ကတိုးကောင်

ကတိုးကောင်သည် ဟိမဝန္တာတောင်ကုန်းမြင့် သစ်တောများတွင် ရှိသော ဒရယ် တစ်မျိုးဖြစ်၍ ယင်းကို လက်တင်ဘာသာဖြင့် မော့ချပ်မော့ချီဖါရာဟု ခေါ်သည်။ ယင်းတို့သည် သမင်မျိုးစိတ်များထက် ပိုမိုရှေးဦးကျသည်။

ကတိုးကောင်
Musk deer
Temporal range: Early Miocene–Recent
PreЄ
Є
O
S
D
C
P
T
K
Pg
N
Moschus moschiferus
မျိုးရိုးခွဲခြားခြင်း
လောက:
Animalia
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
Mammalia
မျိုးစဉ်:
Artiodactyla
မျိုးစဉ်သေး:
Ruminantia
Infraorder:
Pecora
မျိုးရင်း:
Moschidae

(Gray, 1821)
မျိုးစု:
Moschus

(Linnaeus, 1758)
Species
  • Moschus chrysogaster - Alpine Musk Deer
  • Moschus moschiferus - Siberian Musk Deer
  • Moschus berezovskii - Dwarf Musk Deer
  • Moschus fuscus - Black Musk Deer
  • Moschus anhuiensis - Anhui Musk Deer
  • Moschus cupreus - Kashmir Musk Deer
  • Moschus leucogaster - White-bellied Musk Deer

များသောအားဖြင့် တစ်ကောင်တည်း နေတတ်၏။ တစ်ခါတစ်ရံ ဖိုမတွဲ၍နေသည်ကိုတွေ့ရ၏။ သို့ရာတွင် အစုအအုပ်ဖွဲ့၍ကား မနေချေ။ အရွယ်ရောက်သောအကောင်မှာ အလျား၃ ပေခန့်ရို၍ ပခုံးတွင် လက်မ ၂ဝခန့်မြင့်သည်။ အရောင် အမျိုးမျိုး ရှိသော်လည်း များသောအားဖြင့် အောက်ပိုင်း ဖြူ၍၊ အပေါ်ပိုင်းသည် မီးခိုးရောင်(သို့မဟုတ်) အညိုရောင် ဖြစ်သည်။

ကတိုးကောင်သည် အသီးအရွက်စားသော သတ္တဝါများ ဖြစ်ကာ တောင်ထူထပ်၍ သစ်တောဖုံးလွှမ်းသောအရပ်များတွင် ကျက်စားသည်။ လူသားတို့နေထိုင်ရာနှင့် ဝေးသောအရပ်များတွင် ကျက်စားကြသည်။ သမင်များနည်းတူပင် အရွက်များ၊ ပန်းပွင့်များ၊ မြက်များကို စားသည်။ ရေညှိရေမှော်များကိုလည်း စား သည်။

တရုတ်ရေသမင်များနည်းတူ အဖိုနှင့်အမ နှစ်ကောင်စလုံး၌ ဦးချို မရှိချေ။ သို့သော်အဖို၏အပေါ်မေးရိုးတွင် အောက်သို့ထိုးထွက်နေသော အစွယ်များ ရှိ၍ ခုခံကာကွယ်ရာတွင် ထိုအစွယ်များကို အသုံးပြုနိုင်သည်။ အလွန် မွှေးကြိုင်သော ကတိုးဆီအတွက် ထိုသတ္တဝါတို့ကို ထောင်ချောက်ဖြင် ဖမ်းယူကြ၏။ ကတိုးဆီကို အထီးဝမ်းဗိုက် အောက်တွင်ရှိသော ဂလင်းအိတ်မှရရှိသည်။ ဂလင်းအိတ်မှာ သံပရာသီး အရွယ်ခန့်ရှိ၍ ကတိုးဆီတစ်အောင်စခန့်ပါရှိ၏။ ကတိုးနံ့သည် အလွန်စူးရှကာ တာရှည်ခံသောကြောင့် ကတိုးကို အလွန်အဖိုးတန်သော ပစ္စည်း တစ်ခု အဖြစ်ဖြင့် အရှေ့တိုင်းတွင်အသုံးပြုကြသည်။[1]

ကတိုးကောင်သည် ရှက်ရွံ့တတ်ပြီး ဘက် (သို့မဟုတ်) မှောင်ရီပျိုးချိန်တွင် ကျက်စားတတ်သည်။ နယ်မြေသတ်မှတ် ကျက်စားတတ်သည်။ မိတ်လိုက်ရာသီ တွင် အဖိုများသည် နယ်မြေကိုစွန့်ခွာကာ အမအတွက် အခြား အဖိုများနှင့် ယှဉ်ပြိုင်လေသည်။ ယင်းသို့ယှဉ်ပြိုင်ရာတွင် အစွယ်ကို အသုံးပြုသည်။ အမသည် ဇီးလွယ်ပြီး ရက် (၁၅၀) မှ (၁၈၀)အတွင်း သားတစ် ကောင်တည်း ပေါက်သည်။ မွေးကင်းစကတိုးကောင်ပေါက်ကလေး သည် အလွန်သေးငယ်သည်။ တစ်လသားအရွယ်အထိ များသောအားဖြင့် မလှုပ်မယှက်နေတတ်သည်။ ယင်းမှာ သားရဲကောင်များလက်မှ လွတ်မြောက်စေသည်။

ကတိုးကောင်မျိုးစိတ်များ

ကတိုးကောင်မျိုးစိတ် (၇) မျိုး ရှိလေသည်။

အန်ဟွေးကတိုးကောင်ကို တရုတ်ပြည်တွင် တွေ့ရသည်။ မျိုးတုံး အန္တရာယ်ကျရောက်နေသောမျိုးစိတ် ဖြစ်သည်။

ကတိုးကောင်ပုကို တရုတ်ပြည်တောင်ပိုင်းနှင့် အလယ်ပိုင်းတွင် လည်းကောင်း၊ ဗီယက်နမ်နိုင်ငံမြောက်ဖျားစွန်းတွင်လည်းကောင်း တွေ့ရသည်။ မျိုးစိတ်ခွဲလေးမျိုး ရှိလေသည်။ မျိုးတုံး အန္တရာယ်ကျရောက်နေသောမျိုးစိတ်ပင် ဖြစ်သည်။

အယ်လ်ပိုင်းကတိုးကောင်ကို တိဘက်ဒေသတွင်လည်းကောင်း၊ တရုတ်ပြည်အနောက်ပိုင်းတွင် လည်းကောင်း တွေ့ရသည်။

ကရှ်မီးယားကတိုးကောင်ကို အာဖဂန်နစ္စတန်အိန္ဒိယပါကစ္စတန်နိုင်ငံတို့တွင် တွေ့ရသည်။

ကတိုးကောင်နက်ကို ဘူတန်၊ အိန္ဒိယ၊ နီပေါမြန်မာနှင့် တရုတ်ပြည်တို့ တွင် တွေ့ရသည်။

ဟိမဝန္တာကတိုးကောင်ကို ခါးဖြူကတိုးကောင်ဟုလည်း ခေါ်သည်။ နီပေါ၊ ဘူတန်၊ အိန္ဒိယမြောက်ပိုင်းနှင့် တရုတ်ပြည်တို့ တွင် တွေ့ရသည်။

ဆိုက်ဘေးရီးယားကတိုးကောင်ကို အာရှတိုက်အရှေ့မြောက်ပိုင်း ရှိ တောင်ပေါ်တောများတွင် တွေ့ရသည်။ ဆိုက်ဘေးရီးယားမွန်ဂိုလီးယားအတွင်းမွန်ဂိုလီးယားမန်ချူးရီးယားနှင့် ကိုရီးယားကျွန်းဆွယ်တို့တွင် တွေ့ရသည်။ မျိုးစိတ်ခွဲတစ်မျိုးကို ဆာခါလင်ကျွန်း တွင် တွေ့ရသည်။

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.