ဇွန် ၁၉၈၂

(၁) ရက်

  • တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် မိတ်သင်္ဂဟဆက်ဆံရေးကို တိုးမြှင့်၍ ပိုမိုကုန်သွယ်ကူးသန်းရန် ဂျပန်ပြည်သို့ အလည်အပတ်ရောက်ရှိနေသော တရုတ်ဝန်ကြီးချုပ် ကျောက်ကျိယန်နှင့် ဂျပန်ဝန်ကြီးချုပ် ဆူဇူကီးတို့ ဆွေးနွေးသဘောတူကြ။

(၂) ရက်

  • ကိုရီးယားသမ္မတနိုင်ငံဆိုးလ်မြို့တော်နှင့် ၁၀ မိုင်အကွာတွင် ကိုရီးယားသမ္မတနိုင်ငံလေတပ်မှ စီ ၁၂၃ အမျိုးအစား လေယာဉ်တစင်းသည် မေ ၃၁ ရက်နေ့က ပျက်ကျရာ လူပေါင်း ၅၃ ဦးသေဆုံးသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာ။(ကိုးကား နိုင်ငံတကာသတင်းစဉ် ဩဂုတ် ၁၉၈၂)

    (၃) ရက်


    (၄) ရက်

    • အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်တွင် တနာရီလျှင် ၁၂၅ မိုင်နှုန်းတိုက်ခတ်သော လေပြင်းမုန်တိုင်း ကျရောက်ခြင်းကြောင့် လူ ၇၀ ကျော်သေဆုံးပြီး အိမ်ခြေထောင်ချီ၍ ပျက်စီးသည်ဟု သက်ဆိုင်ရာက ကြေငြာ။(ကိုးကား နိုင်ငံတကာသတင်းစဉ် ဩဂုတ် ၁၉၈၂)

    (၅) ရက်

    • တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ကျောက်ကျိယန်သည် ဂျပန်နိုင်ငံတွင် ခြောက်ရက်ကြာ လည်ပတ်ခရီးပြီးဆုံး၍ ဂျပန်နိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည်ထွက်ခွာ။

    (၆) ရက်

    • ပြင်သစ်နိုင်ငံဗာဆေးလ်မြို့တွင် သုံးရက်ကြာ ကျင်းပခဲ့သည့် စက်မှု ခုနစ်နိုင်ငံ၏ ထိပ်သီးအစည်းအဝေး ပြီးဆုံး။

    (၇) ရက်

    • ရက်သတ္တပတ်ငါးပတ်ကြာမည်ဖြစ်သော ကုလသမဂ္ဂ အထွေထွေညီလာခံ၏ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ အထူးအစည်းအဝေးကို ဖွင့်လှစ်ကျင်းပ။(ကိုးကား နိုင်ငံတကာသတင်းစဉ် ဩဂုတ် ၁၉၈၂)
    • အင်ဒိုနီးရှား၊ စူးမားတြားကျွန်းတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မြစ်ရေလျှံသောကြောင့် လူ ၁၇၈ ဦးသေဆုံး၊ ၄၇ ဦးပျောက်ဆုံး၊ ရေဘေးကြောင့် သီးနှံနှင့် ကျွဲနွားဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆ သန်းဖိုးခန့် ရှိမည်ဟု အင်ဒိုနီးရှားအစိုးရက ကြေငြာ။

    (၈) ရက်


    (၉) ရက်

    • ဘရာဇီး၌ ခရီးသည်တင် ဘိုးအင်း ၇၂၇ လေယာဉ်တစင်းသည် တောင်ခါးပန်းကို တိုက်မိသဖြင့် လေယာဉ်ပေါ်တွင်လိုက်ပါသွားသူ လူပေါင်း ၁၃၅ ဦးစလုံး သေဆုံး။

    (၁၀) ရက်

    • မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့(နေတိုး)၏ ထိပ်သီးအစည်းအဝေးကို ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ ဘွန်းမြို့တွင် ဖွင့်လှစ်ကျင်းပရာ အဖွဲ့ဝင် ၁၆ နိုင်ငံ၏ နိုင်ငံတော်အကြီးအကဲများနှင့် အစိုးရအဖွဲ့ခေါင်းဆောင်များ တက်ရောက်။
    • အိန္ဒိယ၊ ဩရိဿပြည်နယ်တွင် ကျရောက်ခဲ့သော လေဘေးဒဏ်ကြောင့် ၂၅၀ သေဆုံးပြီး၊ ရာချီ၍ ပျောက်ဆုံးနေ၊ ဒုက္ခရောက်ရသူပေါင်းမှာ ခုနစ်သန်းကျော်ရှိသည်ဟု အိန္ဒိယသတင်းဌာနက ကြေငြာ။ ::*

    (၁၁) ရက်


    (၁၂) ရက်

    • မောရိရှပ်စ်နိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် အတိုက်အခံလက်ဝဲညွန့်ပေါင်း ပါတီ ၂ ခုက အပြတ်အသတ်အနိုင်ရပြီး အာဏာလက်ရှိ လက်ယာညွန့်ပေါင်းအဖွဲ့တို့ အရေးနိမ့်။

    (၁၃) ရက်

    • အင်ဒိုနီးရှား၊ ဂျာကာတာမြို့တွင် ၁၂ ရက်ကြာ ကျင်းပသော စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကွန်ဖရင့် ပြီးဆုံး။
    • ဆော်ဒီအာရေးဘီးယားဘုရင် ခါလက်(၆၉ နှစ်)သည် နှလုံးရောဂါဖြင့် ကွယ်လွန်၍ ညီတော် အိမ်ရှေ့မင်းသာ ဖဒ်က ဘုရင့်အရိုက်အရာကို ဆက်ခံ။

    (၁၄) ရက်

    • ပါလက်စတိုင်းတပ်များကို လက်ဘနွန်နိုင်ငံတွင်းသို့ ဝင်ရောက်တိုက်ခိုက်နေသော အစ္စရေးတပ်များ၏ ကျူးကျော်မှုကို ရပ်စဲရန် ဆိုဗီယက်ပြည်ထောင်စုက ကြေငြာချက်ထုတ်ပြန်၍ တောင်းဆို။

    (၁၅) ရက်

    • ဖော့ကလန်ကျွန်းကို တက်ရောက်သိမ်းပိုက်ထားသော အာဂျင်တီးနားတပ်များသည် ဒေသစံတော်ချိန် ဇွန်လ ၁၄ ရက် ည ၉ နာရီ၌ ဗြိတိသျှတပ်များထံ လက်နက်ချသည်ဟု ဗြိတိသျှ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ကြေငြာ။

    (၁၆) ရက်

    • မောရိရှပ်စ်နိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော လက်ဝဲပါတီ ၂ ခု၏ ညွန့်ပေါင်းအစိုးရသစ် ရာထူးလက်ခံဆောင်ရွက်ရာ အစိုးရသစ်ကို ဝန်ကြီးချုပ် အန်နီဂွတ်ဂျာနော့က ဦးဆောင်၍ အစိုးရအဖွဲ့တွင် အဖွဲ့ဝင်ဝန်ကြီး ၁၃ ဦးပါရှိ။

    (၁၇) ရက်


    (၁၈) ရက်

    • ဆိုဗီယက်ပြည်ထောင်စုမှ အနောက်ဥရောပနိုင်ငံများကို ဓာတ်ငွေ့ပိုက်လိုင်းများ ဆက်သွယ်ရာတွင် အမေရိကန်အသုံးအဆောင်ပစ္စည်း တင်ပို့ရောင်းချခြင်းကို ဆက်လက်တားမြစ် ပိတ်ပင်ထားမည်သာမက တိုးချဲ့ဦးမည်ဟု အမေရိကန်သမ္မတ ရော်နယ်ရီဂင်က ကြေငြာ။

    (၁၉) ရက်


    (၂၀) ရက်


    (၂၁) ရက်

    • မက္ကဆီကို၊ အကာပူလ်ကိုမြို့တွင် လေးရက်ကြာ ကျင်းပမည့် ကမ္ဘာ့စားနပ်ရိက္ခာကောင်စီအစည်းအဝေးကို မက္ကဆီကိုသမ္မတ ဟိုဆေးလိုပက်ပိုတီလိုက ဖွင့်လှစ်ပေး။

    (၂၂) ရက်

    • ကမ္ဘောဒီးယား၊ နန်းစွန့်ဘုရင် မင်းသားကြီး သီဟာနု၊ ကွန်မြူနစ်ခမာနီခေါင်းဆောင် ခယူဆန်ဖန်နှင့် လက်ယာဂိုဏ်းခေါင်းဆောင် ဆွန်ဆမ်တို့သည် မလေးရှား၊ ကွာလာလမ်ပူမြို့တွင် တွေ့ဆုံးညှိနှိုင်း၍ ကမ္ဘောဒီးယားသုံးပါတီ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းကြောင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုး၊ ယင်းအရ မင်းသားကြီး သီဟာနုသည် ကမ္ဘောဒီးယားသုံးပွင့်ဆိုင် ညွန့်ပေါင်းအစိုးရ၏ နိုင်ငံတော်သမ္မတအဖြစ်၊ ခမာနီခေါင်းဆောင် ခယူဆန်ဖန်သည် ဒုတိယသမ္မတအဖြစ်၊ လက်ယာအုပ်စုခေါင်းဆောင် ဆွန်ဆမ်သည် ဝန်ကြီးချုပ်အဖြစ် အသီးသီး ဆောင်ရွက်ကြမည်ဟု ကြေငြာ။

    (၂၃) ရက်


    (၂၄) ရက်

    • ပြင်သစ်လေတပ် ဗိုလ်မှူးကြီးတဦးနှင့် ဆိုဗီယက်အာကာသယာဉ်မှူးနှစ်ဦးတို့ လိုက်ပါလျက် အာကာသတွင် ခုနစ်ရက်မျှ ပျံသန်းမည့် ဆိုယုဇ်တီ ၆ အာကာသယာဉ်ကို ဆိုဗီယက်ပြည်ထောင်စုက အာကာသလမ်းဝန်းအတွင်းသို့ လွှတ်တင်။
    • လက်ဘနွန်၊ ဘေရွတ်နှင့် ဒမတ်စကပ်သွားလမ်းမကြီးပေါ်ရှိ စစ်ရေးအချက်အချာကျသော ဘမ်ဒေါင်မြို့ကို အစ္စရေးတပ်များက သိမ်းပိုက်။

    (၂၅) ရက်

    • အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒါးဟိဂ်သည် ရာထူးမှ နုတ်ထွက်။

    (၂၆) ရက်

    • လက်ဘနွန်၊ ဘေရွတ်မြို့တော် အနောက်ပိုင်းအား ပိတ်ဆို့ဝန်းရံထားသော အစ္စရေးတပ်များ ရုပ်သိမ်းပေးရန်နှင့် ပါလက်စတိုင်းတပ်များ မိမိတို့စခန်းသို့ ပြန်ရန် တောင်းဆိုသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာသုံး၍ ပယ်ချ။

    (၂၇) ရက်

    • အမေရိကန်လွန်းပျံအာကာသယာဉ် ကိုလံဘီယာကို စတုတ္ထအကြိမ်မြောက် အာကာသသို့ လွှတ်တင်၊ ယာဉ်ပေါ်၌ စစ်ရေးဆိုင်ရာ ပစ္စည်းများနှင့် အခြားစမ်းသပ်မှုများ ပြုလုပ်ရန် ကိရိယာများ ပါရှိသွား။

    (၂၈) ရက်

    • ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ နိုင်ငံတော်ကောင်စီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ရာတွင် ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ နိုင်ငံတော်ကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး ဇွမ်သီကို ရာထူးမှ ဖယ်ရှား၊ ၎င်းနေရာတွင် ဒုတိယဥက္ကဋ္ဌတဦးဖြစ်သူ လီသန်ဝီကို ခန့်ထားလိုက်သည်ဟု ဗီယက်နမ်သတင်းကြေငြာချက်တွင် ဖော်ပြ။

    (၂၉) ရက်


    (၃၀) ရက်


    ကိုးကား

      နိုင်ငံတကာရေးရာသတင်းစဉ် ဩဂုတ်၊ ၁၉၈၂ ထုတ်။

      This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.