ညောင်ဇင်ရွာ၊ သရက်ချောင်းမြို့နယ်
ညောင်ဇင်ရွာ(အင်္ဂလိပ်: Nyaungzin)သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၇၂၄၁ ဖြစ်သည်။ ညောင်ဇင်ဈေးသည် အစိုးရဈေး ဖြစ်သည်။ အထက်တန်းကျောင်းသည် ဆရာ/မ ၄၀ ကျော်၊ ကျောင်းသား/သူ ၈၀၀ ကျော် ရှိသည်။ မူလွန်လည်း ရှိသည်။ ဘကကျောင်းလည်း ရှိသည်။ ကျေးလက်ကျန်းမာရေးဌာန ရှိသည်။ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကောသလ ကျောင်းထိုင်သည့် ညောင်ဇင်ကျောင်းသစ် ရှိသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၉၆၆၊ စုစုပေါင်း ၄၃၄၃ ဦးနေထိုင်သည်။ [1]
ညောင်ဇင် | |
---|---|
ရွာ | |
ညောင်ဇင်ရွာ | |
![]() ![]() ညောင်ဇင် | |
ကိုဩဒိနိတ်: 13°59′06″N 98°14′05″E | |
နိုင်ငံ | ![]() |
တိုင်းဒေသကြီး | တနင်္သာရီတိုင်းဒေသကြီး |
ခရိုင် | ထားဝယ်ခရိုင် |
မြို့နယ် | သရက်ချောင်းမြို့နယ် |
ကျေးရွာအုပ်စု | ညောင်ဇင် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.