ဒူရှန်ဘဲမြို့
ဒူရှန်ဘဲမြို့(Tajik: Душанбе, IPA: [duʃæmˈbe]; ပါရှားဘာသာစကားအရ တနင်္လာနေ့ဟု အဓိပ္ပါယ်ရ[2][3][4][5], ရုရှား: Душанбе, tr. Dushanbe)သည် တာဂျစ်ကစ္စတန်နိုင်ငံ၏ အကြီးဆုံးမြို့နှင့် မြို့တော်ဖြစ်သည်။ ဤသို့ အမည်နာမခေါ်ဆိုကြခြင်းမှာ တနင်္လာနေ့အား ဈေးနေ့အဖြစ် စည်ကားလေ့ရှိသော ရွာကလေးမှ တဖြည်းဖြည်း ကြီးမားလာခဲ့သော မြို့ဖြစ်သောကြောင့် ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်အရောက်တွင်တော့ ဒူရှန်ဘဲမြို့၌ လူဦးရေ ၈၀၂,၇၀၀ ဦး ရှိ၍နေပြီ ဖြစ်သည်။
ဒူရှန်ဘဲမြို့ Душанбe Душанбе Дюшамбе (Dyushambe, ၁၉၂၄–၂၉), Сталинабад (Stalinabad, ၁၉၂၉–၆၀) | ||
---|---|---|
Dushanbe | ||
| ||
ဒူရှန်ဘဲမြို့ ဒူရှန်ဘဲမြို့ | ||
ကိုဩဒိနိတ်: 38°32′12″N 68°46′48″E | ||
နိုင်ငံ | တာဂျစ်ကစ္စတန် | |
အစိုးရ | ||
• မြို့တော်ဝန် | Rustam Emomali | |
ဧရိယာ | ||
• မြို့ပြ | ၁၂၄.၆ စတုရန်းကီလိုမီတာ (၄၈.၁ စတုရန်းမိုင်) | |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၇၀၆ မီတာ (၂၃၁၆ ပေ) | |
လူဦးရေ (2014) | ||
• မြို့ | ၇၇၈,၅၀၀ | |
• သိပ်သည်းမှု | ၆၂၀၀/km၂ (၁၆၀၀၀/sq mi) | |
• မြို့ပြကြီး | ၁,၀၅၁,၂၀၀ | |
အချိန်ဇုန် | တာဂျစ်ကစ္စတန် ဒေသစံတော်ချိန် (UTC+5) | |
• နွေရာသီ (DST) | တာဂျစ်ကစ္စတန် ဒေသစံတော်ချိန် (UTC+5) | |
HDI (၂၀၁၇) | 0.728[1] high | |
ဝက်ဘ်ဆိုဒ် | dushanbe.tj |
သမိုင်းတွင် ရွာငယ်လေးတစ်ရွာ ဖြစ်ခဲ့သော ဒူရှန်ဘဲသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တာဂျစ် ဆိုဗီယက် ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ မြို့တော်အဖြစ် ၁၉၂၄ ခုနှစ်တွင် ဖြစ်၍လာခဲ့သည်။ ၁၉၂၉ ခုနှစ်မတိုင်မီအထိ ရုရှားဘာသာဖြင့် ဂျူရှမ်ဘဲ(ရုရှား: Дюшамбе, Dyushambe)ဟု ခေါ်ဆိုခဲ့ပြီး ၁၉၂၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ဂျိုးဇတ် စတာလင်အား အစွဲပြု၍ စတာလင်နာဘတ်မြို့(Tajik: Сталинобод, Stalinobod)ဟု သုံးနှုန်းခေါ်ဝေါ်ကြသည်။
သမိုင်းကြောင်း
ဒူရှန်ဘဲမြို့သည် ဗာဇော့မြစ်နှင့် ကာဖာနီဟွန်းမြစ်ဆုံရာတွင် တည်ရှိပြီး တာဂျစ်ကစ္စတန်နိုင်ငံ၏ မြို့တော်ဖြစ်သည်။ ထိုဒေသတွင် ဘီစီ ၅ ရာစုမှ ရှေးဟောင်းသုတေသန အကြွင်းအကျန်များကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ဒူရှန်ဘဲသည် ၂၀ ရာစုအစောပိုင်းအထိ ရွာငယ်လေးတစ်ခုမျှသာဖြစ်သည်ဟု ဆိုနိုင်သည်။
တနင်္လာနေ့တွင် ဈေးနေ့အဖြစ် ပြုလုပ်ရာ လမ်းဆုံတွင် တည်ရှိသောကြောင့် ဒူရှန်ဘဲဈေးဟု ခေါ်ဆိုပြီး ၎င်းမှာ ပါရှန်းဘာသာစကား တနင်္လာနေ့ဟု အဓိပ္ပါယ်ရသော ဒူရှန်ဘဲမှ ဆင်းသက်လာခြင်းဖြစ်ရာ တိုက်ရိုက်ပြန်ဆိုမည်ဆိုပါက စနေနေ့ပြီးနောက်(shambe) ဒုတိယနေ့(du)ဟု အဓိပ္ပါယ်ရသည်။ ရွာတွင် အိမ်ထောင်စု ၅၀၀ ကျော်နှင့် လူဦးရေ ၈၀၀၀ ကျော်ရှိသည်။
၁၈၂၆ ခုနှစ်တွင် မြို့အား ဒူရှန်ဘဲ ကုဂန်းဟုတ်ခေါ်ပြီး ရုရှားအသံထွက်ဖြင့်ဆိုလျှင် ဂျုရှမ်ဘဲဟုခေါ်သည်။ ပထမဆုံးအချိန် မြေပုံတွင် ဖော်ပြခဲ့သည်မှာ ၁၈၇၅ ခုနှစ်တွင် ဖြစ်ပြီး ထိုအချိန်တွင် မြို့သည် ဗာဇော့မြစ်၏ လက်ဝဲဘက်ကမ်းရှိ မတ်စောက်သော ကမ်းပါးပေါ်တွင် တည်ရှိသော ခံတပ်မြို့ဖြစ်ကာ နေထိုင်သူ ၁၀.၀၀၀ ခန့်ရှိသည်။
ပထဝီဝင်
ရာသီဥတု
ဒူရှန်ဘဲမြို့တွင် မြေထဲပင်လယ်ရာသီဥတု(ကော့(ခ်)ပန်: Csa)[6]ရှိပြီး ပြင်ထန်သော ကုန်တွင်းပိုင်းရာသီဥတု(continental climate) (ကော့(ခ်)ပန်: Dsa)[6]က လွှမ်းမိုးမှုရှိသည်။ နွေရာသီတွင် ပူပြင်းခြောက်သွေ့၍ ဆောင်းရာသီ၌ အေးစိမ့်၍နေသော်လည်း အေးလွန်းသော ရာသီဥတုတော့ မဟုတ်ပေ။ အခြားသော ဗဟိုအာရှရှိ မြို့တော်များထက် စိုထိုင်းမှု ပိုသော ရာသီဥတုရှိပြီး ဆောင်းတွင်းနှင့် နွေဦးတွင် ဝန်းရံထားသော တောင်ကြားများမှ တိုက်ခတ်လာသော စိုစွတ်သော လေအေးများကြောင့် နှစ်စဉ် မိုးရေချိန် ၅၀၀ မီလီမီတာ (၂၀ လက်မ) ကျော်ရှိသည်။ တောင်များပတ်လည် ကာရံထားမှုကြောင့် ဆိုက်ဘေးရီးယားမှ တိုက်ခတ်လာသော အလွန်အေးမြသော လေအေးများဒဏ်မှ ကာကွယ်ထားသကဲ့သို့ ဖြစ်ရာ ဆောင်းတွင်းတွင် မြောက်ဖျားလောက်တော့ အအေးမပိုချေ။ အထူးသဖြင့် ၂၀၀၈ ခုနှစ် ဇန်နဝါရီလတွင် အအေးပိုလာခဲ့ပြီး အပူချိန်သည် −၂၂ ဒီဂရီ စင်တီဂရိတ် (−၈ ဒီဂရီ ဖာရင်ဟိုက်) ထိ ထိုးကျ၍ သွားခဲ့သည်။[7]
Dushanbe (1961–1990, extremes 1951–2012) အတွက် ရာသီဥတု အချက်အလက်များ | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
လ | ဇန်နဝါရီ | ဖေဖော်ဝါရီ | မတ် | ဧပြီ | မေ | ဇွန် | ဇူလိုင် | ဩဂုတ် | စက်တင်ဘာ | အောက်တိုဘာ | နိုဝင်ဘာ | ဒီဇင်ဘာ | နှစ် |
စံချိန်တင် အမြင့်ဆုံး °C (°F) | 21.6 (70.9) |
23.1 (73.6) |
30.6 (87.1) |
35.6 (96.1) |
38.8 (101.8) |
43.0 (109.4) |
43.3 (109.9) |
45.0 (113) |
40.6 (105.1) |
36.8 (98.2) |
31.7 (89.1) |
24.3 (75.7) |
45.0 (113) |
ပျမ်းမျှ အမြင့်ဆုံး အပူချိန် °C (°F) | 7.9 (46.2) |
10.2 (50.4) |
15.2 (59.4) |
22.1 (71.8) |
27.0 (80.6) |
33.1 (91.6) |
35.8 (96.4) |
34.3 (93.7) |
30.7 (87.3) |
24.2 (75.6) |
17.1 (62.8) |
10.8 (51.4) |
22.4 (72.3) |
နေ့စဉ် ပျမ်းမျှ °C (°F) | 2.1 (35.8) |
3.8 (38.8) |
9.2 (48.6) |
15.4 (59.7) |
20.0 (68) |
25.3 (77.5) |
27.1 (80.8) |
24.9 (76.8) |
20.1 (68.2) |
14.3 (57.7) |
8.9 (48) |
4.8 (40.6) |
14.7 (58.5) |
ပျမ်းမျှ အနိမ့်ဆုံး အပူချိန် °C (°F) | −2.0 (28.4) |
−0.2 (31.6) |
4.2 (39.6) |
9.3 (48.7) |
13.0 (55.4) |
16.5 (61.7) |
17.9 (64.2) |
15.9 (60.6) |
11.1 (52) |
6.7 (44.1) |
3.5 (38.3) |
0.8 (33.4) |
8.2 (46.8) |
စံချိန်တင် အနိမ့်ဆုံး °C (°F) | −26.6 (−15.9) |
−17.3 (0.9) |
−13.4 (7.9) |
−7.8 (18) |
1.2 (34.2) |
8.4 (47.1) |
10.9 (51.6) |
8.1 (46.6) |
1.9 (35.4) |
−4.4 (24.1) |
−13.5 (7.7) |
−19.5 (−3.1) |
−26.6 (−15.9) |
ပျမ်းမျှ ရွာကျခြင်း mm (inches) | 66.3 (2.61) |
75.4 (2.969) |
107.5 (4.232) |
105.0 (4.134) |
66.0 (2.598) |
5.5 (0.217) |
3.2 (0.126) |
0.5 (0.02) |
3.1 (0.122) |
30.6 (1.205) |
44.7 (1.76) |
59.8 (2.354) |
567.6 (22.346) |
Average precipitation days (≥ 1.0 mm) | 8.5 | 9.1 | 13.4 | 9.8 | 7.8 | 1.5 | 0.7 | 0.1 | 0.8 | 3.7 | 5.3 | 8.1 | 68.8 |
Average relative humidity (%) | 69 | 67 | 65 | 63 | 57 | 42 | 41 | 44 | 44 | 56 | 63 | 69 | 57 |
Mean monthly sunshine hours | 120 | 121 | 156 | 198 | 281 | 337 | 352 | 338 | 289 | 224 | 164 | 119 | ၂၆၉၉ |
Source #1: Deutscher Wetterdienst[8] | |||||||||||||
Source #2: NOAA (sun, 1961–1990)[9] |
အဓိက လည်ပတ်စရာနေရာများ
- တာဂျစ်ကစ္စတန် အမျိုးသားပြတိုက်
- National Museum of Antiquities
- အစ္စမေးလီ စင်တာ
- ညီညွှတ်ရေးနန်းတော်
- ဒူရှန်ဘဲ အလံတိုင်—ဤအလံတိုင်မှာ ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံး လွတ်လပ်စွာ တည်ရှိနေသော အလံတိုင်ဖြစ်ပြီး အမြင့်မှာ ၁၆၅ မီတာ (၅၄၁ ပေ) ရှိသည်။[10]
- ဒူရှန်ဘဲ တိရစ္ဆာန်ရုံ
- ရူဒါကီ ရိပ်သာလမ်း
- Gurminj Museum of Musical Instruments
လူမှုအခြေပြ
ဒူရှန်ဘဲမြို့၏ လူဦးရေမှာ-
- ၁၉၈၇ ခုနှစ်တွင် ၇၉၆,၀၀၀ ဦးရှိပြီး တာဂျစ်လူမျိုး (၇၅%)၊ ဥဇဘတ်လူမျိုး (၁၀%)၊ ရုရှားလူမျိုး (၃%)နှင့် အခြားလူမျိုးများ (၁၂%) ရှိသည်။
- ၂၀၁၀ ခုနှစ်တွင် တာဂျစ်လူမျိုး (၈၉.၅%)၊ ဥဇဘတ်လူမျိုး (၆.၇%)၊ တာတာလူမျိုး (၀.၃%)၊ တာ့ခ်မန်လူမျိုး (၀.၁%)နှင့် အခြားလူမျိုးများ (၀.၇%) ထိ ရှိ၍လာသည်။[11]
- ၂၀၁၆ ခုနှစ်တွင် လူဦးရေ ၈၀၂,၄၀၀ ထိ ရှိလာပြီး တာဂျစ်လူမျိုး (၈၄.၄% ခန့်)၊ ဥဇဘတ်လူမျိုး (၉.၁%)၊ ရုရှားလူမျိုး (၄.၁%)နှင့် အခြားလူမျိုးများ (၂.၄%) ရှိလာသည်။
ခုနှစ် | လူဦးရေ |
---|---|
၁၉၂၆ | ၆,၀၀၀ |
၁၉၃၆ | ၈၃,၀၀၀ |
၁၉၅၆ | ၂၂၇,၀၀၀ |
၁၉၇၁ | ၃၈၈,၀၀၀ |
၁၉၈၇ | ၇၉၆,၀၀၀[12] |
၁၉၉၁ | ၅၈၂,၀၀၀ |
၂၀၀၂ | ၅၇၉,၀၀၀ |
၂၀၀၆ | ၆၆၁,၀၀၀ |
၂၀၀၈ | ၆၇၉,၄၀၀[13] |
၂၀၁၄ | ၇၇၉,၀၀၀ |
၂၀၁၅ | ၇၈၈,၇၀၀[14] |
၂၀၁၆ | ၈၀၂,၇၀၀[15] |
စီးပွားရေးနှင့် အခြေခံအဆောက်အဦ
တာဂျစ်အဲယား()၏ ရုံးချုပ်သည် ဒူရှန်ဘဲမြို့ရှိ ဒူရှန်ဘဲ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တည်ရှိသည်။[16] ဆိုမန်အဲယား()သည်လည်း ဒူရှန်ဘဲမြို့တွင်ပင် ၎င်း၏ ရုံးချုပ်ကို ထားရှိသည်။[17]
သယ်ယူပို့ဆောင်ရေး
မြို့တော်တွင် ဒူရှန်ဘဲ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ရှိပြီး ၂၀၁၅ ခုနှစ် ဧပြီလအရ ရုရှား၊ ဗဟိုအာရှ၊ ဒေလီ၊ ဒူဘိုင်း၊ ဖရန်ဖွတ်၊ အစ္စတန်ဘူလ်၊ ကာဘူးလ်နှင့် Ürümqi မြို့များသို့ ပုံမှန်ပျံသန်းနေသော လေကြောင်းလိုင်းများ ရှိ၍နေပြီ ဖြစ်ပါသည်။ တောင်ပိုင်းဒေသတွင် တာဂျစ်ကစ္စတန် မီးရထားလိုင်းသည် ဒူရှန်ဘဲမြို့အား စက်မှုဒေသများဖြစ်သော ဂီဆာ(Gissar)နှင့် ဗက်ရှ်([:en:[Vakhsh River|Vakhsh]]) တောင်ကြားဒေသ၊ ထို့အပြင် ဥဇဘက်ကစ္စတန်နိုင်ငံ၊ တာ့ခ်မင်နစ္စတန်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ရုရှားနိုင်ငံတို့နှင့် ဆက်သွယ်၍ ပေးထားသည်။[18]
ဒူရှန်ဘဲ ထရော်လီဘတ်စကားစနစ်သည် မြို့တော်အတွင်း အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေး ဘတ်စကားများအဖြစ် အသုံးပြုလျက်ရှိပြီး မီသရိုစနစ်တည်ဆောင်ခြင်းကို ၂၀၂၅ တွင် စတင်မည်ဖြစ်ပါသည်။[19] မော်တော်ကားများသည် နိုင်ငံ၏ အဓိကသယ်ယူပို့ဆောင်ရေးစနစ် ဖြစ်၍နေပါသည်။ ဥဇဘက်ကစ္စတန်နိုင်ငံနယ်စပ်မျဉ်းနှင့် ၅၀ ကီလိုမီတာခန်ကွာဝေးပြီး ကားလမ်းများသည် ဥဇဘက်မြို့ဖြစ်သော ဒီနော့ဗ်မြို့(Denov)နှင့် ဆက်သွယ်၍ထားသည်။ ကားလမ်းများသည် မြောက်ဘက်တွင် Sughd Region နှင့်ဆက်သွယ်ထားပြီး ၎င်းမှ ဥဇဘက်ကစ္စတန်နှင့် ကာဂျစ္စတန်နိုင်ငံတို့အား ဆက်သွယ်ပေးထားသည်။ တောင်ဘက်သို့ သွားသော ကားလမ်းများသည် ၁၅၀ ကီလိုမီတာကွာဝေးသော bridge at Panji Poyon တံတားမှတဆင့် အာဖဂန်နစ္စတန်နိုင်ငံတို့နှင့် ဆက်သွယ်ပေးထားသည်။.
ပညာရေး
ဒူရှန်ဘဲမြို့တွင် တည်ရှိသော ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများမှာ-
- တာဂျစ် အမျိုးသား တက္ကသိုလ် (Tajik National University|)
- တာဂျစ်ကစ္စတန် စိုက်ပျိုးရေးတက္ကသိုလ် (Agricultural University of Tajikistan)
- တာဂျစ် ဆေးတက္ကသိုလ် (Agricultural University of Tajikistan)
- တာဂျစ်ကစ္စတန် ဥပဒေ၊ စီးပွားရေးနှင့် နိုင်ငံရေးတက္ကသိုလ် (Agricultural University of Tajikistan)
- ရုရှား-တာဂျစ် ဆလဗစ် တက္ကသိုလ် (Agricultural University of Tajikistan)
- Agricultural University of Tajikistan
နိုင်ငံတကာ ဆက်ဆံရေး
အမွှာမြို့နှင့် ညီအစ်မမြို့များ
ဒူရှန်ဘဲမြို့သည် အမွှာမြို့နှင့် ညီအစ်မမြို့များအဖြစ်[20]-
- Ganja၊ အဇာဘိုင်ဂျန်နိုင်ငံ[21]
- Lusaka၊ ဇမ်ဘီယာနိုင်ငံ
- Sana'a၊ ယီမင်နိုင်ငံ
- Monastir၊ တူနီးရှားနိုင်ငံ
- Klagenfurt၊ ဩစတီးယားနိုင်ငံ
- Lahore၊ ပါကစ္စတန်နိုင်ငံ
- Boulder, Colorado၊ အမေရိကန်ပြည်ထောင်စု
- Mazari Sharif၊ အာဖဂန်နစ္စတန်နိုင်ငံ
- Reutlingen၊ ဂျာမနီနိုင်ငံ
- စိန့်ပီတာစဘတ်မြို့၊ ရုရှားနိုင်ငံ
- Shiraz၊ အီရန်နိုင်ငံ
- Minsk, ဘီလာရုဇ်နိုင်ငံ[22]
- Ürümqi, Xinjiang၊ တရုန်နိုင်ငံ
- တီဟီရန်မြို့၊ အီရန်နိုင်ငံ
- Xiamen, ဖူကျန့်ပြည်နယ်၊ တရုတ်နိုင်ငံ
ကိုးကား
- Sub-national HDI - Area Database - Global Data Lab (in en)။
- General information about Dushanbe။ 18 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၈ မတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။ “The village Dushanbe arose at the crossroads. On Mondays big Bazaar’s would be organized, which is where the village inherited its name «Dushanbe», meaning «Monday».”
- Dushanbe in Persian language Archived 31 January 2016 at the Wayback Machine.
- D. Saimaddinov, S. D. Kholmatova, and S. Karimov, Tajik-Russian Dictionary, Academy of Sciences of the Republic of Tajikistan, Rudaki Institute of Language and Literature, Scientific Center for Persian-Tajik Culture, Dushanbe, 2006.
- TAJIKISTAN။ ၁၈ မတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။ “etymology: today's city was originally at the crossroads where a large bazaar occurred on Mondays, hence the name Dushanbe, which in Persian means Monday, i.e., the second day (du) after Saturday (shambe)”
- Updated Asian map of the Köppen climate classification system။
- Tajikistan: Citizens Ponder Bleak Future Amid Harsh Winter - Eurasianet.Org။
- Klimatafel von Duschanbe / Tadschikistan (in German)။ Baseline climate means (1961–1990) from stations all over the world။ Deutscher Wetterdienst။ 18 February 2016 တွင် ပြန်စစ်ပြီး။
- Dushanbe Climate Normals 1961–1990။ National Oceanic and Atmospheric Administration။ 18 February 2016 တွင် ပြန်စစ်ပြီး။
- Tallest unsupported flagpole။ Guinness World Records (24 May 2011)။ ၂၂ မတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
- CensusInfo - Data။
- Genesis 1987, USSR
- Population of the Republic of Tajikistan as of 1 January, State Statistical Committee, Dushanbe, 2008 (Russian)
- Tajikistan: Provinces, Major Cities & Urban Settlements - Population Statistics, Maps, Charts, Weather and Web Information။
- Шумораи аҳолии Ҷумҳурии Тоҷикистон то 1 январи соли 2016 Ахбороти Агентии омори назди Президенти Ҷумҳурии Тоҷикистон။ 10 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 March 2020 တွင် ပြန်စစ်ပြီး။
- "Directory: World Airlines." Flight International. 30 March-5 April 2004. 78. "Titov Street 31/2, Dushanbe Airport, Dushanbe, 734006, Tajikistan."
- "Contacts Archived 29 January 2013 at the Wayback Machine.." Somon Air. Retrieved on 4 December 2010. "Contacts: 40, Titova Str. Dushanbe, Tajikistan, 734012." Address in Tajik Archived 29 January 2013 at the Wayback Machine. : "734012, Таджикистан, Душанбе, ул. Титова, 40"
- Migrant Express Part 1: Good-bye Dushanbe, https://www.youtube.com/watch?v=BBSardpSH0E
- Demolishing Dushanbe: how the former city of Stalinabad is erasing its Soviet past (19 October 2017)။ ၂၁ မတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
- Regions: Dushanbe & Surroundings။ Official Website of the Tourism Authority of Tajikistan။ Committee of Youth Affairs, Sports and Tourism။ 10 May 2013 တွင် ပြန်စစ်ပြီး။
- Twin-cities of Azerbaijan။ Azerbaijans.com။ ၂၂ မတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
- Twin towns and Sister cities of Minsk [via WaybackMachine.com] (in Russian)။ The department of protocol and international relations of Minsk City Executive Committee။ 2 May 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၂ မတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
ပြင်ပလင့်များ
Wikimedia Commons တွင် ဒူရှန်ဘဲမြို့ နှင့် ပတ်သက်သော မီဒီယာ ရှိသည်။ |
- Pictures of Dushanbe
- Dushanbe pictures through eyes of westerner
- Tajik Web Gateway
- Boulder-Dushanbe Sister Cities
- www.dushanbeairport.com – Dushanbe International Airport unofficial website (English)
- Dushanbe – TimeLapse
- Wikivoyage ရှိ ဒူရှန်ဘဲမြို့ သို့ ခရီးသွားလမ်းညွှန်များ