နယူးဇီလန်နိုင်ငံ

နယူးဇီလန်သည် ပစိဖိတ်သမုဒ္ဒရာ၏ အနောက်တောင်ဖက်ပိုင်းတွင် ရှိသော ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး မြောက်ဖက်ကျွန်းနှင့် တောင်ဖက်ကျွန်းဟူသော ကုန်းမြေကြီး ၂ ခု နှင့် စတူးဝတ်ကျွန်း/ရာကီအူရာနှင့် ချသန်ကျွန်းများ စသည့် ကျွန်းများ အပါအဝင် ကျွန်းငယ်လေးများစွာပါဝင်သည်။ အစကနဦးနေထိုင်သူ မောင်အိုရီလူမျိုးတိုက နယူးဇီလန်ကို Aotearoa ဟု အမည်ပေးပြီး အင်္ဂလိပ်ဘာသာဖြင့် ရှည်လျားသော တိမ်ဖြူများရှိသည့်မြေ ဟု ပြန်ဆိုကြသည်။ နယူးဇီလန်၏ နယ်မြေတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရသော်လည်း နယူးဇီလန်နှင့် လွတ်လပ်စွာပေါင်းစပ်ထားသော ကွတ်ကျွန်းများနှင့် နျုးဝေး၊ တိုကလို နှင့် အန္တာတိကရှိ နယူးဇီလန်၏ နယ်မြေအဖြစ်သတ်မှတ်ထားသော ရော့စ်လက်အောက်ခံမြေတို့ပါဝင်ကြသည်။

နယူးဇီလန်
Aotearoa (မောင်အိုရီဘာသာ)
New Zealand
အလံတော် အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: "ဘုရားက နယူးဇီလန်ကို ကာကွယ်ပါ"
"ဘုရားက ဘုရင်(မ)ကို စောင့်ရှောက်ပေးပါ"
မြို့တော်ဝယ်လင်တန်
အကြီးဆုံးမြို့အော့လန်
ရုံးသုံး ဘာသာစကားများအင်္ဂလိပ်ဘာသာ (၉၈%), မောင်ရီဘာသာ (၄.၂%), NZ Sign Language (၀.၆%)
လူမျိုးစုဥရောပ (၆၉.၈%), မောင်ရီ (၇.၉%), အာရှ (၅.၇%), ပစိဖိတ်ကျွန်း (၄.၄%), အခြား (၀.၅%), ကပြား (7.8%), မဖြေ (၃.၈%)
ကိုးကွယ်မှုခရစ်ယာန် (၅၆%), ဘာသာမဝင်သူ (၃၅%), အခြား (၅%)
အမျိုးအစားပါလီမန်သောဒီမိုကရေစီနှင့် စည်းမျဉ်းခံဘုရင်အုပ်ချုပ်ရေး
အစိုးရ
 ခေါင်းဆောင်
ဘုရင်မ အီလစ်ဇာဗက် ၂
 ဘုရင်ခံ
အနန္ဒစတ်ယန်အန်
 ဝန်ကြီးချုပ်
ဂျွန်ကီး
တည်ထောင်
 လွတ်လပ်ရေး (ဂရိတ်ဗြိတိန်)-အာဏာစက်
၂၆ စက်တင်ဘာ ၁၉၀၇
 ဝက်စ်မင်နစ်စတာ လွှတ်တော်ကြီးထုတ်ဥပဒေ
၁၁ ဒီဇင်ဘာ ၁၉၃၁ (၂၅ နိုဝင်ဘာ ၁၉၄၇ စခံယူ)
 အုပ်ချုပ်မှုဥပဒေသော အက်ဥပဒေ
၁၃ ဒီဇင်ဘာ ၁၉၈၆
ဧရိယာ
 စုစုပေါင်း
၂၆၈,၆၈၀ km² (၁၀၃,၇၃၈ sq mi) (အဆင့်: ၇၅)
 ရေထု (%)
၂.၁
လူဦးရေ
 ခန့်မှန်း
၄,၂၆၈,၀၀၀ (၂၀၀၈) (အဆင့် - ၁၂၂)
 သိပ်သည်းမှု
၁၅/km² (၃၉/sq mi) (အဆင့် - ၂၀၄)
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
USD $၁၁၇.၆၉၆ သိန်းကုဋေ (အဆင့် - ၅၈)
 Per capita
USD $၂၇,၇၈၅ (အဆင့် - ၂၈)
HDI၀.၉၄၃
အလွန်မြင့် · ၁၉
ငွေကြေးနယူးဇီလန်ဒေါ်လာ (NZD "$")
တယ်လီဖုန်းကုဒ်+၆၄
Internet TLD.nz

နယူးဇီလန်သည် ပထဝီအနေအထားအရထူးခြားသည်။ တက်စ်မန်ပင်လယ်ခြား၍ ဩစတြေးလျ၏ အရှေ့တောင်ဖက် ၂၀၀၀ ကီလိုမီတာ (၁၂၅၀ မိုင်) အကွာတွင် တည်ရှိသည်။ သူ၏ မြောက်ဖက်ရှိ အနီးဆုံးအိမ်နီးချင်းနိုင်ငံများမှာ နယူးကယ်လီဒိုးနီးယား၊ ဖီဂျီ နှင့် တုံဂါတို့ဖြစ်သည်။ သူ၏ ကာလကြာရှည်စွာ အထီးကျန်ရပ်တည်ခဲ့မှုကြောင့် နယူးဇီလန်တွင် ကွဲပြားခြားနား၍ ငှက်တို့ကြီးစိုးသော တိရိစ္ဆာန်မျိုးစုများရှိသော်လည်း အများစုမှာ လူတို့ရောက်ရှိ၍ လူတို့နှင့်အတူပါလာသော နို့တိုက်သတ္တဝါများ ရောက်ရှိလာပြီးသည့် နောက်တွင် မျိုးတုံးသွားခဲ့သည်။

နယူးဇီလန်တွင် နေထိုင်ကြသူအများစုမှာ ဥရောပမှ ဆင်းသက်လာသူများဖြစ်ပြီး အစကနဦးနေထိုင်သူ မောင်အိုရီ လူမျိုးတို့မှာ လူနည်းစုလူမျိုးစုများအနက် ဦးရေအများဆုံးြဖစ်သည်။ အထူးသဖြင့် မြို့ကြီးများ၌ နေထိုင်သူများတွင် မောင်အိုရီများအပြင် အာရှသားနှင့် အခြားပိုလီနီးရှန်းများမှာလည်း ထင်ရှားသော လူမျိုးစုများဖြစ်သည်။ အဲလိဇဘက် ၂ သည် နယူးဇီလန်၏ ဘုရင်မဖြစ်ပြီး နိုင်ငံ၏ အကြီးအကဲလည်းဖြစ်သည်။ သူမအား ဘက်မလိုက်သော ဘုရင်ခံချုပ်က ကိုယ်စားပြုသည်။ ဘုရင်မသည် အကြီးအကဲဖြစ်သော်လည်း တိုင်းပြည်အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ ဘုရင်မသည် နိုင်ငံရေးအရ ဩဇာအာဏာမရှိပဲ သူမ၏ ရာထူးသည် ့ြပယုဂ်သာဖြစ်သည်။ နိုင်ငံ၏ အာဏာကို အစိုးရ၏ အကြီးအကဲဖြစ်သော ဝန်ကြီးချုပ်၏ ဦးဆောင်မှုအောက်တွင် ရှိပြီး ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်တင်မြောက်ထားသော နယူးဇီလန်ပါလီမန်က ချုပ်ကိုင်ထားသည်။

အမည်ရင်းမြစ်


သမိုင်း

ပိုလီနီးရှန်း အခြေချနေထိုင်သူများ

မောင်အိုရီတို့သည် အရှေ့ပိုလီနီးရှားမှ နယူးဇီလန်သို့ လာရောက် အခြေချကြပြီး သူတို့၏ရှည်လျားသော ပင်လယ်ခရီးစဉ်ကို ထိုနေရာတွင် အဆုံးသတ်ကြသည်။

နယူးဇီလန်နိုင်ငံသည် နောက်အကျဆုံး လူသားတို့ ရောက်ရှိနေထိုင်သည့် ကုန်းမြေများတွင် တစ်ခု အပါအဝင်ဖြစ်သည်။ ပထမဆုံး အခြေချနေထိုင်သူများဟု သိရှိရသူများမှာ အရှေ့ပိုင်းမှ ပိုလီနီးရှန်းများ ဖြစ်ပြီး သုတေသနပညာရှင် အများစုတို့၏ အဆိုအရ အေဒီ ၁၂၅၀-၁၃၀၀ ဝန်းကျင်ခန့်တွင် ကနူးလှေများဖြင့် ရောက်ရှိခဲ့သည် ဟု ဆိုကြသည်။ အချို့သော သုတေသနပညာရှင်တို့၏ အဆိုအရ အစောဆုံးရောက်ရှိနေထိုင်သူများမှာ အေဒီ ၅၀-၁၅၀ ခန့်တွင် ရောက်ရှိခဲ့ကြပြီး ထိုလူစုမှာ သေဆုံးသွားသည် သို့မဟုတ် ကျွန်းကို စွန့်ခွာသွားကြသည်ဟု ယူဆရသည်။ နောက်ထပ်ရာစုနှစ်များတွင် နောက်ဆုံးအခြေချ နေထိုင်သူများသည် ယခုအခါတွင် မောင်အိုရီဟု သိရှိကြသော ကွဲပြားခြားနားသည့် ယဉ်ကျေးမှု တစ်ခုကို တည်ထောင်ခဲ့သည်။ လူဦးရေကို အီဝီ(လူမျိုးစုများ) နှင့် ဟာပူ(လူမျိုးစုကွဲများ) ဟု နှစ်ပိုင်း ခွဲခြားနိုင်ပြီး ထိုနှစ်စုမှာ ပူးပေါင်းလုပ်ဆောင်ခြင်း၊ ပြိုင်ဆိုင်ခြင်းနှင့် တခါတရံတွင် အချင်းချင်း တိုက်ခိုက်ခြင်းများ ရှိတတ်သည်။ အချိန်ကာလ တစ်ခုတွင် မောင်အိုရီ အဖွဲ့တစ်ဖွဲ့သည် ချာသန်ကျွန်းများသို့ ပြောင်းရွှေ့ခဲ့ကြပြီး ထိုနေရာတွင် သူတို့သည် ကွဲပြားခြားနားသော မောရီ ယဉ်ကျေးမှု တစ်ခုကို ထူထောင်ခဲ့ကြသည်။

ဥရောပမှ စွန့်စားရှာဖွေသူများ

နယူးဇီလန်သို့ ပထမဆုံး ရောက်ရှိသည်ဟု ယုံကြည်ရသော ဥရောပသားများမှာ ၁၆၄၂ ခုနှစ်တွင် ရောက်ရှိခဲ့သော ဒတ်ခ်ျစွန့်စားရှာဖွေသူ အေဘယ်လ် ဂျန်ဇွန်း တက်စ်မန်း နှင့် သူ၏ သင်္ဘောသားများ ဖြစ်သည်။ မောင်အိုရီတို့သည် သင်္ဘောသား ၄ ယောက်ကို သတ်ပစ်ခဲ့ကြပြီးနောက် ၁၇၆၈-၇၁ ခုနှစ်တွင် ဗြိတိသျှ စွန့်စားရှာဖွေသူ ဂျိမ်းစ်ကွတ် ရောက်ရှိလာသည့် အချိန်အထိ မည်သည့် ဥရောပသားမှ လာရောက်ခြင်း မရှိတော့ပေ။ ကွတ်ခ်သည် နယူးဇီလန်ကို ၁၇၆၉ တွင် ရောက်ရှိခဲ့ပြီး ကမ်းရိုးတန်း တစ်ခုလုံးကို မြေပုံဆွဲခဲ့သည်။ ကွတ်ခ် လာရောက်ပြီးသည့် နောက်တွင် ဥရောပနှင့် မြောက်အမေရိကမှ ဝေလငါးဖမ်း သင်္ဘောများ၊ ဖျံဖမ်း သင်္ဘောများနှင့် ကုန်သွယ်ရေး သင်္ဘောမျိုးစုံတို့ လာရောက်ခဲ့ကြသည်။ သူတို့သည် ဥရောပမှ သတ္တု ပစ္စည်းကိရိယာများနှင့် လက်နက်များကို မောင်ရီတို့၏ သစ်၊ အစားအသောက်၊ လက်မှုပစ္စည်းနှင့် ရေတို့ဖြင့် လဲလှယ်ကြသည်။ ရံဖန်ရံခါ ဆိုသလိုပင် ဥရောပသားတို့သည် ပစ္စည်းပေး၍ လိင်ကိစ္စကို ရယူကြသည်။

အာလူးနှင့် ပြောင်းချောသေနတ်တို့သည် ဥရောပသားတို့ မကြာခဏ ရောက်ရှိလေ့ရှိသည့် မြောက်ဖက်ပိုင်းမှ စတင်၍ တောင်ဖက်သို့ တဖြည်းဖြည်း ပျံ့နှံ့လာခဲ့ပြီး မောင်အိုရီတို့၏ လယ်ယာစိုက်ပျိုးရေးနှင့် စစ်ရေးတို့ကို ပြောင်းလဲစေခဲ့သည်။ အကျိုးဆက်အနေဖြင့် ၁၈၀၁ ခုနှစ်မှ ၁၈၄၀ အတွင်းတွင် တိုက်ပွဲပေါင်း ၆၀၀ ကျော်ဖြစ်စေခဲ့သော ပြောင်းချောသေနတ် စစ်ပွဲများ ဖြစ်စေခဲ့ပြီး လူပေါင်း ၃ သိန်းမှ ၄ သိန်း အထိ သေဆုံးစေခဲ့သည်။ ၁၉ ရာစုအတွင်းတွင် စတင်ဖြစ်ပွားခဲ့သော ရောဂါများမှလည်း မောင်အိုရီတို့၏ လူဦးရေကို ယခင်ထက် ၄၀ ရာခိုင်နှုန်းခန့် လျော့ကျ သွားစေခဲ့သည်။ ၁၉ ရာစု အစောပိုင်းမှ အစပြု၍ ခရစ်ယာန် သာသနာပြု တို့မှာ နယူးဇီလန်တွင် စတင်၍ အခြေချခဲ့ကြသည်။ သူတို့၏ အစပထမ ဦးတည်ရာမှာ လူ့အဖွဲ့အစည်း အတွင်းရှိ အုပ်ချုပ်သူတို့ကို ဆန့်ကျင်သူများသာ ဖြစ်သော်လည်း နောက်ဆုံးတွင် မောင်အိုရီ လူဦးရေ အတော်များများကို ခရစ်ယာန်ဘာသာသို့ ပြောင်းလဲ နိုင်ခဲ့သည်။

ဥရောပ အခြေချ နေထိုင်သူတို့၏ ဥပဒေမဲ့မှုများနှင့် ထိုနယ်မြေအပေါ် ပြင်သစ်တို့၏ စိတ်ဝင်စားမှု ပိုလာခြင်းတို့ကြောင့် ဗြိတိသျှ အစိုးရသည် ဂျိမ်းစ်ဘတ်စ်ဘီကို ၁၈၃၂ တွင် အင်္ဂလိပ် အုပ်ချုပ်သူ အနေဖြင့် စေလွှတ်ခဲ့သည်။ သို့သော် ဘတ်စ်ဘီသည် ဥရောပ အခြေချသူတို့ အပေါ် ဥပဒေ စိုးမိုးမှု ရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ သို့သော်လည်း ပထမဆုံးနိုင်ငံတော် အလံကို ၁၈၃၄ခုနှစ် မတ်လ ၂၀ ရက်တွင် စတင်အသုံးပြုခြင်းကို ကွပ်ကဲခဲ့သည်။ မှတ်ပုံတင်မထားသော နယူးဇီလန် သင်္ဘောကို ဩစတြေးလျတွင် အသိမ်းဆည်း ခံရပြီးနောက်တွင် ဖြစ်သည်။ ၁၈၃၅ ခုနှစ်တွင် အသေအချာ ဖွဲ့စည်းထားခြင်း မရှိသော နယူးဇီလန် လူမျိုးစုများ အစည်းအရုံးက အင်္ဂလန်နိုင်ငံ ရှိ ဝီလီယမ် ၄ ဘုရင်ကို နယူးဇီလန် လွတ်လပ်ရေး ကြေငြာချက် ကို ပေးပို့ခဲ့ပြီး အကာအကွယ် ပေးရန် တောင်းဆိုခဲ့သည်။

နိုင်ငံရေးနှင့် အစိုးရ


နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ


ပြည်နယ်များ


စီးပွားရေး


လူဦးရေပျံနှံ့ နေထိုင်မှု


စာပေ

မောင်အိုရီတို့မှာ ရေးသားခြင်းကို အကြံဉာဏ်ဝေမျှခြင်း၏ မှော်နှင်တံဟု မြင်သည့်အတွက် ပါးစပ်ပြော ပုံပြင်များနှင့် ကဗျာများကို မှတ်တမ်းတင် ထားရှိသည်။ သို့သော်လည်း အက္ခရာဟူ၍ မရှိ။ ပုံအဖြစ်သာ ရေးခြင်း ဖြစ်သည်။ အက္ခရာကို ဗြိတိန်မှ ၁၉ ရာစု အစောပိုင်းတွင် ရသည်။

ကမ္ဘာ့ရေးရာကိစ္စများ၏ လွှမ်းမိုးမှု ရှိသော်လည်း ၁၉၃၀ ခန့်ကပင် စာရေးဆရာများက နယူးဇီလန်အခြေပြု စာပေတို့ကို ကြံဆရေးသားနေပြီ ဖြစ်သည်။ ပထမကမ္ဘာစစ်အပြီး တက္ကသိုလ်များ ချဲ့ထွင်ရာ ဒေသတွင်းစာပေနယ်လည်း ကျယ်လာသည်။ ၁၉၅၀ ဝန်းကျင်တွင် ဒေသတွင်းပုံနှိပ်တိုက်များ ရှိလာရာ မိမိတို့စာပေကို ပိုချဲ့နိုင်လာသည်။

အားကစား


ရည်ညှန်းချက်များ

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.