တွစ်တာ
တွစ်တာ (အင်္ဂလိပ်: Twitter ၊ တွတ်တာ ဟုလည်း စာလုံးပေါင်း) သည် အွန်လိုင်း သတင်းနှင့် လူမှုဆက်သွယ်ရေး ကွန်ယက်တစ်ခု ဖြစ်သည်။ မှတ်ပုံတင်ထားသော အသုံးပြုသူများသည် ယခင်က တွိစ် ဟုခေါ်သည့် စာလုံးရေ ၁၄၀ ထိသာ ရိုက်ထည့်နိုင်အောင် ကန့်သတ်ထားသော်လည်း ၂၀၁၇ နိုဝင်ဘာလ ၇ ရက်နေ့တွင် ဂျပန်ဘာသာ၊ တရုတ်ဘာသာ၊ ကိုရီးယားဘာသာမှလွဲ၍ ကျန်ဘာသာစကားများကို စာလုံးရေ ၂၈၀ အထိ နှစ်ဆ တိုးမြှင့်ပေးခဲ့ပြီး ထိုစာတိုများကို ရေးတင်ခြင်း ပြုလုပ်နိုင်သည်။ မှတ်ပုံတင်မထားသော အသုံးပြုသူများကမူ ၎င်းတို့ကို ဖတ်ခြင်းသာ ပြုလုပ်နိုင်မည်။ အသုံးပြုသူများသည် တွစ်တာကို ဝက်ဘ်ဆိုဒ်၊ မိုဘိုင်းလ် အက်ပ် သို့မဟုတ် ဖုန်းစာတိုပို့စနစ် (SMS) စသည့် နည်းလမ်းများဖြင့် သုံးနိုင်သည်။[6] တွစ်တာကုမ္ပဏီ၏ ရုံးချုပ်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုတွင် တည်ရှိ၍၊ ကမ္ဘာတစ်ဝန်း ရုံးခွဲ ၂၅ ခုအထက် ရှိသည်။[7]
![]() | |
အမျိုးအစား | အများပိုင် (အများနှင့် သက်ဆိုင်သော) |
---|---|
တည်ထောင်ခြင်း | မတ် ၂၁၊ ၂၀၀၆ |
ဌာနချုပ် | ဆန်ဖရန်စစ္စကို၊ ကယ်လီဖိုးနီးယား၊ အမေရိကန်ပြည်ထောင်စု[1] |
ကိုဩဒိနိတ် | 37.7768°N 122.4166°W |
ဝန်ဆောင်မှု ဧရိယာ | ကမ္ဘာတစ်လွှား |
တည်ထောင်သူ(များ) | ဂျက် ဒေါ့ဆေး နော့ရှ် ဂလက်စ် ဘဇ် စတုန်း အီဗင် ဝီလျံ |
အရေးပါ ပုဂ္ဂိုလ် | အိုမစ် ကိုဒစ်စတာနီ (စီမံခန့်ခွဲရေး ဥက္ကဋ္ဌ) ဂျက် ဒေါ့ဆေး (စီအီးအို) |
လုပ်ငန်း | အင်တာနက် |
ဝင်ငွေ | ![]() |
ဝန်ထမ်းများ | ၃၈၆၀ (ဇွန်လ၊ ၂၀၁၆)[3] |
လက်အောက်ခံ ကုမ္ပဏီ | ဗိုင်းန် (Vine) ပယ်ရီစကုပ် (Periscope) |
Alexa အဆင့် | ![]() |
ဆိုဒ်အမျိုးအစား | သတင်းနှင့် လူမှုကွန်ယက် ဝန်ဆောင်မှု |
မှတ်ပုံတင်ခြင်း | ပို့စ်တင်ရန် ၊ သတင်းလိုက်ရန်နှင့် သတင်းလိုက်ခြင်း ခံရရန် လိုအပ် |
အသုံးပြုသူများ | သက်ဝင်နေဆဲ အသုံးပြုသူ ၃၁၃ သန်း (ဇွန်လ၊ ၂၀၁၆)[5] |
ရရှိနိုင်သည့် ဘာသာစကား | မျိုးစုံ (အများအပြား) |
လွှင့်တင်သည့်နှစ် | ဇူလိုင် ၁၅၊ ၂၀၀၆ |
လက်ရှိ အခြေအနေ | သက်ဝင်နေဆဲ |
တွစ်တာကို ဂျက် ဒေါ့ဆေး၊ နော့ရှ် ဂလက်စ်၊ ဘဇ် စတုန်းနှင့် အီဗင် ဝီလျံတို့က ၂၀၀၆ ခုနှစ်၊ မတ်လတွင် ဖန်တီးခဲ့ပြီး၊ ဇူလိုင်လတွင် စတင်လွှင့်တင်ခဲ့ရာ ကမ္ဘာအနှံ့ လူပေါင်းများစွာ တွင်ကျယ်စွာ အသုံးပြုလာခဲ့ကြသည်။ ၂၀၁၂ ခုနှစ်တွင် သန်း ၁၀၀ မကသော တွစ်တာ အသုံးပြုသူများသည် တစ်နေ့လျှင် တွိစ်ပေါင်း သန်း ၃၄၀ ကို တင်ခဲ့ကြပြီး၊[8] "တွစ်တာရှာဖွေရေးစနစ်" တွင် တစ်နေ့လျှင် ရှာဖွေမှု အကြိမ်ရေပေါင်း ၁.၆ သန်းခန့် ဝန်ဆောင်မှုပေးခဲ့ရသည်။[9][10][11] ၂၀၁၃ ခုနှစ်တွင် တွစ်တာသည် လည်ပတ်မှုအများဆုံး ဝက်ဘ်ဆိုဒ် ၁၀ ခုထဲတွင် ပါဝင်ခဲ့ပြီး ၊ "အင်တာနက်၏ ဖုန်းစာတိုပို့စနစ်" ဟု တင်စားခြင်းခံရသည်။[12][13] ၂၀၁၆ ခုနှစ်၊ မတ်လတွင် တွစ်တာသုံးသူဦးရေ သန်း ၃၁၀ အထိ ရှိလာသည်။[5] ၂၀၁၆ ခုနှစ်၊ အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲနေ့တွင် (အသုံးပြုသူများက ကမ္ဘာ့အရှေ့ပိုင်းစံတော်ချိန် ည ၁၀ နာရီတွင် တွိစ်ပေါင်း သန်း ၄၀ တင်ခဲ့ခြင်းဖြင့်) တွစ်တာသည် အရေးကြီးသတင်းအချက်အလက်များ၏ ရင်းမြစ်တစ်ခုဖြစ်ကြောင်း သက်သေပြခဲ့ပေသည်။[14] ယခုအခါ တွစ်တာကို မြန်မာနိုင်ငံမှ စိုင်းစိုင်းခမ်းလှိုင် အပါအဝင် ထင်ရှားသော နိုင်ငံတကာ အနုပညာရှင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ လုပ်ငန်းရှင်များ၊ သတင်းဌာနများက ကျယ်ပြန့်စွာ အသုံးပြုနေကြသော်လည်း၊ မြန်မာနိုင်ငံတွင်မူ အသုံးနည်းနေသည်ဟု ဆိုရပေမည်။
အခြားကြည့်ရန်
ကိုးကား
- About Twitter, Inc.။
- Jeremy Quittner။ "Twitter Balance Sheet"၊ Google၊ October 3, 2013။ November 14, 2013 တွင် ပြန်စစ်ပြီး။
- Twitter Company Info။ Twitter (February 6, 2015)။ May 2, 2014 တွင် ပြန်စစ်ပြီး။
- Twitter.com Site Info။ Alexa Internet။ February 1, 2017 တွင် ပြန်စစ်ပြီး။
- About Twitter, Inc.။ Twitter။
- "Twitter via SMS FAQ" Archived 6 April 2012 at the Wayback Machine. Retrieved April 13, 2012.
- "About Twitter" Retrieved April 24, 2014.
- Twitter (March 21, 2012)။ Twitter turns six။ Twitter။
- Twitter Passed 500M Users In June 2012, 140M Of Them In US; Jakarta 'Biggest Tweeting' City။ TechCrunch (July 30, 2012)။
- Twitter Search Team (May 31, 2011)။ The Engineering Behind Twitter's New Search Experience။ Twitter Engineering Blog။ Twitter။ 25 March 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 7, 2014 တွင် ပြန်စစ်ပြီး။
- "Twitter turns six" Twitter.com, March 21, 2012. Retrieved December 18, 2012.
- Top Sites။ Alexa Internet။ May 13, 2013 တွင် ပြန်စစ်ပြီး။
- D'Monte၊ Leslie (April 29, 2009)။ Swine Flu's Tweet Tweet Causes Online Flutter။ Business Standard။ February 4, 2011 တွင် ပြန်စစ်ပြီး။ “Also known as the 'SMS of the internet', Twitter is a free social networking service”
- For Election Day Influence, Twitter Ruled Social Media။ The New York Times (November 8, 2016)။ November 20, 2016 တွင် ပြန်စစ်ပြီး။