ဒါကာမြို့

ဒါကာမြို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော် ဖြစ်ပြီး ဒါကာပြည်နယ်၏ မြို့တော်လည်း ဖြစ်သည်။ ဒါကာ သည် မက်ဂါမြို့တော် အဆင့်ရှိသော မြို့တော်တစ်ခုဖြစ်ပြီး အာရှတောင်ပိုင်း၏ အရေးပါသော မြို့တစ်မြို့လည်း ဖြစ်သည်။ ဒါကာမြို့တော်နှင့် ၎င်း၏ မက်ထရိုပိုလစ်တန် ဒေသတို့သည် ဘူရိဂန်ဂါမြစ်ကမ်းပေါ်တွင် တည်ရှိသည်။ ၂၀၁၁ ခုနှစ်တွင် လူဦးရေ ၁၆ သန်းမျှ ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးမြို့အဖြစ် တည်ရှိသည်။ ကမ္ဘာပေါ်ရှိမြို့ကြီးများတွင် နဝမမြောက် အကြီးဆုံးဖြစ်ပြီး လူဦးရေ အသိပ်သည်းဆုံးမြို့များတွင် အဆင့် ၂၈ ရှိသည်။ ဒါကာမြို့ကို ဗလီများ၏မြို့တော် ဟုလည်း ခေါ်ဝေါ်လေ့ ရှိကြသည်။ မြို့တော်၏ လမ်းများပေါ်တွင် ဆိုက်ကားစီးရေ ၄ သိန်းမျှ နေ့စဉ်သွားလာနေသဖြင့် ကမ္ဘာ့ဆိုက်ကားမြို့တော် ဟုလည်း ခေါ်ကြသည်။

ဒါကာမြို့
ঢাকা
မြို့တော်
Dhaka Metropolitan Area
ဒါကာမြို့မြင်ကွင်း
ကိုဩဒိနိတ်: 23°42′N 90°22′E
နိုင်ငံ ဘင်္ဂလားဒေ့ရှ်
ပြည်နယ်ဒါကာပြည်နယ်
ခရိုင်ဒါကာခရိုင်
စတင်တည်ထောင်၁၆၀၈ စီအီး
မြို့အဆင့်၁၉၄၇
အစိုးရ
  အမျိုးအစားမြို့တော်ဝန်-ကောင်စီ အစိုးရ
  အစိုးရအဖွဲ့မြောက်ဒါကာမြို့ ကော်ပိုရေးရှင်း နှင့်
တောင်ဒါကာမြို့ ကော်ပိုရေးရှင်း
  မြို့တော်ဝန်Annisul Huq (DNCC)
Sayeed Khokon (DSCC)
  ရဲမင်းကြီးMD. Asaduzzaman Mia
ဧရိယာ (၂၀၁၁)[1]
  မြို့တော်၃၀၀ စတုရန်းကီလိုမီတာ (၁၀၀ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်[2] မီတာ (၁၃.၁၂ ပေ)
လူဦးရေ (၂၀၁၃)[3]
  မြို့တော်၁၄,၃၉၉,၀၀၀
  သိပ်သည်းမှု၁၉,၄၄၇/km (၅၀,၃၆၈/sq mi)
  မြို့ပြကြီး[1]၈၉၀၆၀၀၀
  စာတတ်မြောက်မှုနှုန်း[1]၇၄.၆%
Demonym(s)Dhakaiya
အချိန်ဇုန်BST (UTC+6)
စာပို့သင်္ကေတ1000, 1100, 12xx, 13xx
နိုင်ငံဖုန်းကုဒ်+၈၈၀
မြို့ဖုန်းကုဒ်၀၂
GDP PPP (၂၀၁၅)$၂၈၀ ဘီလီယံ[4]
ISO 3166-2BD-13
ဝက်ဘ်ဆိုဒ်Dhaka North City Corporation
Dhaka South City Corporation

ကိုးကား

  1. District Statistics 2011, Dhaka Bangladesh Bureau of Statistics။ 24 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 May 2015 တွင် ပြန်စစ်ပြီး။
  2. Dhaka, Bangladesh Map National Geographic 6 September 2009 တွင် ပြန်စစ်ပြီး။
  3. Kotkin၊ Joel။ "No. 1: Dhaka, Bangladesh – In Photos: The World's Densest Megacities"၊ Forbes 22 June 2013 တွင် ပြန်စစ်ပြီး
  4. မော်ကွန်းတင်ပြီးမိတ္တူ 31 May 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 September 2015 တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.