ဆိုက်ဘေးရီးယားကတိုးကောင်

ဆိုက်ဘေးရီးယားကတိုးကောင် (Siberian Musk Deer)ကို အာရှတိုက်အရှေ့မြောက်ဘက်ရှိ တောင်ပေါ်တောအုပ်များတွင်တွေ့ရသော ကတိုးကောင်တစ်မျိုး ဖြစ်လေသည်။ သိပ္ပံအမည်မှာ မော့စ်ချက်စ် မော်ချီဖားရက်စ် ဖြစ်သည်။ ယင်းတို့ကို ဆိုက်ဘေးရီးယား တောင်ပိုင်းရှိ အဖျားချွန်သောအရွက်များရှိသည့်အပင်များပေါက်သောတောအုပ်များတွင် တွေ့ရလေသည်။ သို့သော်လည်း ယင်းတို့ကို မွန်ဂိုလီးယားအတွင်းမွန်ဂိုလီးယားမန်ချူးရီးယား (တရုတ်ပြည်အရှေ့မြောက်ပိုင်း) နှင့် ကိုရီးယားကျွန်းဆွယ်တို့၏ အစိတ်အပိုင်းတချို့တွင်လည်း တွေ့ရလေသည်။ အချိန်တွင်သာ အများဆုံးကျက်စားတတ်လေသည်။ ရာသီအလိုက် ခရီးတိုများ ရွှေ့ပြောင်း ကျက်စားတတ်သည်။ မီတာ၂၆၀ဝအထက် မြင့်သောအရပ်တွင်သာ ကျက်စားသည်။ အရွယ်ရောက်ပြီးသော ကတိုးကောင်များသည် သေးငယ်ပြီး ကိုယ်အလေးချိန်သည် ၇ မှ ၁၇ ကီလိုဂရမ်သာ လေးလေသည်။

ဆိုက်ဘေးရီးယားကတိုးကောင်ကို အိုင်ယူစီအန်က မျိုးပြုန်းတီးနိုင်သည့်မျိုးစိတ်အဖြစ် သတ်မှတ်ထားလေသည်။ ယင်းတို့ ၏ ကတိုးကျိတ်ကိုအလိုရှိမှုကြောင့် အမဲလိုက်ခံကြရသည်။ ကတိုးသည် တစ်ကီလိုဂရမ်လျှင် ဒေါ်လာ ၄၅၀ဝ၀ တန်လေ သည်။ အရွယ်ရောက်ပြီးသောအဖိုတစ်ကောင်ထံမှ ကတိုးဂရမ် ဆယ်ဂဏန်း အနည်းငယ်ကိုသာ စစ်ထုတ်ရယူနိုင်လေ သည်။ ကတိုးကောင်ကို မသတ်ဘဲလျက် ကတိုးကျိတ်ကို ဖယ်ရှားယူနိုင်ခြေ ရှိလေသည်။ သို့သော်လည်း မည်သူမှ ဤကဲ့သို့ မလုပ်ဆောင်ကြချေ။

ဆာခါလင်ကျွန်းတွင် မျိုးစိတ်ခွဲတစ်မျိုး ကျက်စားလေသည်။[1]

ကိုးကား

  1. Huffman, Brent. "Species profile: Moschus moschiferus, Siberian musk deer". www.UltimateUngulate.com. Archived from the original on 2010-02-17. Retrieved 2010-02-17.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.