တရုတ်သမိုင်း
တရုတ်ယဉ်ကျေးမှုသည် ကျောက်ခေတ်သစ်အတွင်း မြစ်ဝါမြစ်ဝှမ်း (黃河) တလျှောက်ရှိ မြို့ပြနိုင်ငံများမှ အစပြုခဲ့သည်။ မှတ်တမ်းတင်ထားသည့် တရုတ်သမိုင်း ရှမင်းဆက် (夏朝) (2070 BCE – 1600 BCE) မှ စတင်ခဲ့သည်။ ဆန်းမင်းဆက် (商朝) မှ လိပ်ခွံစသည့် တိရစ္ဆာန်အရိုးများပေါ်တွင် ရေးထွင်းသည့် အရိုးစာ (甲骨文) များသည် အစောဆုံးအနေဖြင့် 1500 BCE ခန့်ကဟု တွေ့ရှိရသည်။[1] တရုတ်ယဉ်ကျေးမှု၊ စာပေ၊ ဒဿနိက အတွေးအခေါ်များသည် ဆန်းမင်းဆက်၏ နောက်တခေတ်ဖြစ်သည့် ကျိုးမင်းဆက် (周朝) (1045 BCE - 256 BCE) စတင် ထွန်းကားလာခဲ့သည်မှာ ယနေ့အထိဖြစ်သည်။ တရုတ်သမိုင်းတွင် ကျိုးမင်းဆက်သည် အချိန်ကာလ အကြာမြင့်ဆုံး ဖြစ်သည့်အပြင် တရုတ်စာအရေးအသားတွင်လည်း အရိုးစာများမှ ယနေ့ခေတ်အသုံးပြုသည့် စာလုံးများအဖြစ် ဖွံ့ဖြိုးပြောင်းလဲလာသည့် ခေတ်ကာလလည်း ဖြစ်သည်။
သမိုင်းဦးခေတ် | |||||||
3 Sovereigns and 5 Emperors | |||||||
ရှမင်းဆက် 2100–1600 BCE | |||||||
ရှန်းမင်းဆက် 1600–1046 BCE | |||||||
ကျိုးမင်းဆက် 1045–256 BCE | |||||||
အနောက်ကျိုး | |||||||
အရှေ့ကျိုး | |||||||
ချွင်းချိုးခေတ် | |||||||
စစ်ပြိုင်ခေတ် | |||||||
အင်ပါယာခေတ် | |||||||
ချင်မင်းဆက် 221 BCE–206 BCE | |||||||
ဟန်မင်းဆက် 206 BCE–220 CE | |||||||
အနောက်ဟန် | |||||||
ရှင်းမင်းဆက် | |||||||
အရှေ့ဟန် | |||||||
သုံးပြည်ထောင်ခေတ် 220–280 | |||||||
ဝေ့၊ ရှူ၊ ဝူ | |||||||
ကျင့်မင်းဆက် 265–420 | |||||||
Western Jin | 16 Kingdoms 304–439 | ||||||
Eastern Jin | |||||||
တောင်နှင့်မြောက်မင်းဆက် 420–589 | |||||||
စွေမင်းဆက် 581–618 | |||||||
ထန်မင်းဆက် 618–907 | |||||||
( Second Zhou 690–705 ) | |||||||
၅ မင်းဆက် ၁၀ ပြည်ထောင် 907–960 |
လျောင်မင်းဆက် 907–1125 | ||||||
စုန့်မင်းဆက် 960–1279 |
|||||||
မြောက်စုန့်ခေတ် | (န)ရှ | ||||||
တောင်စုန့်ခေတ် | ကျင်း | ||||||
ယွမ်မင်းဆက် 1271–1368 | |||||||
မင်မင်းဆက် 1368–1644 | |||||||
ချင်းမင်းဆက် 1644–1911 | |||||||
ခေတ်သစ် | |||||||
တရုတ်သမ္မတနိုင်ငံ 1912–1949 | |||||||
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ 1949–ယနေ့ |
တရုတ် သမ္မတနိုင်ငံ (ထိုင်ဝမ်) 1945–ယနေ့ |
မြေရှင် ပဒေသရာဇ် စနစ်ကျင့်သုံးသည့် ကျိုးမင်းဆက်သည် နောက်ဆုံးတွင် တိုင်းငယ်ပြည်ငယ်များအဖြစ် ပြိုကွဲသွားကာ စစ်ပြိုင်ခေတ် စတင်လာသည်။ ၂၂၁ ဘီစီတွင် ချင်ရှီဟွမ် (秦始皇) က ထီးပြိုင်နန်းပြိုင် တိုင်းပြည်ငယ်များကို ပေါင်းစည်းကာ ပထမဦးဆုံးသော တရုတ်အင်ပါယာကြီးကို ဖန်တီးခဲ့သည်။ ချင်ရှီဟွမ် အစပြုသည့် ချင်မင်းဆက် (秦朝) မှစကာ ပိုင်နက်နယ်မြေများအား အင်ပါယာကြီးမှ တိုက်ရိုက်ထိန်းချုပ်နိုင်စွမ်းရှိစေသည့် ဗျူရိုကရေစီ အစိုးရစနစ် ထွန်းကားလာခဲ့သည်။
အကြမ်းဖျင်းပြောရလျှင် တရုတ်သမိုင်းသည် မင်းဆက်တဆက်မှ နောက်တဆက်သို့ အပြောင်းအလဲတွင် နိုင်ငံရေးအရ ပေါင်းစည်းလိုက်၊ တကွဲတပြားစီဖြစ်လိုက်၊ ရံဖန်ရံခါ (ယနေ့တွင် ဟန်တရုတ်များနှင့် ရောယှက်နေထိုင်လျက်ရှိသည့်) မွန်ဂိုနှင့် မန်ချူးကဲ့သို့ အခြားလူမျိုးများ အုပ်စိုးသည့် ခေတ်ကာလများ ဖြစ်သည်။ နယ်မြေချဲ့ထွင်ရာမှ အာရှအခြားဒေသမှ အလုံးအရင်းလိုက် ပြောင်းရွှေ့လာသူများ၏ ယဉ်ကျေးမှု၊ နိုင်ငံရေးစသည့် အပိုင်းကဏ္ဍအသီးသီးမှ လွှမ်းမိုးမှုများကြောင့် ယနေ့ခေတ် တရုတ်ယဉ်ကျေးမှုအဖြစ် ရုပ်လုံးပေါ်လာခဲ့သည်။
ကိုးကား
- Henry Cleere. Archaeological Heritage Management in the Modern World. 2005. Routledge. p. 318. ISBN 0-415-21448-3.