တိုကျိုမြို့

တိုကျိုမြို့(東京) (တိုကျိုမက်ထရိုပိုလစ် - 東京都) သည် ဂျပန်နိုင်ငံမြို့တော်ဖြစ်ပြီး ဟွန်ရှူးကျွန်း (本州) အရှေ့ပိုင်းဒေသတွင် တစိတ်တပိုင်း တည်ရှိကာ အိဇုကျွန်း နှင့် အိုဂါဆာဝါရာ ကျွန်းတို့လည်း ပါဝင်သည်။ တိုကျို မက်ထရိုပိုလစ်သည် ၁၉၄၃ ခုနှစ်တွင် တိုကျို အုပ်ချုပ်ရေးမြို့ (တိုကျိုပရီဖက်ချာ) နှင့် တိုကျိုမြို့တော်တို့ကို ပေါင်းစပ်ရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ တိုကျိုမြို့သည် ဂျပန်နိုင်ငံ၏မြို့တော်ဖြစ်ပြီး မဟာတိုကျိုနယ်မြေ၏ အချက်အချာဖြစ်ကာ ဂျပန်နိုင်ငံတွင် အကြီးဆုံးသော မက်ထရိုပိုလစ်တန် ဒေသဖြစ်သည်။ ဂျပန်အစိုးရအဖွဲ့နှင့် နန်းတော်တို့ တည်ရှိရာ ဒေသလည်း ဖြစ်ပြီး ဂျပန်တော်ဝင်မိသားစု နေထိုင်ရာ နေရာလည်း ဖြစ်သည်။

တိုကျို
東京都 (とうきょうと)
မက်ထရိုပိုလစ်

အလံ

စည်းတံဆိပ်

ဂျပန်နိုင်ငံ အတွင်း တိုကျိုမြို့ကို ပြပုံ

နာဆာ Landsat 7 ဂြိုဟ်တုမှ ရိုက်ကူးထားသော တိုကျို ၂၃ ဒေသပုံ
နိုင်ငံဂျပန်နိုင်ငံ
ဒေသကန်တိုဒေသ
ကျွန်းဟွန်ရှူးကျွန်း
အုပ်ချုပ်ရေး
  အမျိုးအစားမက်ထရိုပိုလစ်

တိုကျို မက်ထရိုပိုလစ်တန် အစိုးရသည် တိုကျိုမြို့ရှိ အထူးမြို့နယ် ၂၃ ခုကို စီမံခန့်ခွဲပြီး တစ်ခုစီကို မြို့တစ်ခုစီ အနေနှင့် အုပ်ချုပ်သည်။ ထိုဒေသသည် တိုကျိုမြို့တော် အပါအဝင် တိုကျို အုပ်ချုပ်ရေးမြို့တော် ၏ အနောက်ဖက်ရှိ စည်ပင်သာယာရေးနယ်နိမိတ် ၃၉ခု နှင့် တသီးတသန့် တည်ရှိနေသော ကျွန်းနှစ်ခုလည်း ပါဝင်သည်။ အထူးမြို့နယ်များတွင် ရှိသော လူဦးရေမှာ ၈ သန်းကျော် ရှိပြီး အုပ်ချုပ်ရေးမြို့တော် တစ်ခုလုံးရှိ လူဦးရေမှာ ၁၃ သန်းမျှ ရှိသည်။ ထို အုပ်ချုပ်ရေးမြို့တော် သည် ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး မက်ထရိုပိုလစ်တန် ဒေသ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ဂျီဒီပီ အမေရိကန် ဒေါ်လာ ၁.၄၇၉ ထရီလီယံ ရှိသဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံး မက်ထရိုပိုလစ်တန် စီးပွားရေး အဆောက်အအုံ တစ်ခု ဖြစ်သည်။ ထို့အတွက်ကြောင့် နယူးယောက်မြို့ကိုပင် ကျော်လွန်သွားကာ နယူးယောက်မှာ ဒုတိယနေရာသာ ရရှိသည်။[1]


ဒတ်ချ်လူမှုဆက်ဆံရေး ပညာရှင် ဆပ်စ်ကီယာ ဆပ်ဆန်က တိုကျိုသည် ကမ္ဘာ့စီးပွားရေးအတွက် နယူးယောက်မြို့ နှင့် လန်ဒန်မြို့တို့ နှင့်အတူ တစ်ခုသော ထိန်းချုပ်ရာနေရာဖြစ်သည်ဟု ဆိုခဲ့သည်။ [2] တိုကျိုမြို့သည် GaWC ၏ စစ်တမ်းအရ ကမ္ဘာမြို့တော်များတွင် အယ်လ်ဖာပလပ်စ် (alpha+) အဆင့် သတ်မှတ်ထားသော မြို့တော်ဖြစ်ပြီး[3] ဖောရိန်းပေါ်လစီ မဂ္ဂဇင်း၏ အဆင့်သတ်မှတ်ချက်အရ ကမ္ဘာ့မြို့တော်များတွင် တတိယမြောက် ဖြစ်သည်။ .[4] ၂၀၁၀ ခုနှစ် မာဆာ စီးပွားရေး အင်တယ်လီဂျင့် ယူနစ်မှ လူနေမှုစရိတ် စစ်တမ်း အရ တိုကျိုသည် ရွှေ့ပြောင်းနေထိုင်သော ပညာရှင် ဝန်ထမ်းများတွက် ဒုတိယမြောက် ကုန်ကျစရိတ် အများဆုံးမြို့ အဖြစ် တွေ့ရှိရသည်။[5] မိုနိုကယ်လ် မဂ္ဂဇင်းမှလည်း တိုကျိုမြို့ကို စတုတ္ထမြောက် နေထိုင်ရန် အကောင်းဆုံးသော မြို့တော် အဖြစ် ၎င်း၊ ကမ္ဘာပေါ်တွင် နေထိုင်ရန် အကောင်းဆုံး မက်ဂါပိုလစ် အဖြစ်၎င်း ညွှန်းဆိုထားသည်။ [6]

အမည်မှည့်ခေါ်ခြင်း

တိုကျိုမြို့၏ မူလပထမ အမည်မှာ အဲဒို(Edo) ဟူ၍ ဖြစ်သည်။ ၁၈၆၈ ခုနှစ် နန်းမြို့တော် ဖြစ်လာသော အခါတွင် တိုကျိုဟု အမည်ပြောင်းလဲခဲ့ပြီး အဓိပ္ပာယ်မှာ အရှေ့ပိုင်း မြို့တော်ဟု အဓိပ္ပာယ်ရသည်။ အရှေ့အာရှ ထုံးစံအတိုင်း မြို့တော်၏ အမည်တွင် မြို့တော် ('京') ဟူသော စကားလုံး ထည့်သွင်းမှည့်ခေါ်ခြင်းပင်ဖြစ်သည်။ မေဂျီခေတ် အစောပိုင်းတွင် တိုကေး (Tōkei) ဟုလည်း ခေါ်ကြပြီး ဂျပန်စာလုံးကို တရုတ်အသံထွက်ဖြင့် ဖတ်သော အမည် ဖြစ်သည်။ ယခုထက်တိုင် ကြွင်းကျန်ရစ်နေသော အင်္ဂလိပ်တို့၏ ရုံးသုံးစာရွက်စာတမ်းများတွင် တိုကေး (Tokei) ဟူသော စာလုံးပေါင်းကို တွေ့ရသေးသည်။ သို့သော်လည်း ထိုအသံထွက်ကို ယခုအခါတွင် ဆက်လက်မသုံးစွဲကြတော့ပေ။

သမိုင်းကြောင်း

တိုကုဂါဝါ အိအဲယာစု

တိုကျိုသည် မူလက အဲဒိုဟု အမည်ရသည့် ငါးဖမ်းရွာကလေးပင် ဖြစ်သည်။ အဲဒို မျိုးနွယ်စုက ၁၂ ရာစု နှောင်းပိုင်းတွင် ပထမဆုံး အနေနှင့် တံတိုင်းကာရံခဲ့သည်။

၁၄၅၇ ခုနှစ်တွင် အိုတား ဒိုးကန်က အဲဒိုရဲတိုက်ကို တည်ဆောက်ခဲ့သည်။ ၁၅၉၀ ခုနှစ်တွင် တိုကုဂါဝါ အိအဲယာစုက တိုကျိုတွင် အခြေပြုခဲ့ပြီးနောက် ၁၆၀၃ ခုနှစ်တွင် သူသည် ရှိုးဂန်းဖြစ်လာခဲ့သည်။ မြို့သည် သူ၏ တစ်နိုင်ငံလုံး ဖြန့်ကျက်ထားသော စစ်အစိုးရ၏ ဗဟို အချက်အချာ ဖြစ်လာခဲ့သည်။ နောက်ပိုင်း အဲဒို ခေတ်များတွင် အဲဒိုသည် ကမ္ဘာပေါ်တွင် အကြီးဆုံးမြို့တစ်မြို့ ဖြစ်လာခဲ့ပြီး ၁၈ ရာစုတွင် လူဦးရေ ၁သန်းကျော် ရှိခဲ့သည်။.[7]

ဘုရင်က ကျိုတိုတွင် နေသော်လည်း တိုကျိုကို အများစုက ဂျပန်၏ မြို့တော် အဖြစ် သတ်မှတ်လာခဲ့ကြသည်။[8] ၂၆၃ နှစ်ကြာသော် အခါ တော်ဝင်ထီးနန်း စိုးစံမှု ပြန်လည်ပေါက်ပေါက်ရေး အတွက် ရှိုးဂန်းတို့ကို တွန်းလှန်ခဲ့သည်။ ၁၈၆၉ခုနှစ်တွင် အသက် ၁၇ နှစ်ရှိပြီဖြစ်သော မေဂျီဘုရင်သည် အဲဒိုသို့ ရွှေ့ပြောင်းခဲ့သည်။ ထိုအချိန်တွင် တိုကျိုသည် နိုင်ငံ၏ စီးပွားရေးနှင့် ယဉ်ကျေးမှု အချက်အခြာ နေရာတစ်ခု ဖြစ်နေပြီ ဖြစ်သည်။[9]ဘုရင်နေထိုင်မှုကြောင့် တိုကျိုသည် အများက သတ်မှတ်သည့် နန်းမြို့တော်ဖြစ်လာခဲ့ပြီး ယခင်က အဲဒိုရဲတိုက်သည် နန်းတော် ဖြစ်လာခဲ့သည်။ တိုကျိုမြို့တော်ကို တည်ထောင်ခဲ့ပြီး မြို့တော် အဖြစ် ဆက်လက်တည်ရှိနေခဲ့သည်မှာ စည်ပင်သာယာရေး နယ်နိမိတ်ကို ဖျက်သိမ်းပြီး မက်ထရိုပိုလစ်တန် အုပ်ချုပ်ရေးမြို့နှင့် ပေါင်းစပ်ခဲ့သော ၁၉၄၃ ခုနှစ် အထိပင် ဖြစ်သည်။

တိုကျိုမြို့လယ်ခေါင်သည် အိုဆာကာမြို့ ကဲ့သို့ပင် ၁၉၀၀ ပြည့်နှစ်များကတည်းက စတင် ဒီဇိုင်းထုတ် ပုံဖော်ခဲ့ပြီး အဓိက ရထား ဘူတာရုံများ အနီးတွင် သိပ်သည်းစွာ တည်ရှိသော အနေအထားပင် ဖြစ်သည်။ ထို့ကြောင့် မြို့ဆင်ခြေဖုံး ရထားလမ်းများကို လမ်းသွယ်များကို အခြေခံ၍ အဆင်ပြေသလို ဈေးသက်သာစွာ ဆောက်လုပ်နိုင်ကြသည်။ ထိုတည်ဆောက်မှု ပုံစံသည် အမေရိကန်ပြည်ထောင်စု ရှိ မြို့ကြီးများကဲ့သို့ လူဦးရေ ကျဲပြန့်ပြီး မော်တော်ကား သွားလာရန် အဓိကထား ဆောက်လုပ်သည့် ပုံစံနှင့် ကွဲပြားခြားနားသည်။ အိတ်စပရက်စ်ဝေးဟု ခေါ်သည့် အမြန်သွားလမ်းမကြီးများကို ဆောက်လုပ်ခဲ့သော်လည်း အခြေခံ ဒီဇိုင်းမှာမူ ပြောင်းလဲ မသွားပေ။

တိုကျိုသည် ၂၀ ရာစုအတွင်း အဓိက ကပ်ကြီး နှစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီး နှစ်ခုစလုံးမှ ပြန်လည် ထူထောင်နိုင်ခဲ့သည်။ ပထမတစ်ခုမှာ ၁၉၂၃ ခုနှစ် ဂရိတ်ကန်တိုး ငလျင်ကြီးဖြစ်ပြီး လူပေါင်း ၁၄၀,၀၀၀ ကျော် သေကြေ ပျောက်ဆုံး ခဲ့ရသည်။ [10] အခြားတစ်ခုမှာ ဒုတိယကမ္ဘာစစ် ဖြစ်သည်။ ၁၉၄၄ ခုနှစ်နှင့် ၁၉၄၅ ခုနှစ်တို့တွင် တိုကျိုကို ဗုံးကြဲတိုက်ခိုက်ရာတွင် လူပေါင်း ၇၅,၀၀၀ မှ ၂၀၀,၀၀၀ အထိ သေကြေပျက်စီး ခဲ့ရပြီး မြို့တစ်ဝက်ကျော်မှာ ပျက်စီးခဲ့သည်။ ဟီရိုရှီးမား နှင့် နာဂါဆာကီ မြို့နှစ်မြို့ပေါင်း အဏုမြူဗုံးကြဲခံရခြင်းကြောင့် ပျက်စီးဆုံးရှုံးရမှု ထက်ပင် ပို၍ များသေးသည်။[11]

စစ်အပြီးတွင် တိုကျိုမြို့ကို အားလုံးပြန်လည်တည်ဆောက်ခဲ့ပြီး ၁၉၆၄ နွေရာသီ အိုလံပစ်တွင် ကမ္ဘာသို့ ပြန်လည်ပြသ နိုင်ခဲ့သည်။ ၁၉၇၀ ခုနှစ်များတွင် ဆန်းရှိုင်း ၆၀ ဟု အမည်ရသည် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်မှု၊ ၁၉၇၈ ခုနှစ်တွင် မြို့တော်၏ အပြင်ဘက် အနည်းငယ်မျှ ကွာဝေးသော နေရာတွင် တည်ဆောက်ခဲ့သော နာရီတာ လေဆိပ် အသစ် စသည်တို့ အပြီးတွင် မက်ထရိုပိုလစ်တန် ဒေသတွင် လူဦးရေ ၁၁သန်း အထိ တိုးတက်လာခဲ့သည်။

လူအများတို့ ထိုဒေသအတွင်းသို့ ပြောင်းရွှေ့လာသည်နှင့်အမျှ တိုကျိုမြေအောက်ရထား နှင့် ခရီးသည်ပို့ဆောင်ရေး ရထားလမ်းတို့မှာ ကမ္ဘာပေါ်တွင် အလုပ်အများဆုံးထဲတွင် တစ်ခု အပါအဝင် ဖြစ်လာခဲ့သည်။[12] ၁၉၈၀ ခုနှစ်များအတွင်း အိမ်ခြံမြေနှင့် အကြွေး မတည်မငြိမ် ဖြစ်မှုများထဲတွင် အိမ်ခြံမြေဈေးများသည် အလွန်အမင်း မြင့်တက်လာခဲ့သည်။ ထို မတည်မငြိမ်ဖြစ်မှုသည် ၁၉၉၀ ခုနှစ်များတွင် ပေါက်ကွဲလာခဲ့ပြီး ကုမ္ပဏီများ၊ ဘဏ်များနှင့် လူများသည် အိမ်ပေါင်၍ ချေးထားသော အကြွေးငွေများကြောင့် အိမ်ဈေးများ ကျဆင်းလာသည်နှင့်အမျှ ပေါက်ကွဲခဲ့ရသည်။ အဓိက စီးပွားရေးကျဆင်းမှု ဖြစ်ပေါက်လာခဲ့ပြီး ၁၉၉၀ ခုနှစ် ဂျပန် စီးပွားပျက်ယွင်းမှုကို ဖြစ်ပေါ်စေခဲ့ကာ[13] ယခု အခါတွင်မူ တဖြည်းဖြည်းချင်း ပြန်လည် ထူထောင်လာနိုင်ပြီ ဖြစ်သည်။

ရေထဲမှ မြေနေရာများ ဖော်ထုတ်ခြင်း ပရော့ဂျက်များကို တိုကျိုတွင် လုပ်ကိုင်နေကြသည်မှာ ရာစုနှစ်များစွာ ရှိခဲ့ပြီ ဖြစ်သည်။ အထင်ရှားဆုံးမှာ အိုဒိုင်းဘ ဒေသဖြစ်ပြီး အခုအခါတွင် အဓိက ဈေးဝယ်ထွက်ရာနှင့် အပန်းဖြေရာ နေရာ ဖြစ်သည်။ အမျိုးသား အစိုးရ၏ လုပ်ငန်းများကို တိုကျိုမှ အခြားဒေသများရှိ ဒုတိယမြို့တော်များသို့ ပြောင်းရွှေ့ရန် အတွက် စီမံကိန်း အများအပြားကို တင်ပြခဲ့ကြသည်။[14] တိုကျိုမြို့၏ အလျင်အမြန် တိုးတက်မှုများကို အရှိန်သတ်ရန်နှင့် အခြားနောက်ကျန်နေခဲ့သော နိုင်ငံ၏ အခြားဒေသများကို အားပေးကူညီရန် ဖြစ်သည်။ ထိုစီမံကိန်းများမှာ ဂျပန်နိုင်ငံ အတွင်းတွင် သဘောထား မတူညီမှုများ ရှိနေပြီး အကောင်အထည်ဖော်ရန် လိုအပ်နေသေးသည်။[15]

ပထဝီ နှင့် အုပ်ချုပ်ရေးဒေသများ

တိုကျိုမြို့၏ ပင်မကုန်းမြေသည် တိုကျိုပင်လယ်အော် ၏ အနောက်မြောက်ဖက်တွင် တည်ရှိပြီး အရှေ့မှ အနောက်သို့ ၉၀ ကီလိုမီတာရှိကာ မြောက်မှတောင်သို့ ၂၅ ကီလိုမီတာ ရှိသည်။ ချီဘာ ပရီဖက်ချာမှ အရှေ့ဘက်၊ ယာမနရှိ ပရီဖက်ချာက အနောက်ဘက်၊ ကာနာဂါဝါ ပရီဖက်ချာမှ တောင်ဘက်နှင့် ဆိုင်းတာမာ ပရီဖက်ချာက မြောက်ဘက် တို့တွင် နယ်နိမိတ် အဖြစ် သတ်မှတ်ထားသည်။ တိုကျိုပင်မကုန်းမြေကို အထူးမြို့နယ်များအဖြစ် ထပ်မံပိုင်းခြားထားပြီး အရှေ့ပိုင်းတစ်ခြမ်းနှင့် တာမာ ဒေသ တို့တွင် နေရာယူထားကာ အနောက်ဖက်သို့ ဖြန့်ကျက် တည်ရှိသည်။

တိုကျိုမက်ထရိုပိုလစ်တန် အစိုးရ အဆောက်အဦး

တိုကျိုမက်ထရိုပိုလစ်၏ အုပ်ချုပ်ရေး ဒေသအတွင်းတွင်ပင် တောင်ဖက် ပစိဖိတ် သမုဒ္ဒရာ အတွင်းတွင် ကျွန်းစု နှစ်ခု ရှိသည်။ ၎င်းတို့မှာ အိဇုကျွန်းများနှင့် အိုဂါစာဝါယာကျွန်းများတို့ ဖြစ်ကြပြီး ထို ကျွန်းများမှာ ကုန်းမကြီးမှာ ကီလိုမီတာ ၁၀၀၀ ကျော် အကွာအဝေး အထိ ဖြန့်ကျက်တည်ရှိသည်။ ထိုကျွန်းများနှင့် အနောက်ဘက်ရှိ တောင်များရှိသည့် ဒေသတို့ကြောင့် တိုကျိုမြို့၏ လူဦးရေ ဖော်ပြချက်သည် အမှန်တကယ် မြို့ပြနှင့် ဆင်ခြေဖုံးတို့တွင် ရှိနေသည့် လူဦးရေထက် လျော့နည်းနေသည်။

ဂျပန်ဥပဒေတွင် တိုကျိုကို တို (都) သို့မဟုတ် မက်ထရိုပိုလစ် အဖြစ် သတ်မှတ်ထားသည်။ သူ၏ အုပ်ချုပ်မှု ပုံစံသည် ဂျပန်နိုင်ငံရှိ အခြား အုပ်ချုပ်ရေးမြို့များနှင့် ဆင်တူသည်။

တိုကျိုငလျင်

တိုကျိုမြို့၏ မြေအောက် ရထားနှင့် မြို့ပတ်ရထား ကွန်ရက်သည် ကမ္ဘာပေါ်တွင် ခရီးသွား အများဆုံး လုပ်ငန်း တစ်ခုဖြစ်သည်။ နယ်မြို့များတွင် နေထိုင်သူများသည် တိုကျိုမြို့ပြ ဒေသသို့ ပြော င်းရွှေ့ လာကြပြီး ၁၉၈ဝ ပြည့်လွန် နှစ်များတွင် အိမ်ခြံမြေဈေးကွက် ဈေးနှုန်းများမှာ ထိုးတက် လာခဲ့သည်။ ၂ဝ၁၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တိုကျို ဆူနာမီ ငလျင်ကြောင့် ဟွန်ရှုးကျွန်း အရှေ့မြော က်ပိုင်း ဒေသကို ထိခိုက်ပျက်စီး စေခဲ့ပြီး တိုကျိုမြို့ကိုလည်း သက်ရောက်မှု ရှိခဲ့သည်။ တိုကျိုမြို့၌ ၁၇ဝ၃၊ ၁၇၈၂၊ ၁၈၁၂၊ ၁၈၅၅ နှင့် ၁၉၂၃ ခုနှစ်တို့တွင် အင်အား အကြီးဆုံး ငလျင်များ လှုပ်ခတ်ခဲ့ သည်။ ၁၉၂၃ ခုနှစ် ငလျင်သည် အင်အား အကြီး မားဆုံးဖြစ်ပြီး ပမာဏမှာ ၈ ဒသမ ၃ ရှိကာ လူဦးရေ ၁၄၂ဝဝဝ သေဆုံးခဲ့သည်။ တိုကျိုမြို့သည် လွှာတွန့် တောင် သုံးခု အနီးတွင် တည်ရှိသည်။

ရာသီဥတု

တိုကျိုမြို့သည် စွတ်စို၍ ခြောက်သွေ့သော ဇုန်ထဲတွင် ကျရောက်နေပြီး ပူအိုက်စွတ်စိုသော ရာသီဥတုနှင့် ပြင်းထန်မှု နည်းပါးသော ဆောင်းရာသီတို့ကို ရင်ဆိုင်ရလေ့ ရှိသည်။ အပူနွေးဆုံး လမှာ ဩဂုတ်လ ဖြစ်ပြီး ပျမ်းမျှ အပူချိန် ၂၇ ဒသမ ၅ ဒီဂရီရှိကာ အအေးဆုံးလမှာ ဇန်နဝါရီ ဖြစ်၍ ပျမ်းမျှ အပူချိန် ၆ ဒီဂရီရှိသည်။ တိုကျိုမြို့သည် ဖန်လုံအိမ် ဓာတ်ငွေ့များ လျှော့ချ ဖြတ်တောက်ရေး အ တွက် ဥပဒေတစ်ရပ် ရေးဆွဲ လုပ် ဆောင်နေသည်။ ၂ဝ၂ဝ ပြည့်နှစ်တွင် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လုပ်မှုကို ၂၅ ရာခိုင်နှုန်း လျှော့ချရန် ရည်ရွယ် လုပ်ဆောင်လျက် ရှိသည်။

စီးပွားရေး

တိုကျိုမြို့သည် ကမ္ဘာ့အကြီးဆုံး မြို့ပြစီးပွားရေး အချက်အချာ နေရာဖြစ်ပြီး နိုင်ငံတကာ အဓိက ဘဏ္ဍာရေး ဗဟိုဌာန တစ်ခုလည်း ဖြစ်သည်။ ကမ္ဘာ့ကုမ္ပဏီကြီး ၅ဝဝ ထဲမှ ၅၁ ခုမှာ တိုကျိုမြို့တွင် အခြေစိုက် ထားကြ သည်။ ကမ္ဘာ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ဘဏ်နှင့် အာမခံ ကုမ္ပဏီ အများအပြားမှာ တိုကျိုတွင် အခြေ စိုက်ကြသည်။ ဂျပန်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး၊ ပုံနှိပ် ထုတ်ဝေေ ရးနှင့် ရုပ်မြင်သံကြား ရိုက်ကူး ထုတ် လွှင့်ရေး လုပ်ငန်းများ၏ အချက်အချာ နေရာလည်းဖြစ်သည်။ တိုကျိုစတော့ အိတ်ချိန်းသည် ဂျပန်နိုင်ငံ၏ အကြီးမားဆုံး စတော့ အိတ်ချိန်းဖြစ်ပြီး ဈေးကွက် အရင်းအနှီးတွင် အကြီးမားဆုံး ဖြစ်သည်။ မြို့၏ ၃၆ ရာခိုင်နှုန်းမှာ သစ်တောများ ဖုံးလွှမ်းလျက် ရှိသည်။

သယ်ယူပို့ဆောင်ရေး

တိုကျိုမြို့သည် ဂျပန်နိုင်ငံ၏ မီးရထားကုန်းလမ်းနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၏ အဓိက အချက်အချာ နေရာဖြစ်သည်။ တိုကျိုမြို့တွင် လူထုအတွက် သန့်ရှင်း၍ မြန်ဆန် ထိရောက်မှုရှိသော ရထားများနှင့် မြေအောက်ရထား ကွန်ရက်များဖြင့် ဆောင်ရွက်ပေးသည်။ ထို့အပြင် ဘတ်စကားများ၊ ဓာတ် ရထားများနှင့် ပို့ဆောင်သည်။ ဟာနေဒါလေဆိပ်မှာ ပြည်တွင်းနှ င့် နိုင်ငံတကာ လေကြောင်း ခရီးစဉ်များကို ဆောင်ရွက်ပေးသည်။ နာရီတာ လေဆိပ်မှာ တိုကျိုမြို့ အပြင်ဘက်တွင် တည်ရှိပြီး ဂျပန် လေကြောင်းလိုင်း များဖြစ်သည့် Japan Airline, All Nippon Airways, Delta Airlines ESifh United Airlines တို့သည် နာရီတာ လေဆိပ်ကို ဗဟိုပြု၍ ပျံသန်းကြသည်။ ရထား ပို့ဆောင်ရေးမှာ တိုကျိုမြို့၏ အဓိက သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း တစ်ခု ဖြစ်ပြီး ကမ္ဘာပေါ်တွင် အရှည်လျားဆုံး မြို့ပြ ရထားလမ်း ကွန်ရက်ရှိသည်။

ပညာရေး

တိုကျိုမြို့တွင် တက္ကသိုလ်၊ ကောလိပ်နှင့် အသက်မွေး ပညာ သင်တန်းကျောင်းများ ရှိသည်။ ဂျပန်နိုင်ငံ၏ ဂုဏ်သိက္ခာ အကြီးမားဆုံး တက္ကသိုလ်ကြီးများမှာ တိုကျိုတွင်ရှိရာ တိုကျိုတက္ကသိုလ်၊ ဟီတိုဆူဘာရှီ တက္က သိုလ်၊ တိုကျို နည်းပညာတက္ကသိုလ်၊ ဝါဆေးဒါ တက္ကသိုလ်နှင့် ကီအို တက္ကသိုလ်တို့ ပါဝင်သည်။ မူလတန်း ကျောင်းများနှင့် အလယ်တန်း၊ အထက်တန်း ကျောင်းများကို နယ်မြေခံ ရပ်ကွက်များနှင့် စည်ပင်သာယာ ရုံးများမှ ဖွင့်လှစ် ဆောင်ရွက်သည်။ တိုကျိုမြို့တွင် ပြည်သူပိုင် အထက်တန်း ကျောင်းများမှာ တိုကျိုမြို့ပြ ပညာရေး အုပ်ချုပ်မှု အဖွဲ့က စီစဉ်ဆောင် ရွက်သည့် မြို့ပြ အထက်တန်းကျောင်းများဟု ခေါ်ဆိုသည်။

အနုပညာ နှင့် ယဉ်ကျေးမှု

တိုကျိုမြို့တွင် ပြတိုက် အများအပြား ရှိသည်။ တိုကျို အမျိုးသား ပြတိုက်မှာ နိုင်ငံ၏ အကြီးဆုံး ပြတိုက်ဖြစ် ပြီး ဂျပန်ရိုးရာ အနုပညာများကို အထူးပြု ပြသထားသည်။ အခြား ပြတိုက်များမှာ အမျိုးသား အနောက်တိုင်း အနုပညာ ပြတိုက်၊ အူအီနို တိရစ္ဆာန် ဥယျာဉ်နှင့် တိုးတက် ဖွံ့ဖြိုးလာသော သိပ္ပံနှင့် ဆန်းသစ် တီထွင်မှု အမျိုးသား ပြတိုက်တို့ဖြစ်သည်။ တိုကျိုမြို့တွင် ကဇာတ်ရုံ များစွာလည်း ရှိသည်။ ရိုးရာ ပုံသဏ္ဌာန်နှင့် ခေတ်ပုံသဏ္ဌာန် နှစ်မျိုးစလုံးကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဇာတ်ရုံများတွင် ကပြကြသည်။

ကိုးကား

  1. Global city GDP rankings 2008-2025 Pricewaterhouse Coopers။ 4 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 November 2009 တွင် ပြန်စစ်ပြီး။
  2. Sassen, Saskia (2001)။ The Global City: New York, London, Tokyo (2nd ed.)။ Princeton University Press။ ISBN 0691070636
  3. GaWC - The World According to GaWC 2008 Lboro.ac.uk (2010-04-13)။ 2010-10-29 တွင် ပြန်စစ်ပြီး။
  4. THE GLOBAL CITIES INDEX 2010 Foreignpolicy.com။ 2010-10-29 တွင် ပြန်စစ်ပြီး။
  5. The Mercer 2009 Cost of Living Survey.
  6. Fawkes၊ Piers (2009-06-18)။ Top 25 Most Liveable Cities 2009 - Monocle PSFK.com။ 2009-07-06 တွင် ပြန်စစ်ပြီး။
  7. McClain၊ James (1994)။ Edo and Paris: Urban Life and the State in the Early Modern Era။ Cornell University Press။ p. 13။ ISBN 080148183X
  8. Sorensen၊ Andre (2004)။ The Making of Urban Japan: Cities and Planning from Edo to the Twenty First Century။ RoutledgeCurzon။ p. 16။ ISBN 0415354226
  9. History of Tokyo Tokyo Metropolitan Government။ 12 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-10-17 တွင် ပြန်စစ်ပြီး။
  10. Tokyo-Yokohama earthquake of 1923. Britannica Online Encyclopedia.
  11. Tipton, Elise K. (2002)။ Modern Japan: A Social and Political History။ Routledge။ p. 141ISBN 0585453225
  12. Rail Transport in The World's Major Cities (PDF)။ Japan Railway and Transport Review။ 25 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-10-17 တွင် ပြန်စစ်ပြီး။
  13. Saxonhouse၊ Gary R. (ed.) (2004)။ Japan's Lost Decade: Origins, Consequences and Prospects for Recovery။ Blackwell Publishing Limited။ ISBN 1405119179 Unknown parameter |coauthors= ignored (|author= suggested) (အကူအညီ)CS1 maint: extra text: authors list (link)
  14. Shift of Capital from Tokyo Committee Japan Productivity Center for Socio-Economic Development။ 25 August 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-10-14 တွင် ပြန်စစ်ပြီး။
  15. Policy Speech by Governor of Tokyo, Shintaro Ishihara at the First Regular Session of the Metropolitan Assembly, 2003 Tokyo Metropolitan Government။ 3 November 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-10-17 တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.