ဆောင်းဦး
ဆောင်းဦးရာသီ(အင်္ဂလိပ်ဘာသာတွင် Autumn ဟုသုံးနှုန်း၍ အမေရိကန်နှင့် ကနေဒီယန်အင်္ဂလိပ်စာတွင် fall ဟုသုံးသည်။[1]) သည် သမပိုင်း ရာသီ လေးခုတွင် ပါဝင်ပြီး နွေရာသီမှ ဆောင်းရာသီအကြားတွင် တည်ရှိသည်။ မြောက်ကမ္ဘာခြမ်းတွင် စက်တင်ဘာလမှ စတင်ပြီး တောင်ကမ္ဘာခြမ်းတွင် မတ်လမှ စတင်သည်။ ဆောင်းဦးဝင်လာသည်နှင့် နေ့အလင်းရောင်ရရှိမှုသည် သိသိသာသာ တိုတောင်းသွားပြီး အအေးဓာတ်သည်လည်း တဖြည်းဖြည်း ပို၍လာကာ ရွက်ပြတ်ပင်တို့မှ ကြွေကျလာသော ရွက်ကြွေတို့သည် ရာသီ၏ သွင်ပြင်ကို လှစ်ဟနေသကဲ့သို့ ရှိသည်။
![]() | ![]() |
![]() | ![]() |
![]() | ![]() |
သဘာဝပတ်ဝန်းကျင်ကဏ္ဍမှ အပိုင်းတစ်ခုဖြစ်သည့် ရာသီ |
ဥတုလေးပါး ပြက္ခဒိန် |
---|
နွေဦး ၊ နွေဥတု |
ခြောက်သွေ့ ရာသီ ၊ စိုစွတ် ရာသီ |
မုန်တိုင်းများ |
ထစ်ချုန်း လေနီကြမ်း ၊ Supercell |
မိုးဖွဲရွာခြင်း ၊ မိုးရွာခြင်း ၊ နှင်းကျခြင်း ၊ နှင်းသီးကြွေခြင်း |
ခေါင်းစဉ်များ |
မိုးလေဝ၊ ရာသီဥတုလေ့လာခြင်းအတတ် ၊ ရာသီဥတု |
ရာသီ ပေါ်တယ်လ် |
ရှည်လျားပူပြင်းသော ရာသီမှလွန်လာကာ ဆောင်းဦးရာသီစဝင်လာနှင့် ဆောင်းဦးအလယ်ကဲ့သို့ အချို့သော ယဉ်ကျေးမှုတို့သည် ဆောင်းဦးကာလ နေ့ညညီချိန်တို့နှင့် ဆက်နွယ်နေသည်။[2] မိုးလေဝသပညာရှင်များ (အထူးသဖြင့် တောင်ကမ္ဘာခြမ်းရှိ အပူပိုင်းနိုင်ငံအများစုတွင်)[3] ဆောင်ဦးကာလကို မြောက်ကမ္ဘာခြမ်းတွင် စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလများ၊ တောင်ကမ္ဘာခြမ်းတွင် မတ်၊ ဧပြီနှင့် မေလများအဖြစ် ဂရီဂေါရီးယန်းပြက္ခဒိန်မှ လများကို အခြေခံ၍ သတ်မှတ်ထားသည်။[4]
မြောက်အမေရိကတွင် ဆောင်းဦးကာလကို စက်တင်ဘာ နေ့ညညီချိန်(၂၁ - ၂၄ စက်တင်ဘာ)[5]တွင် စတင်ပြီး ဒီဇင်ဘာလ၏ ယဉ်စွန်းချိန်(၂၁- ၂၂ ဒီဇင်ဘာ)[6]တွင် ပြီးဆုံးသည်ဟု မှတ်ယူကြသည်။ မြောက်အမေရိက၏ အလုပ်သမားနေ့သည် စက်တင်ဘာလ၏ ပထမဆုံး တနင်္လာနေ့ဖြစ်ရာ နွေရာသီကုန်ဆုံးပြီး ဆောင်းဦးကာလစတင်ပြီမို့ အဖြူရောင်အင်္ကျီများဝတ်ဆင်ခြင်းကဲ့သို့ နွေကာလတုန်းက စောင့်စည်းပြုမှုဖွယ် အမူကိစ္စအားလုံးမှ လွတ်မြောက်နိုင်ပြီ ဖြစ်သည်။[7] နေ့ခင်းနှင့် ညခင်းအပူချိန်တို့လည်း လျော့ကျလာကာ ရော်ရွက်တို့လည်း ကြွေကျလာကြပြီ ဖြစ်သည်။[8] အရှေ့အာရှရိုးရာပြက္ခဒိန် (solar term)များတွင် ဆောင်းဦး သည် ဩဂုတ်လ ၈ ရက် သို့မဟုတ် ထိုရက်တဝိုက်တွင် စတင်ပြီး နိုဝင်ဘာ ၇ ရက်နှင့် ထိုရက်ပတ်လည်တွင် ကုန်ဆုံးသည်ဟု ဆိုကြသည်။ အိုင်ယာလန်နိုင်ငံတွင် အမျိုးသား မိုးလေဝသဌာန ( Met Éireann) အရ ဆောင်းဦးလများမှာ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလများ ဖြစ်သည်။[9] ဩစတေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံများတွင် မတ်လ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့သည် တရားဝင် ဆောင်းဦးရာသီကာလ ဖြစ်သည်။[10]
ခရီးသွားလုပ်ငန်း
ရွက်ပြတ်ပင်ရှိရာဒေသများလိုပင် ဆောင်းဦး၌ အရွက်များ အရောင်ပြောင်းလဲသွားခြင်းကို တွေ့ရသော်လည်း အထူးသဖြင့် မြောက်အမေရိကရှိ ဒေသအများအပြား၊ အရှေ့အာရှ(တရုတ်၊ ကိုရီးယားနှင့် ဂျပန်တို့ပါဝင်)၊ ဥရောပ၊ ပန်တာဂိုးနီးယားဒေသရှိ သစ်တောများ၊ ဩစတေးလျအရှေ့ပိုင်းနှင့် နယူးဇီလန် တောင်ပိုင်းကျွန်းတို့တွင် ဆောင်ဦးသစ်ရွက်ရောင်များကို ကြည့်ရှုနိုင်ပါသည်။
ကနေဒါအရှေ့ပိုင်းနှင့် နယူးအင်္ဂလန်တို့၏ ဆောင်းဦးအရွက်ရောင်များသည် ထင်ရှားလှပြီး[11][12] ခရီးသွားများကို အဓိက ဆွဲဆောင်မှုဖြစ်ခဲ့ရာ ဒေသအတွက် ထိုလုပ်ငန်းမှ အမေရိကန်ဒေါ်လာအများအပြားကို ရှာဖွေပေးနိုင်ခဲ့သည်။[13][14]
ကိုးကား
- Oxford Dictionary on the North American usage of Fall။
- NOAA's National Weather Service - Glossary။ Crh.noaa.gov။ 2010-08-06 တွင် ပြန်စစ်ပြီး။
- New Zealand Weather and Climate, New Zealand Weather, Temperatures and Climate in New Zealand။ Tourism.net.nz။ 2010-08-06 တွင် ပြန်စစ်ပြီး။
- Weather Centre - Features - Understanding Weather - Autumn Forecasting။ BBC။ 4 September 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-08-06 တွင် ပြန်စစ်ပြီး။
- Kanalley၊ Craig။ "First Day Of Fall 2010: Autumn Equinox Photos"၊ The Huffington Post၊ 22 September 2010။ 2010-09-22 တွင် ပြန်စစ်ပြီး။ Archived from the original on 24 September 2010။
- Winter Solstice 2017: The First Day of Winter | Facts, Folklore, and More | The Old Farmer's Almanac
- Laura FitzPatrick။ "Why We Can't Wear White After Labor Day"၊ Time၊ September 8, 2009။ February 25, 2011 တွင် ပြန်စစ်ပြီး။
- Arnold၊ Kathy (11 October 2010)။ Travel။ 15 October 2015 တွင် ပြန်စစ်ပြီး။
- The Weather of Autumn 2007 (September, October & November summary) (PDF)။ Met Éireann - The Irish Meteorological Service Online (3 December 2007)။ 10 October 2012 တွင် ပြန်စစ်ပြီး။
- You must specify archiveurl = and archivedate = when using {{cite web}}.So when do we actually start the seasons?။ Museumvictoria.com.au။ 2010-08-06 တွင် ပြန်စစ်ပြီး။
- Nova Scotia Capitalizes on Fall Tourism | Government of Nova Scotia။ Gov.ns.ca (21 September 1999)။ ၂၀၁၈-၀၂-၂၆ တွင် ပြန်စစ်ပြီး။
- Ross၊ Ben။ "The Complete Guide to Leaf-Peeping & Advice, Travel"၊ The Independent၊ 14 September 2002။ ၂၀၁၈-၀၂-၂၆ တွင် ပြန်စစ်ပြီး။
- Shir Haberman။ Leaf peepers storm N.H., Maine။ SeacoastOnline.com။ ၂၀၁၈-၀၂-၂၆ တွင် ပြန်စစ်ပြီး။
- "Record New England Rains Make Foliage `a Dud,' Hurt Tourism"၊ Bloomberg L.P.၊ 4 November 2005။ ၂၀၁၈-၀၂-၂၆ တွင် ပြန်စစ်ပြီး။