တယ်လူရီယမ်

တယ်လူရီယမ် (Tellurium)(ဓာတုသင်္ကေတ-Te)သည် ရှားပါး‌သော ဒြပ်စင်တစ်မျိုးဖြစ်သည်။(မြန်မာ့စွယ်စုံကျမ်း၊ အတွဲ၅တွင် တယ်လျူရီယမ် ဟု စာလုံးပေါင်းသည်။) ယင်းကိုသယံဇာတ အဖြစ်ဖြင့် အများအပြား‌တွေ့ရသည်။ ၎င်း ဒြင်စင် သည် အရောင်တောက်ပပြီး ကျွတ်ဆတ်သော ပုံ ဆောင်ခဲအသွင်ရှိ ဒြပ်စင် တစ်ခုလည်းဖြစ်သည်။ တယ်လူရီယမ် ကို မဲပြာပြာအရောင် ရှိသော ပေါင်ဒါ မှုန့်အသွင်အဖြစ်လည်း တွေမြင်ရသည်။ ၎င်းတွင် သတ္တု နှင့် သတ္တုမဟုတ်သော ဂုဏ်သတ္တိ နှစ်မျိုးလုံး ပါဝင်သည်။ ထို ပြင် ‌ရွှေဖြင့်လည်းကောင်း၊ ‌ငွေဖြင့်လည်းကောင်း၊ ‌ကြေးနီဖြင့်လည်းကောင်း၊ ခဲဖြင့်လည်းကောင်း၊ အခြားသတ္တုများဖြင့်လည်းကောင်း၊ တွင်းထွက်ပစ္စည်းရိုင်းများဖြင့်လည်းကောင်း၊ ‌ပေါင်းစပ်လျက်လည်း ‌တွေ့ရသည်။ ၁၈ ရာစုနှစ် ‌နောက်ပိုင်းက ပင် တွင်းထွက်ပစ္စည်းရိုင်းတစ်မျိုး၌ ဒြပ်စင်သစ်တစ်ခုပါရှိ သည်ဟု ရိပ်စားမိခဲ့ကြသည်။ သို့ရာတွင် နှစ်‌ပေါင်း ၅၀ ‌ကျော် လွန်အခါမှသာ ဆွီဒင်လူမျိုး ဓာတု‌ဗေဒပညာရှင် ဗာဇီးလီယပ် ဆိုသူက ဤဒြပ်စင်သစ်သည် ကန့်နှင့် ဆီလီနီယမ်ဒြပ်စင်နှစ်ခု နှင့် ဂုဏ်သတ္တိများဆင်တူ‌ကြောင်း ပြနိုင်ခဲ့သည်။

ဆိုင်ဗမ်နိုတ်ပေါ်ရှိသဘာဝ တယ်လျူရီယမ်၊ ပုံကျယ်မှာ ၂ မီလီမီတာ
တယ်လူရီယမ်,  52Te
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတတယ်လူရီယမ်, Te
အသံထွက်/tɪˈljʊəriəm/
te-LEWR-ee-əm
အဆင်းsilvery lustrous gray (crystalline),
brown-black powder (amorphous)
ဒြပ်စင်အလှည့်ကျဇယားရှိ တယ်လူရီယမ်
Se

Te

Po
အန်တီမိုနီတယ်လူရီယမ်အိုင်အိုဒင်း
အက်တမ် အမှတ်စဉ် (Z)52
အုပ်စုဘလော့group 16 (chalcogens), p-block
ဒြပ်စင်အလှည့်ကျဇယားperiod 5
ဒြပ်စင် ကဏ္ဍ  metalloid
စံ အက်တောမစ် အလေးချိန် (±) (Ar)127.60(3)[1]
အီလက်ထရွန် ပြုပြင်မှု[Kr] 4d10 5s2 5p4
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 18, 6
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်722.66 K (449.51 °C, 841.12 °F)
အရည်ဆူမှတ်1261 K (988 °C, 1810 °F)
သိပ်သည်းမှု (အခန်းအပူချိန်)6.24 g/cm3
5.70 g/cm3
ဖျူးရှင်းအပူ17.49 kJ/mol
အငွေ့ပျံခြင်း အပူ114.1 kJ/mol
မိုလာ အပူအင်အား25.73 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K)   (775) (888) 1042 1266
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ6, 5, 4, 3, 2, 1, −1, −2 (a mildly acidic oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 2.1
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 869.3 kJ/mol
2nd: 1790 kJ/mol
3rd: 2698 kJ/mol
အက်တောမစ် အချင်းဝက်empirical: 140 pm
ကိုဗေးလန့်အချင်းဝက်138±4 pm
ဗန်ဒါဝေါ့စ် အချင်းဝက်206 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ hexagonal
အသံ၏အမြန်နှုန်း 2610 m/s (at 20 °C)
အပူ ပြန့်ကားမှု18 µm/(m·K)[2] (at r.t.)
အပူစီးကူးမှု1.973.38 W/(m·K)
သံလိုက်ဓာတ်diamagnetic[3]
သံလိုက် ထိတွေ့နိုင်မှု (χmol)39.5·10−6 cm3/mol (298 K)[4]
Young's modulus43 GPa
Shear modulus16 GPa
Bulk modulus65 GPa
Mohs hardness2.25
Brinell hardness180–270 MPa
CAS Number13494-80-9
သမိုင်းကြောင်း
အမည်တပ်ခြင်းafter Roman Terra, deity of the Earth
ရှာဖွေတွေ့ရှိမှုFranz-Joseph Müller von Reichenstein (1782)
ပထမဆုံး ခွဲထုတ်မှုMartin Heinrich Klaproth
Most stable isotopes of တယ်လူရီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
120Te 0.09% is stable with 68 neutrons
121Te syn 16.78 d ε 1.040 121Sb
122Te 2.55% is stable with 70 neutrons
123Te 0.89%[5] is stable with 71 neutrons
124Te 4.74% is stable with 72 neutrons
125Te 7.07% is stable with 73 neutrons
126Te 18.84% is stable with 74 neutrons
127Te syn 9.35 h β 0.698 127I
128Te 31.74% 2.2×1024 y ββ 0.867 128Xe
129Te syn 69.6 min β 1.498 129I
130Te 34.08% 7.9×1020 y ββ 2.528 130Xe

‌နောင်အခါ၌ ဤ‌တွေ့ရှိမှုနှစ်ခုစလုံးပင် မှန်ကန်‌ကြောင်း သိရပြီးလျှင် ယင်းဒြပ်စင်သစ်ကို တယ်လျူရီယမ် ဟု အမည်‌ပေးသည်။ ထိုတယ်လျူရီယမ်ဒြပ်စင်သည် အလှည့်မှန်ဇယားတွင် ‌အောက်ဆီဂျင်၊ ဆာလဖာနှင့် ဆီလီနီယမ် အစု၌ပါဝင်၍ ထိုဒြပ်စင်တွင် သတ္တုမဟုတ်‌သော ဒြပ်စင်၏ ဂုဏ်သတ္တိများရှိသည်။ သို့‌သော် သတ္တုဒြပ်စင်၏ ဂုဏ်သတ္တိများ ကိုလည်းပြသည်။ ပွင့်ပုံအ‌နေ၌တည်‌သော တယ်လျူရီယမ်မှာ ‌ငွေ‌ရောင်ကဲ့သို့ ‌တောက်ပသည်။ တယ်လူရီယမ် ဒြပ်စင် သည် လေထုထဲတွင် လောင်ကျွမ်းသော အခါ စိမ်းပြာ ရောင် မီးတောက် နှင့်အတူ Tellurium Dioxide(တယ်လူရီယမ် ဒိုင်အောက်ဆိုဒ်) ဖြစ်ပေါ်စေသည်။ တယ်လူရီယမ် သည် ရေ နှင့် ဟိုက်ဒရိုကလိုရစ်အက်စစ်တို့တွင် ပျော်ဝင်နိုင်ခြင်း မရှိပေ။ သို့သော် နိုက်ထရစ်အက်စစ် တွင် ပျော်ဝင်နိုင်သည်။

အသုံးပြုခြင်း

‌ကြေးနီ နှင့် ခဲရိုင်းတို့ကို လျှပ်စစ်ဖြင့် ဓာတ်ခွဲခြင်းဖြင့် သန့်ယူရာ၌ ကျန်ရစ်ခဲ့‌သောအမှိုက်မှလည်းကောင်း၊ တယ်လျူရီယမ်ပါရှိ‌သော တွင်း ထွက်‌ရွှေရိုင်းများမှ ‌ရွှေကိုအရည်‌ဖျော်ယူရာတွင် ဓာတ်‌ငွေပူများ၌ ပါရှိ‌သော ဖုံမှုန့်များမှလည်းကောင်း၊ တယ်လျူရီယမ်ကို ထုတ်ယူရသည်။ သံဖြူနှင့် ခဲသတ္တုစပ် အ‌ကောင်းစား ပြုလုပ်ယူရန်လည်း အသုံးပြုရသည်။ ဝိုင်ယာလက်များတွင် ကနဦးပြုလုပ် သုံးစွဲခဲ့သည့် ခရစ္စတယ်များမှာ တယ်လျူရီယမ်ဖြင့် ပြုလုပ် ယူ‌သော ခရစ္စတယ်များဖြစ်သည်။

တယ်လူရီယမ်(Tellurium)ကို သံမဏိ ပြုလုပ်ရာတွင် ရောစပ်အသုံးပြု ကြသည်။ ထို့အပြင် အလူမီနီယမ်၊ ကော့ပါး၊ ခဲ၊ သံဖြူ တို့နှင့်ရောစပ်ကာ သတ္ထုစပ် အနေဖြင့်အသုံးပြု နိုင်သည်။ တယ်လူရီယမ် ကို အချိန်ကြာမြင့်စွာ ထားရှိနိုင်ရန်အတွက် ခဲ နှင် ရောစပ်ပြီး အသုံးပြု ကြသည်။ ထို့အပြင် ၎င်း ဒြပ်စင် ကို သံထည်လုပ်ငန်း ၊ ကြွေထည်မြေထည်လုပ်ငန်း ၊ ဖန်ထည်လုပ်ငန်း ၊ နံရံကပ် ကြွေပြား လုပ်ငန်း များနှင့် ဖောက်ထွင်းမှုလုပ်ငန်းများတွင် အသုံးပြု နိုင်သည်။ တယ်လူရီယမ် ကို ရော်ဘာနှင့်ရောစပ်ပြီး ပိုမိုကောင်းမွနသောရော်ဘာများကို ထုတ်လုပ်နိုင်သည်။ စွမ်းအင် စက်ဆီ အဖြစ်လည်း အသုံးပြုနိုင်သည်။

သလင်းကျောက်ပေါ်ရှိ တယ်လျူရီယမ်၊မက္ကဆီကိုနိုင်ငံ

သဘာဝမှာ တွေ့ရှိမှုအခြေအနေ

တယ်လူရီယမ်(Tellurium)ဒြပ်စင်သည် ကျောက်မီးသွေးများထဲတွင် 2 ppm ပမာဏ အထိပါဝင်သည်။ ကျောက်မီးသွေးများသည် ယင်းဒြပ်စင်၏ မူလအရင်းမြစ် လည်း ဖြစ်သည်။တယ်လူရီယမ် ကို သစ်ပင်များကလည်း စုပ်ယူနိုင်ကြသည်။ တယ်လူရီယမ်သည် သစ်ပင်များထဲတွင် 6 ppm အထိ ပါဝင်သည်။ စားသောက်ပင် များတွင် အနည်းဆုံး 5 ppm ထက်ပို၍ ပါရှိသည်။ အခြားဒြပ်စင်များနှင့် ပေါင်းစပ်ခြင်းမရှိသော တယ်လူရီယမ် သီးသန့်များကိုမူ သဘာဝတွင် ရှားပါစွာတွေ့ရှိရသည်။ တယ်လူရီယမ်ပါဝင်သော သတ္တုရိုင်းများမှာ Calaverite ၊ Sylvanite နှင့် Tellurite တို့ဖြစ်ကြသည်။ သို့သော် ယင်းတို့သည် တယ်လူရီယမ်(Tellurium)၏ မူလအရင်းမြစ် တစ်ခုတော့မဟုတ်ပါ။ ကမ္ဘာပေါ်တွင် တယ်လူရီယမ် ထုပ်လုပ်မှု သည် တစ်နှစ်လျှင် ၂၂၀ တန်ခန့်ရှိပါသည်။ အဓိက ရှာဖွေထုပ်လုပ်သော နိုင်ငံများမှာ အမေရိကန်ပြည်ထောင်စုကနေဒါနိုင်ငံပီရူးနိုင်ငံ နှင့် ဂျပန်နိုင်ငံတို့ဖြစ်ပါသည်။


ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ

တယ်လူရီယမ် ဒြပ်ပေါင်း၏ သက်ရှိများကို တိုက်ရိုက်ဘေး ဒုက္ခပေးမှု မှာ နည်းပါလှပါသည်။ တယ်လူရီယမ် သည် အနံ့ဆိုးရွားခြင်းကြောင့် တက်ကျွမ်းသော ဓါတုဗေဒ ပညာရှင်များသာ ကိုင်တွယ်အသုံးပြု ကြသည်။ ရှုရှိုက်မိသောအခါတွင် လည်း ကိုယ်ခန္ဓာအတွင်း သို့လွယ်ကူစွာ ရောက်ရှိနိုင်သည်။ တယ်လူရီယမ်၏ အငွေ့ပျံမှုသည် 20°C တွင်သာ ရှိသည်။ လေထုအတွင်း အမှုန်များပြန့်နှံ့ နိုင်သောကြောင့်ဘေးဒုက္ခများ ဖြစ်စေသည်။ ပြန့်နှံ့မှုသည် အလွန် လျှင်မြန်သည်။ အမှုန် များ ပြန့်နှံ့ခြင်းကြောင့် ရှုရှိုက်မိလျင် အစာအိမ်လမ်းကြောင်း များတွင် အန္တရာယ် ဖြစ်စေနိုင်သည်။ ထို့အပြင် အာရုံကြော နှင့်ဆိုင်သော ရောဂါ များနှင့် အသည်း ကင်ဆာများဖြစ်စေနိုင်သည်။[6]

ကိုးကား

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Cverna, Fran (2002)။ "Ch. 2 Thermal Expansion"။ ASM Ready Reference: Thermal properties of metals (PDF)။ ASM International။ ISBN 978-0-87170-768-0
  3. Lide, D. R., ed. (2005)။ "Magnetic susceptibility of the elements and inorganic compounds"။ CRC Handbook of Chemistry and Physics (PDF) (86th ed.)။ Boca Raton (FL): CRC Press။ ISBN 0-8493-0486-5
  4. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
  5. "New limits on naturally occurring electron capture of 123Te" (2003). Physical Review C 67: 014323. doi:10.1103/PhysRevC.67.014323. Bibcode: 2003PhRvC..67a4323A.
  6. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.