ဇူလိုင် ၁၉၈၃

(၁) ရက်


(၂) ရက်

  • မဒရပ်မြို့တောင်ဘက် ၁၂၀ ကီလိုမီတာ(မိုင် ၇၀)အကွာရှိ တာပက်ခမ်မြို့တွင် အိန္ဒိယနိုင်ငံ၏ ပထမဆုံးပြည်တွင်း၌ ပုံစံထုတ်၍ တည်ဆောက်သော ညူကလီယာလျှပ်စစ် ဓာတ်အားပေးစက်ရုံ စတင်လည်ပတ်။

(၃) ရက်


(၄) ရက်


(၅) ရက်


(၆) ရက်


(၇) ရက်

  • ချဲလင်ဂျာလွန်းပျံယာဉ်ဖြင့် အာကာသသို့ ပထမဦးဆုံး လိုက်ပါသွားသည့် ပုရွက်ဆိတ်အကောင်ရေ ၁၅၀ စလုံး ကမ္ဘာမြေပြင်သို့ ပြန်ဆင်းလာသည့်အခါ သေဆုံးနေသည်ကို တွေ့ရဟု သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ထုတ်ဖော်ပြောကြား။

(၈) ရက်


(၉) ရက်

  • ပီရူးတွင် လွန်ခဲ့သည့် ကိုးလအတွင်းက ရေလွှမ်းမိုးခြင်းနှင့် မိုးခေါင်ခြင်းစသော ရာသီဥတုဖောက်ပြန်မှုများကြောင့် လူပေါင်း ၂၃၃ ဦး သေဆုံးပြီး ဒေါ်လာ ၈၈၄ သန်းဖိုး ဆုံးရှုံးခဲ့ဟု ပီရူးအမျိုးသားစီမံကိန်းဌာနအကြီးအကဲက ပြော။

(၁၀) ရက်


(၁၁) ရက်

  • အီကွာဒိုလေကြောင်းမှ ဘိုးအင်း ၇၃၇ အမျိုးအစားလေယာဉ်တစင်းသည် အီကွာဒိုတောင်ပိုင်း စီယွန်ကာမြို့သို့ မဆင်းမီ မိနစ်အနည်းငယ်အလိုတွင် မြူများပိတ်ဖုံးနေသော တောင်ပေါ်သို့ ပျက်ကျသွားရာ လေယာဉ်ပေါ်လိုက်ပါသွားသူ ၁၁၉ ဦးစလုံးသေဆုံး။

(၁၂) ရက်


(၁၃) ရက်

  • အဖွဲ့ဝင် ၂၁ ဦးပါဝင်သည့် ဝန်ကြီးအဖွဲ့ ခေါင်းဆောင် နီပေါ ဝန်ကြီးချုပ်သစ် လိုကင်ဒရာဘဟာဒူးချန်းသည် နီပေါဘုရင် ဘီရင်ဒရာ၏ ရှေ့မှောက်၌ ကျမ်းကျိန်။
  • တရုတ်၊ ယန်စီမြစ်တလျှောက်တွင် ရေအကြီးအကျယ်လွှမ်းမိုးခြင်းကြောင့် လူ ၉၀ ထက်မနည်း အသက်ဆုံးရှုံးရပြီး တရုတ်ပြည်အလယ်ပိုင်းတွင်လည်း လူရာပေါင်းများစွာ ဒဏ်ရာရရှိကြောင်း တာဝန်ရှိပုဂ္ဂိုလ်များက ပြော။

(၁၄) ရက်

  • ဂျီနီဗာငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပြင်သစ်ညူကလီယာလက်နက်များကိုပါ ထည့်သွင်းဆွေးနွေးရန် ကွန်မြူနစ်တို့ တောင်းဆိုချက်ကို ပြင်သစ်သမ္မတ ဖရွန်ဆွာမိတရွန်းက ပယ်ချ။

(၁၅) ရက်


(၁၆) ရက်


(၁၇) ရက်


(၁၈) ရက်


(၁၉) ရက်


(၂၀) ရက်

  • အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နှစ်နိုင်ငံစလုံးနှင့် သက်ဆိုင်သော တီစတာမြစ်ရေများ ခွဲဝေသုံးစွဲရေး သဘောတူညီချက်အသစ်တရပ်ကို ဒါကာတွင် လက်မှတ်ရေးထိုး

(၂၁) ရက်

  • ပိုလန်နိုင်ငံတွင် ၁၉ လကျော်ကြာ ပြဋ္ဌာန်းထားသည် စစ်အုပ်ချုပ်ရေးကို မနက်ဖြန်တွင် ပြန်လည်ရုပ်သိမ်းမည်ဟု ပိုလန်သမ္မတ ယာဘလွန်စကီးက ကြေငြာ။

(၂၂) ရက်


(၂၃) ရက်


(၂၄) ရက်


(၂၅) ရက်

  • ၁၉၇၅ ခုနှစ် မေလမှ ၁၉၈၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ဂျပန်နိုင်ငံသို့ အင်ဒိုချိုင်းနား ဒုက္ခသည်ပေါင်း ၆,၆၁၁ ဦး ရောက်နေပြီဖြစ်ဟု ဂျပန်တရားရေးဝန်ကြီးဌာနက ကြေငြာ။

(၂၆) ရက်


(၂၇) ရက်

  • ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့ရှိ တက္ကသိုလ်ဆေးရုံမှ ဆရာဝန်အဖွဲ့တဖွဲ့သည် ကမ္ဘာပေါ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် အသက်နှစ်နှစ်အရွယ်ရှိ အမျိုးသမီးကလေးတဦးကို ခွဲစိတ်ကုသ၍ အသည်းအစားထိုးပေးလိုက်ကြောင်း ကြေငြာ။

(၂၈) ရက်


(၂၉) ရက်

  • တောင်အမေရိကတိုက် ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ အနောက်တောင်ဘက် မိုင် ၁၈၀(ကီလိုမီတာ ၃၀၀)အကွာ အင်ဒီးစ်တောင်တန်းဒေသ၊ ဂါချာလာအရပ်တွင် တောင်ပြိုကျရာ လူ ၁၅၀ ခန့် မြေပိသေဆုံး။

(၃၀) ရက်

(၃၁) ရက်


ကိုးကား

    လစဉ်ထုတ် နိုင်ငံတကာသတင်းစဉ် စက်တင်ဘာ ၁၉၈၃

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.