ဆီဆာဗန်ဗောင်

ဆီဆာဗန်ဖိုလီဗောင် (Sisavang Phoulivong) သို့မဟုတ် ဆီဆာဗန်ဗောင် (Sisavangvong) (၁၄ ဇူလိုင် ၁၈၈၅ - ၂၉ အောက်တိုဘာ ၁၉၅၉) သည် ၁၉၀၄ခုနှစ် ဧပြီလ ၂၈ရက်နေ့မှ သူသေဆုံးသည့် ‌၁၉၅၉ အောက်တိုဘာလ ၂၀ရက်နေ့အထိ အစောပိုင်းကာလတွင် လွမ်ပရာဘွမ်ဘုရင့်နိုင်ငံ၏ ဘုရင်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် လာအိုဘုရင့်နိုင်ငံ၏ ဘုရင်ဖြစ်ခဲ့သည်။

{{{အမည်}}}
[[Image:{{{ဓာတ်ပုံ}}}|200px]]
{{{သက်တမ်း}}}
နန်းသက် {{{နန်းသက်}}}
အမည်အပြည့်အစုံ {{{အမည်အပြည့်အစုံ}}}
ငယ်မည် {{{ငယ်မည်}}}
ဘွဲ့အမည် {{{ဘွဲ့အမည်}}}
အမည်ကွဲ {{{အမည်ကွဲ}}}
နံတော် {{{နံတော်}}}
မွေးဖွားသည့်နေ့ {{{မွေးဖွားသည့်နေ့}}}
မွေးရာဇာတိ {{{မွေးရာဇာတိ}}}
ဖခမည်းတော် {{{ဖခမည်းတော်}}}
မယ်တော် {{{မယ်တော်}}}
ကိုးကွယ်သည့်ဘာသာ {{{ကိုးကွယ်သည့်ဘာသာ}}}
ကြင်ရာတော် {{{ကြင်ရာတော်}}}
နန်းစံရာ နေပြည်တော် {{{နန်းစံရာနေပြည်တော်}}}
နတ်ရွာစံသည့်နေ့ {{{နတ်ရွာစံသည့်နေ့}}}
နတ်ရွာစံသည့်နေရာ {{{နတ်ရွာစံသည့်နေရာ}}}
မြှုပ်နှံရာနေရာ {{{မြှုပ်နှံရာနေရာ}}}
ဆက်ခံခဲ့သောမင်း {{{ဆက်ခံခဲ့သောမင်း}}}
ဆက်ခံမည့်မင်း {{{ဆက်ခံမည့်မင်း}}}
မင်းဆက် {{{မင်းဆက်}}}

ငယ်ရွယ်စဉ်ဘဝ

Sisavang Vong on Laotian Postage Stamp (1951)

ဆီဆာဗန်ဗောင်ကို ၁၈၈၅ခုနှစ် ဇူလိုင်လ ၁၄ရက်နေ့တွင် လွမ်ပရာဘွမ် မြို့၌ မွေးဖွားခဲ့သည်။ ခမည်းတော်မှာ လွမ်ပရာဘွမ်ဘုရင် ဇာကာရိန်း (Zakarine) ဖြစ်ပြီး မယ်တော်မှာ မိဖုရားကြီး သွန်စီ (Thongsy) ဖြစ်သည်။ ဆိုင်ဂုံမြို့ Lycée Chasseloup-Laubat နှင့် ပါရီမြို့ École Nationale de la France d'Outre-Mer တို့တွင် ပညာသင်ယူခဲ့သည်။ သူသည် ပလေးဘွိုင်ဘုရင်ဟု လူသိများကျော်ကြားသည်။ သူ့တွင် မိဖုရား (၁၅)ပါးရှိပြီး သားသမီး ၅၀ အထိ မွေးဖွားခဲ့သည်။ မိဖုရားများအနက် ၂ယောက်မှာ သူနှင့် အဖေတူ အမေကွဲ ညီမများဖြစ်ပြီး တစ်ယောက်မှာ သူ၏ တူမဖြစ်သည်။ သူ၏ သားသမီး ၁၄ယောက်မှာ မဲခေါင်မြစ်အတွင်း သင်္ဘောမှောက်ပြီး သေဆုံးခဲ့သည်။ [1]

မိဖုရားများ

  • Princess Kamuni (1885–1915), daughter of Prince Ko and Princess Duangbadani
  • Khamphane (1896–1983), his half sister by his father's wife Mom La; they had no children
  • Khamla, a commoner
  • Khamboua, a commoner
  • Khamtip, a commoner
  • Princess Khamtouan of Luang Prabang, his half sister (one son)
  • Princess Kamaduni of the Vang Hnaxxs family
  • Mom Khamphoui, a commoner
  • Princess Indrakama, a daughter of Prince Jayasena, Prince Sri Dibudinha and his wife, Pong
  • Princess Kamuni
  • Princess Khamphoui, the daughter of his half-brother
  • Chansy (1900–1984), a commoner

လာအိုဘုရင်ဘဝ

၁၉၀၄ခုနှစ် မတ်လ ၂၅ရက်နေ့တွင် သူ့ဖခင် လွမ်ပရာဘွမ်ဘုရင် သေဆုံးပြီးနောက် ထီးနန်းဆက်ခံခဲ့သည်။ ထိုအချိန်က လွမ်ပရာဘွမ်သည် ပြင်သစ်အင်ဒိုချိုင်းနားနယ်မြေအတွင်းမှ ပြင်သစ်အစောင့်အရှောက်ခံနိုင်ငံ တစ်ခုဖြစ်ခဲ့သည်။ ၁၉၀၄ခုနှစ် ဧပြီလ ၁၅ရက်နေ့တွင် လွမ်ပရာဘွမ် နန်းတော်၌ ထီးနန်း ဘိသိက်ခံပြီး ၁၉၀၅ခုနှစ် မတ်လ ၄ရက်နေ့တွင် မကိုဋ်ဆောင်းခဲ့သည်။ ပြင်သစ်တို့က ခေတ်မီနန်းတော်ကြီး တည်ဆောက်ပေးခဲ့သည်။ သူ၏ အုပ်ချုပ်စဉ်ကာလအတွင်း ပြည်နယ်များကို စုစည်းနိုင်ခဲ့သည်။ ၁၉၃၁ခုနှစ်တွင် ဟိုဖန် (Houaphan) ပြည်နယ်၊ ၁၉၄၂တွင် ဟိုခုန် (Houakhong) ပြည်နယ်၊ ရှန်ခုန် (Xiangkhoang) ပြည်နယ် နှင့် ဗီယင်ကျန်း (Vientiane) ပြည်နယ်၊ ၁၉၄၆တွင် ချမ်ပါဆက် (Champassak) ပြည်နယ်နှင့် ဆေဗိုရီ (Sayboury) ပြည်နယ် တို့ကို စည်းလုံးနိုင်ခဲ့သည်။ သူသည် လာအိုတွင် ပြင်သစ်အုပ်စိုးမှုကို တစ်သက်လုံးထောက်ခံသွားခဲ့သည်။ ၁၉၄၅တွင် လာအိုအမျိုးသားရေးဝါဒီများ ပူးပေါင်းဆေင်ရွက်ရန် ငြင်းဆိုခဲ့ပြီးနောက် သူအား လာအိုဘုရင်အဖြစ်မှ ဖယ်ရှားကာ လာအိုပြည်ကို လွတ်လပ်ရေးကြေညာခဲ့သည်။ ၁၉၄၆တွင် ပြင်သစ်တို့က လာအိုပြည်ကို ပြန်လည်သိမ်းယူခဲ့ပြီး သူ့အား လာအိုဘုရင်အဖြစ် ပြန်လည်ခန့်အပ်ခဲ့သည်။

Statue of Sisavang Vong , King of Luang Phrabāng 1904-46, King of Laos 1946-59 (Grounds of the Royal Palace Museum, Luang Phrabāng)

၁၉၅၄တွင် သူ၏အုပ်စိုးမှု ရွှေရတုပွဲကျင်းပခဲ့သည်။ ထိုင်းဘုရင် ဘူမိဗလအတုလျတေဇ က ၂၀၀၁ခုနှစ်တွင် စံချိန်မချိုးမီ အချိန်ထိ သူသည် ထိုစဉ်က အာရှတွင် အုပ်စိုးခဲ့သော နန်းသက် အရှည်ဆုံး ဘုရင် ဖြစ်ခဲ့သည်။ သူသည် မကျန်းမမာဖြစ်လာသောအခါ အိမ်ရှေ့မင်းသား သားတော် ဆာဗန်ဗဿနာ (Savang Vatthana) ကို ထီးနန်းမွေ ပေးခဲ့သည်။ ၁၉၅၉တွင် သူသေဆုံးပြီးနောက် သူ့သားမှ ထီးနန်းဆက်ခံခဲ့သည်။ [2] သူ့အား ၁၉၆၁ တွင် ဝပ်သက်လွမ် (Wat That Luang) တွင် ဈာပနအခမ်းအနားဖြင့် သင်္ဂြိုဟ်ခဲ့သည်။ ၁၂ မီတာရှည်ပြီး မြင်း ၇ကောင်ကသော အသုဘရထားဖြင့် ပို့ဆောင်ခဲ့ပြီး ထိုင်းနိုင်ငံကိုယ်စား ထိုင်းမင်းသား ဗန္နုဗန္ဒု (Bhanubandhu) တက်ရောက်ခဲ့သည်။ သူ့အားဂုဏ်ပြုသောအားဖြင့် ဆီဆာဗန်ဗောင်တက္ကသိုလ် (Sisavangvong University) အမည်ပေးခဲ့သော်လည်း ၁၉၇၅ခုနှစ် ကွန်မြူနစ်တို့အာဏာရလာသောအခါ နာမည်ကို ဖျက်သိမ်းခဲ့သည်။

သူသည် ပြင်သစ်လက်အောက်မှ လွတ်မြောက်ရေးအတွက် ဦးဆောင်ခဲ့သူဖြစ်ခြင်းကြောင့် ကွန်မြူနစ်တို့တက်လာသော်လည်း လွမ်ပရာဘွမ်နှင့် ဗီယင်ကျန်းတို့တွင် သူ၏ ရုပ်တုများမှာ ရှိနေဆဲဖြစ်သည်။ ရုပ်တု ၂ခုလုံးက ဖွဲ့စည်းပုံ အခြေခံဥပဒေ သည် ပြည်သူတို့၏ အထက်တွင် ရှိသည်ဟု ဖော်ညွှန်းနေသည်။

ဆုတံဆိပ်များ

  • Grand Cross of the Royal Order of Cambodia-1905
  • Grand Cross of the Order of the Dragon of Annam-1905
  • Decoration of the Golden Gong, 1st Class of Annam
  • Grand Cross of the Legion d'Honneur of France-1927 (Commander-1905)
  • Grand Officer of the Order of the Black Star of Benin of France-1935
  • Grand Officer of the Order of the Crown of Belgium-1935
  • Officer of the Order of Arts and Letters of France-1949
  • Croix de Guerre with Palm of France-1949
  • Knight of the Order of the Royal House of Chakri of Thailand-1955
  • Grand Cross of the National Order of Merit of Vietnam-1955

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.