အစ္စလာမာဘတ်မြို့
အစ္စလာမ် မာဗတ်မြို့သည် ပါကစ္စတန်သမ္မတနိုင်ငံ၏ မြို့တော်သစ်ဖြစ်သည်။ ယခင် အနောက်ပါကစ္စတန်မြောက်ပိုင်း အနန့်တနပ်ခရိုင်တွင်ရှိ၍ မြောက်လတ္တီတွဒ် ၃၃ ံ ၄၀'နှင့် အရှေ့ လောင်ဂျီတွဒ် ၇၃ ံ ၈' တို့ ဆုံရာတွင် တည်ရှိသည်။
ပါကစ္စတန်အစိုးရ အစဉ်အဆက်တို့ ရုံးစိုက်ရာ တောင်ဘက်ပင်လယ်ကမ်းရိုးတန်းပေါ်ရှိ ကရာချိမြို့ သည် ၁၉၆၀ ပြည့်နှစ်မှစ၍ မြို့တော်အဖြစ်မှ ရပ်ဆိုင်းသွားခဲ့ပြီး မြောက်ဘက်ကုန်းတွင်းပိုင်းရှိ တောင်စခန်း မြို့ဖြစ်သော ရဝါပင်ဒီမြို့သို့ ယာယီပြောင်းရွှေ့ရုံးစိုက်သည်။ ပါကစ္စတန်သမ္မတအယွတ်ခန်သည် ရဝါပင်ဒီမြို့ မြောက်ဘက် ၁၀ မိုင်ကျော်အကွာရှိ ကျေးရွာခြောက်ရွာနေရာတွင် အစ္စလာမ်မာဗတ်ဟူသောအမည်ဖြင့် ၁၉၆၁ ခုနှစ်တွင် မြို့သစ် စတင်တည်ဆောက်ခဲ့သည်။
မြို့အင်္ဂါနှင့်အညီ စနစ်တကျ အကွက်ချ၍ တည်ဆောက်ခြင်းဖြစ်သည်။ ထို့ကြောင့် အဆောက်အအုံများမှာ ဗိသုကာပညာ လက်စွမ်းပြ ခေတ်မီ ထူးခြားလှပကြသည်။၁၉၆၄ ခုနှစ်တွင် မြို့လူဦးရေ ငါးသောင်းရှိလာသည်။ ၁၉၇၆ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၃၅၀ဝ၀ရှိနေ လေပြီ။
မြို့လူထု သောက်သုံးရန်အတွက် ရေကို မြို့လယ်ရှိ ရဝါရေလှောင်ကန်မှ လွှတ်ပေးသည်။ အစ္စလာမ်မာဗတ်မြို့နှင့် ရဝါပင်ဒီမြို့ နှစ်မြို့အတွက် တစ်နေ့လျှင် ရေဂါလံ ၁၄ သန်းအထိ လွှတ်ပေးရသည်။ ရဝါရေကန်ကြီးသည် အကျယ်စတုရန်း သုံးမိုင်ရှိ၍ အလွန်သာယာလှပသည်။
အစ္စလာမ်မာဗတ်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁ယ၆၅၁ မြင့်၍ ပေါ့ဝါးကုန်းပြင်မြင့် ပေါ်၌ တည်ရှိသည်။ တောင်ဖက်တွင် ပန်ဂျပ်နယ် ဆားတောင်တန်း၊ အနောက်ဘက်တွင် အိန္ဒုမြစ်၊ မြောက် ဘက်တွင် ကသ္မီရနယ် ဆိရင်နဂါးမြို့ တို့ ရှိကြသည်။
တောင်ဘက်ရှိ လာဟိုမြို့မှ အနောက်မြောက်နယ်စပ် ပက်ရှဝါးမြို့သို့သွားသော မီးရထားလမ်းသည် အစ္စလာမ်မာဗတ်မြို့ကို ဖြတ်၍သွားသည်။ မြို့ပတ်ဝန်းကျင်၌ ရှေးဟောင်း ဘုရားကျောင်းအို ကျောင်းပျက်များ အနှံ့အပြား ရှိသဖြင့်၎င်း၊ လှပသော စမ်းတွင်းနှင့် တူးမြောင်းများကြောင့်၎င်း ကမ္ဘာလှည့်ခရီးသည်တို့ အလာများသည်။[1]
ကိုးကား
- စွယ်စုံကျမ်းနှစ်ချုပ်၊ ၁၉၇၈