ဆရာ
ဆရာ သို့မဟုတ် သင်ပြပေးသူ ဆိုသည်မှာ တပည့်များအား ပညာသင်ကြားပေးသော ပုဂ္ဂိုလ် ဖြစ်သည်။ "ဆာယာ" ဟူသော ပါဠိသက် ဝေါဟာရမှ လာခြင်းဖြစ်သည်။ ဆာယာသည် "အေးရိပ်"ဖြစ်သည်။ တပည့်များ နားခိုစေရန် အေးမြသောအရိပ်ကို ပေးစွမ်းနိုင်သောကြောင့် ဆရာဟု ခေါ်သည်။ ဆရာသည် "ဆ" နှင့် "ရာ" ဟူသော စကားနှစ်လုံး ပေါင်းစပ်ထားခြင်းဖြစ်သည်။ "ဆ"သည် နှိုင်းဆခြင်း၊ ချိန်ဆခြင်းဖြစ်၍ "ရာ"မှာ ရာဖြတ်ခြင်း၊ အကဲဖြတ်ခြင်း၊ တန်ဖိုးဖြတ်ခြင်း သဘောဖြစ်သည်။ ထို့ကြောင့် တပည့်တို့အား ချင့်ချိန်နှိုင်းဆ အကဲဖြတ်ပေးတတ်သူဟု အဓိပ္ပာယ်ရသည်။
ဆရာ့ဂုဏ်
"ရှေးရှုမေတ္တာ၊ ကရုဏာနှင့်
နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း
ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ
ဆရာဟူလော့"
(မဃဒေဝလင်္ကာ)
ဆရာသည် တောင်အရပ်
ဆရာသမားတို့သည် မြတ်သောပူဇော်မှုကို ခံယူထိုက်သောကြောင့် ဒဏ္ခိဏာဒိသာ(တောင်အရပ်) မည်၏။ (သင်္ဂဇာဆရာတော်)
ဆရာ့ဝတ် ငါးပါး
"အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန်၊ ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့၊ ဆရာတို့
ကျင့်ဖို့ ဝတ်ငါးဖြာ"
(သင်္ဂဇာဆရာတော်)
အာစရိယမျိုးငါးပါး
- (၁) ပဗ္ဗဇ္ဖာစရိယ = ဥပဇ္ဈယ်ဆရာ။
- (၂) သပသမ္ပဒါစရိယ = ကံဆောင်ပေးသောဆရာ။
- (၃) နဿယာစရိယ = နိဿရည်းပေးသောဆရာ။
- (၄) ဥဒ္ဒေသာစရိယ = စာသင်ပေးသောဆရာ။
- (၅) ဩဝါဒါစရိယ = ဆိုဆုံးမပေးသောဆရာ။[1]
ကိုးကား
- သုခမှတ်စု
ပြင်ပလင့်ခ်များ
ဝစ်ရှင်နရီ၊ အခမဲ့အဘိဓာန်တွင် ဆရာ ကို ရှာဖွေကြည့်ရှုပါ။ |
Wikimedia Commons ရှိ သင်ကြားခြင်း နှင့်ပတ်သက်သော မီဒီယာများ