ဆီလီနီယမ်

ဆီလီနီယမ်သည် အတွေ့ရနည်းသော ဒြဗ်စင်တစ်ခုဖြစ် သည်။ ထိုဒြဗ်စင်သည် သတ္တုမဟုတ်သော ဒြဗ်စင်မျိုးဖြစ်၍၊ အောက်ဆီဂျင်၊ ကန့်၊ တယ်လျူရီယမ်ဒြဗ်စင် အစုတွင်ပါဝင် သည်။ ၁၈၁၇ ခုနှစ်တွင် ဆွီဒင်နိုင်ငံသား ဓာတုဗေဒပညာရှင် ဗာဇီးလီယပ်က စတင်၍တွေ့ရှိသည်။ အက်တမ် နံပတ်စဉ်မှာ ၃၄ ဖြစ်၍၊ အက်တမ် အလေးဆမှာ ၇၈့၉၆ ဖြစ်သည်။ ဆီလီနီယမ်၌ ထူးခြားသော သတ္တိများရှိသည်။ အမှောင် ထဲတွင် ဆီလီနီယမ်သည် လျှပ်စစ်ဓာတ်လိုက် ညံ့သောဒြဗ်စင် ဖြစ်သည်။ သို့ရာတွင် ဆီလီနီယမ်ပေါ်သို့ အလင်းရောင်ကျ ရောက်လျှင် ခဏခြင်းပင် ကျရောက်သော အလင်းရောင်၏ အားနှင့်အမျှ လျှပ်စစ်ဓာတ်အလိုက်မှာ ပို၍ကောင်းလာ၏။ ထိုထူးခြားသည့် သတ္တိကိုအကြောင်းပြု၍ အလင်းရောင်အားကို တိုင်းသောကရိယာ ပြုလုပ်ရာတွင် ဆီလီနီယမ်ကို အသုံးပြု ရခြင်းဖြစ်သည်။

ဆီလီနီယမ်,  34Se
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတဆီလီနီယမ်, Se
အသံထွက်/sɪˈlniəm/
si-LEE-nee-əm
အဆင်းblack, red, and gray (not pictured) allotropes
ဒြပ်စင်အလှည့်ကျဇယားရှိ ဆီလီနီယမ်
S

Se

Te
အာဆင်းနစ်ဆီလီနီယမ်ဘရိုမင်း
အက်တမ် အမှတ်စဉ် (Z)34
အုပ်စုဘလော့group 16 (chalcogens), p-block
ဒြပ်စင်အလှည့်ကျဇယားperiod 4
ဒြပ်စင် ကဏ္ဍ  polyatomic nonmetal, sometimes considered a metalloid
စံ အက်တောမစ် အလေးချိန် (±) (Ar)78.971(8)[1]
အီလက်ထရွန် ပြုပြင်မှု[Ar] 3d10 4s2 4p4
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 6
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်494 K (221 °C, 430 °F)
အရည်ဆူမှတ်958 K (685 °C, 1265 °F)
သိပ်သည်းမှု (အခန်းအပူချိန်)gray: 4.81 g/cm3
alpha: 4.39 g/cm3
vitreous: 4.28 g/cm3
3.99 g/cm3
Critical point1766 K, 27.2 MPa
ဖျူးရှင်းအပူgray: 6.69 kJ/mol
အငွေ့ပျံခြင်း အပူ95.48 kJ/mol
မိုလာ အပူအင်အား25.363 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 500 552 617 704 813 958
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ6, 5, 4, 3, 2, 1,[2] −1, −2 (a strongly acidic oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 2.55
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 941.0 kJ/mol
2nd: 2045 kJ/mol
3rd: 2973.7 kJ/mol
အက်တောမစ် အချင်းဝက်empirical: 120 pm
ကိုဗေးလန့်အချင်းဝက်120±4 pm
ဗန်ဒါဝေါ့စ် အချင်းဝက်190 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ hexagonal
အသံ၏အမြန်နှုန်း 3350 m/s (at 20 °C)
အပူ ပြန့်ကားမှုamorphous: 37 µm/(m·K) (at 25 °C)
အပူစီးကူးမှုamorphous: 0.519 W/(m·K)
သံလိုက်ဓာတ်diamagnetic[3]
သံလိုက် ထိတွေ့နိုင်မှု (χmol)25.0·10−6 cm3/mol (298 K)[4]
Young's modulus10 GPa
Shear modulus3.7 GPa
Bulk modulus8.3 GPa
ပိုင်ဆွန် အချိုး0.33
Mohs hardness2.0
Brinell hardness736 MPa
CAS Number7782-49-2
သမိုင်းကြောင်း
အမည်တပ်ခြင်းafter Selene, Greek goddess of the moon
ရှာဖွေတွေ့ရှိမှုနှင့် ပထမဆုံးခွဲထုတ်ခြင်းJöns Jakob Berzelius and Johann Gottlieb Gahn (1817)
Most stable isotopes of ဆီလီနီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
72Se syn 8.4 d ε 72As
γ 0.046
74Se 0.86% is stable with 40 neutrons
75Se syn 119.8 d ε 75As
γ 0.264, 0.136,
0.279
76Se 9.23% is stable with 42 neutrons
77Se 7.60% is stable with 43 neutrons
78Se 23.69% is stable with 44 neutrons
79Se trace 3.27×105 y β 0.151 79Br
80Se 49.80% is stable with 46 neutrons
82Se 8.82% 1.08×1020 y ββ 2.995 82Kr

ဆီလီနီယမ်ကို အသုံးပြု၍ အလင်းအားကို တိုင်းပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ ပြင်ပနှောင့်ယှက်မှုများမှ ကင်းစေရန်အတွက် ဆီလီနီယမ်ကို အိမ်ငယ်အတွင်းတွင် ထားပြီးနောက် လျှပ်စစ်ဓာတ်ဆာကစ်နှင့် ဆက်သွယ်ထားရသည်။ ထိုလျှပ်စစ်ဓာတ်ဆာကစ်တွင် ဂယ်လ ဗာနိုမီတာဟု ခေါ်သော လျှပ်စစ်ဓာတ်စီးအားတိုင်းကရိယာကို တပ်ဆင်၍ထား၏။ အလုံပိတ်ထားသော အိမ်ငယ်၏ အလင်း ဝင်ပေါက်ကိုဖြတ်၍ အလင်းတန်းကို လွှတ်လိုက်သောအခါ ထိုအလင်းတန်း၏ အားကို ဆီလီနီယမ်က တိုင်းတာဖော်ပြ လေသည်။ ထိုအပြင် ဆီလီနီယမ်ကို အသုံးချခြင်းဖြင့် အလင်း ရောင်မှ လျှပ်စစ်ဓာတ်စီးအဖြစ်သို့၎င်း၊ လျှပ်စစ်ဓာတ်စီမှတစ်ဖန် စကားပြောကြေးနန်းကရိယာမှာကဲ့သို့ အသံအဖြစ်သို့၎င်း ပြောင်းလဲစေနိုင် သေးသည်။

ဆီလီနီယမ်သည် မျက်မမြင်များအတွက် အထူးအကျိုး များစေသော ဒြဗ်စင်ဖြစ်သည်။ မျက်မမြင်များ စာဖတ်နိုင်ရန် အတွက် ပြုလုပ်ထားသော လင်းသံပြောင်း (အော့ပတိုဖုန်း)ခေါ် ကရိယာတွင် ဆီလီနီယမ်ကို အသုံးပြုထားသည်။ ထိုကရိယာ သည် စာလုံးများမှလာသော အလင်းရောင်ပြောင်းလဲချက်များကို အသံအဖြစ် ကြားစေနိုင်စွမ်းရှိ၏။ ဂရေဟမ် ဗဲသည် စကား ပြောကြေးနန်းကို မတီထွင်မီ၊ ဖိုတိုဖုန်းခေါ် ကရိယာကို ဦးစွာ စမ်းသပ်ကြည့်၏။ ဖိုတိုဖုန်းတွင် စကားပြောလိုက်သောအခါ အသံသည် အဝေး၌ရှိသော ဆီလီနီယမ် အသံဖမ်းခွက်ပေါ်၌ တုန်ခါသော အလင်းတန်းတစ်ခုကို ဖြစ်ပေါ်ကျ ရောက်စေ သည်။

ဆီလီနီယမ်၏ ဓာတုဂုဏ်များသည် ကန့်၏ ဓာတုဂုဏ် များနှင့် ဆင်တူသည်။ ဆီလီနီယမ်သည် ဖန်အရောင်ကို ချုပ် စေရာတွင် အထူးအသုံးဝင်၏။ ညအခါ လမ်းပြမီးတိုင်တွင် ရှိသော အနီရောင်ဖန်မျိုး၌ ဆီလီနီယမ်များစွာပါ၏။ ဆီလီ နီယမ်သည် အလင်းရောင်၏ အားကိုတိုင်းရာတွင် အလွန်အသုံး ဝင်သောကြောင့် နေရောင်၊ လရောင်နှင့် သာမန်မျက်စိဖြင့် မမြင်နိုင်သော ကြယ်ရောင်ခြည်များကို တိုင်းတာရန် အတွက် ဆီလီနီယမ် ဓာတ်အိုးများကိုအသုံးပြုရ၏။ စကားပြောကြေးနန်း နှင့် ကြိုးမဲ့ကြေးနန်းအားဖြင့် ရုပ်ပုံများကို ခရီးဝေးသို့ပေးပို့ရန် အတွက်၎င်း နေ့ဖက်တွင်ငြိမ်း၍ ညဖက်တွင်လင်းသော ဆိပ် ကမ်းဓာတ်မီးများနှင့် လမ်းပြဓာတ်မီးများ ထွန်းရန်အတွက်၎င်း ဆီလီနီယမ်ကို အသုံးပြုရ၏။ ဆီလီနီယမ်သည် အလင်းအား အနည်းအများလိုက် သတ္တိပြနိုင်သည်မှန်သော်လည်း၊ ယခုခေတ် တွင် ထိုဒြဗ်စင်အစား ဖိုတို အီလက်တြစ်အိမ်ကို အသုံးများကြ ပေသည်။ အလင်းအားနှင့်ပတ်သက်သည့်နေရာတွင် ဖိုတိုအီ လက်တြစ်အိမ်က ဆီလီနီယမ် ထက်ပိုမိုလျင်မြန်စွာ သတ္တိပြနိုင် သည်။( ဖိုတိုအီလက်တြစ်ကရိယာများ။) [5]

ကိုးကား

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Greenwood၊ Norman N.; Earnshaw၊ Alan (1997)။ Chemistry of the Elements (2nd ed.)။ Butterworth-Heinemann။ ISBN 0-08-037941-9
  3. Magnetic susceptibility of the elements and inorganic compounds, in Lide, D. R., ed. (2005)။ CRC Handbook of Chemistry and Physics (86th ed.)။ Boca Raton (FL): CRC Press။ ISBN 0-8493-0486-5
  4. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.