်မိခြင်း တို့ကြောင့် ရေထု၊ လေထု နှင့် မြေထုထဲသို့ Actinium-227 များ ရောက်ရှိ နိုင်ပါသည်။ ထို့သို့ ရောက်ရှိခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ ရှိစေနိုင်ပါသည်။

ကိုးကား

  1. Wall, Greg (8 September 2003)။ C&EN: It's Elemental: The Periodic Table - Actinium C&EN: It's Elemental: The Periodic Table Chemical and Engineering News။ 2 June 2011 တွင် ပြန်စစ်ပြီး။
  2. Kirby၊ Harold W.; Morss၊ Lester R. (2006)။ "Actinium"။ The Chemistry of the Actinide and Transactinide Elements။ p. 18။ doi:10.1007/1-4020-3598-5_2ISBN 978-1-4020-3555-5
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.