ဆွေဇင်ထက်

ဆွေဇင်ထက်သည် မြန်မာ မော်ဒယ်နှင့် အလှမယ်ဖြစ်ပြီး ၂၀၁၉ မယ်စကြာဝဠာမြန်မာ ပြိုင်ပွဲတွင် သူရဖူရရှိခဲ့သူဖြစ်သဖြင့် ၂၀၁၉ မယ်စကြာဝဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[1] သူမသည် Miss Supranational Myanmar 2016 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖူးခဲ့ပြီး ထိုပြိုင်ပွဲတွင် Miss Personality ဆု ရရှိခဲ့ဖူးသူဖြစ်သည်။[2]

ဆွေဇင်ထက်
မွေးဖွားဘားအံမြို့၊ မြန်မာနိုင်ငံ
အရပ် ft ၉ in (၁.၇၅ m)
ဘွဲ့Miss Supranational Myanmar 2016
Miss Universe Myanmar 2019
အလှမယ်ဘွဲ့ ရရှိသူ
ဆံပင်အရောင်အနက်ရောင်
မျက်လုံးအရောင်အညိုရောင်
အဓိက ပြိုင်ပွဲ(များ)Miss Universe Myanmar 2019
(Winner)
Miss Universe 2019
(Unplaced)

၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် သူမသည် လိင်တူချစ်သူတစ်ဦးအဖြစ် ဖွင့်ဟခဲ့ပြီး မယ်စကြာဝဠာပြိုင်ပွဲသို့ လိင်တူချစ်သူအမျိုးသမီးအဖြစ် ပွင့်လင်းစွာ ပြောကြားယှဉ်ပြိုင်ခဲ့သော ပထမဆုံးသော ပြိုင်ပွဲဝင်တစ်ဦးဖြစ်လာသည်။  စပိန်အလှမယ် Patricia Yurena Rodríguez သည် မယ်စကြာဝဠာပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့‌သူ ဖြစ်‌သော်လည်း သူမသည် ပြိုင်ပွဲပြီးမှသာ ဖွင့်ဟထုတ်ဖော်ခဲ့သူ ဖြစ်ပါသည်။[3][4][5][6]


ကိုးကား

  1. Mu Xuequan (1 June 2019)။ Swe Zin Htet from Kayin state crowned Miss Universe Myanmar Xinhua Net။
  2. India wins 2nd Miss Supranational title! Miss Supranational။ ၂ မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  3. Hoa hậu Myanmar thừa nhận đồng tính ngay khi thi Miss Universe 2019: Đầy bản lĩnh và đáng nể phục! (in Vietnamese) (30 November 2019)။
  4. #MissUniverseMyanmar2019 #RoadToMissUniverse2019 Swe Zin Htet (29 November 2019)။
  5. Miss Universe Myanmar 2019 Comes Out Of The Closet — Reveals She's a Proud Lesbian! Missosology (29 November 2019)။
  6. Herbst၊ Diane (6 December 2019)။ Miss Universe's First Openly Gay Contestant Came Out Days Ago: 'I Just Started a New Chapter' People။

ပြင်ပလင့်များ

အောင်မြင်မှု
ယခင်က
နှင်းသွေးယုအောင်
Miss Universe Myanmar
2019
ဆက်ခံသူ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.