ကယ်လီဖိုးနီးယားပြည်နယ်
ကယ်လီဖိုးနီးယားပြည်နယ် အမေရိကန်ပြည်ထောင်စု၏ ပစိဖိတ်ဒေသတွင် တည်ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။ စုစုပေါင်း ဧရိယာ ၁၆၃,၆၉၆ စတုရန်းမိုင် (၄၂၃,၉၇၀ စတုရန်း ကီလိုမီတာ) တွင် လူဦးရေ စုစုပေါင်း ၃၉.၅ သန်းမျှ နေထိုင်သဖြင့် ကယ်လီဖိုးနီးယားသည် အမေရိကန်ပြည်ထောင်စုတွင် လူဦးရေအများဆုံး နေထိုင်သော ပြည်နယ်ဖြစ်ပြီး ဧရိယာအားဖြင့် တတိယမြောက် အကြီးဆုံး ဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်ရှိ လူဦးရေအများဆုံး နိုင်ငံတွင်းဒေသများတွင် အဆင့် ၃၄ ရှိသည်။ ကယ်လီဖိုးနီးယားသည် မြောက်အမေရိကတိုက်တွင် လူဦးရေ အများဆုံး နိုင်ငံတွင်း ဒေသ ဖြစ်ပြီး မြို့တော်မှာ ဆေခရာမန်တိုမြို့ ဖြစ်သည်။ ဂရိတ်တား လော့အိန်ဂျယ်လိစ်ဒေသ နှင့် ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသ တို့သည် နိုင်ငံအတွင်း ဒုတိယနှင့် ပဉ္စမမြောက် လူဦးရေ အများဆုံး မြို့ပြဒေသများ ဖြစ်ကြပြီး လူဦးရေအားဖြင့် ၁၈.၇ သန်း နှင့် ၉.၇သန်း အသီးသီးရှိကြသည်။ [5] လော့အိန်ဂျယ်လိစ်မြို့ သည် ပြည်နယ်အတွင်း လူဦးရေ အများဆုံးမြို့ ဖြစ်ပြီး နိုင်ငံအတွင်း နယူးယောက်မြို့ ပြီးလျှင် ဒုတိယမြောက် လူဦးရေအများဆုံး မြို့ ဖြစ်သည်။ ကယ်လီဖိုးနီးယားတွင် နိုင်ငံအတွင်း လူဦးရေ အများဆုံး ကောင်တီဖြစ်သော လော့စ်အိန်ဂျယ်လိစ်ကောင်တီ ရှိပြီး ဧရိယာအားဖြင့် အကြီးဆုံး ဖြစ်သော ဆန်ဘာနာဒီနို ကောင်တီလည်း ရှိသည်။ ဆန်ဖရန်စစ္စကို မြို့နှင့် ကောင်တီသည် နိုင်ငံအတွင်း နယူးယောက်မြို့ ပြီးလျှင် ဒုတိယမြောက် လူဦးရေ အသိပ်သည်းဆုံးမြို့ ဖြစ်ပြီး နယူးယောက်မြို့၏ ရပ်ကွက် ၄ ခု ပြီးလျှင် နိုင်ငံအတွင်း ပဉ္စမမြောက် လူဦးရေ အသိပ်သည်းဆုံး ကောင်တီ ဖြစ်သည်။
ကယ်လီဖိုးနီးယား ပြည်နယ် | |||||||||||
| |||||||||||
ရုံးသုံးဘာသာစကားများ | အင်္ဂလိပ်ဘာသာ | ||||||||||
မြို့သား | ကယ်လီဖိုနီးယန်း | ||||||||||
မြို့တော် | ဆေခရာမန်တို | ||||||||||
အကြီးဆုံးမြို့ | လော့စ်အိန်ဂျယ်လိစ်မြို့ | ||||||||||
အကြီးဆုံး မက်ထရိုဧရိယာ | Greater Los Angeles | ||||||||||
ဧရိယာ | အမေရိကန်အဆင့် 3rd | ||||||||||
- စုစုပေါင်း | 163,696 စတုရန်းမိုင် (423,970 စတုရန်း ကီလိုမီတာ) | ||||||||||
- အကျယ် | 250 miles (400 ကီလိုမီတာ) | ||||||||||
- အရှည် | 770 miles (1,240 ကီလိုမီတာ) | ||||||||||
- ရေရာခိုင်နှုန်း | 4.7 | ||||||||||
- လတ္တီကျု | 32° 32′ N to 42° N | ||||||||||
- လောင်ဂျီကျု | 114° 8′ W to 124° 26′ W | ||||||||||
လူဦးရေ | အမေရိကန်အဆင့် 1st | ||||||||||
- စုစုပေါင်း | 37,253,956 | ||||||||||
- သိပ်သည်းမှု | 234.4/စတုရန်းမိုင် (90.49/စတုရန်းကီလိုမီတာ) အမေရိကန်အဆင့်11th | ||||||||||
- အလယ်အလတ် ဝင်ငွေ | US$61,021 (9th) | ||||||||||
အမြင့် | |||||||||||
- အမြင့်ဆုံးနေရာ | ဝှစ်တနီတောင် 14,494 ပေ (4,418 မီတာ) | ||||||||||
- အလယ်အလတ် | 2,900[2] ပေ (884 မီတာ) | ||||||||||
- အနိမ့်ဆုံးနေရာ | သေမင်းတမန်တောင်ကြား -282 ပေ (-86 မီတာ) | ||||||||||
ပြည်ထောင်စုသို့ ဝင်ရောက်ခြင်း |
September 9, 1850 (31st) | ||||||||||
ပြည်နယ်အုပ်ချုပ်ရေးမှူး | ဂျယ်ရီဘရောင်း | ||||||||||
လက်ထောက် ပြည်နယ်အုပ်ချုပ်ရေးမှူး | အေဘယ်လ် မာဒိုနာဒို[3] Gavin Newsom—elect Democratic Party (United States)[4] | ||||||||||
ဥပဒေပြုလွှတ်တော် | ပြည်နယ် ဥပဒေပြုလွှတ်တော် | ||||||||||
- အထက်လွှတ်တော် | ပြည်နယ် ဆီးနိတ် လွှတ်တော် | ||||||||||
- အောက်လွှတ်တော် | ပြည်နယ် လွှတ်တော | ||||||||||
ဆီးနိတ်အမတ်များ | ဒိုင်ယန်း ဖိန်းစတိန်း (D) ဘာဘရာ ဘောက်ဆာ (D) | ||||||||||
အောက်လွှတ်တော် အမတ်များ | ဒီမိုကရက် ၃၄ ယောက်၊ ရီပတ်ဘလစ်ကင် ၁၉ ယောက် (list) | ||||||||||
အချိန်ဇုန် | Pacific: UTC-8/-7 | ||||||||||
အတိုကောက်များ | CA Calif. US-CA | ||||||||||
အင်တာနက်စာမျက်နှာ | http://ca.gov/ | ||||||||||
ကယ်လီဖိုးနီးယားပြည်နယ်၏ စီးပွားရေးသည် စုစုပေါင်းပြည်နယ်ထုတ်ကုန်တန်ဖိုး ဒေါ်လာ ၃ ထရီလီယံမျှ ရှိသဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံး နိုင်ငံတွင်း စီးပွားရေးဒေသဖြစ်သည်။[6] အကယ်၍ ကယ်လီဖိုးနီးယားအား နိုင်ငံတစ်ခု အဖြစ် ယူဆမည်ဆိုပါက ကမ္ဘာပေါ်တွင် ပဉ္စမမြောက် စီးပွားရေး အကောင်းဆုံး နိုင်ငံ ဖြစ်ပြီး[7] ၂၀၂၀ ခုနှစ်တွင် လူဦးရေ အများဆုံး အဆင့် ၃၇ ရှိပေလိမ့်မည်။[8] ဂရိတ်တား လော့အိန်ဂျယ်လိစ်ဒေသ နှင့် ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသတို့သည် နိုင်ငံအတွင်း နယူးယောက် မက်ထရိုပိုလစ်တန်ဒေသ ပြီးလျှင် ဒုတိယ နှင့် တတိယမြောက် အကြီးဆုံး မြို့ပြ စီးပွားရေးရပ်ဝန်း ဒေသဖြစ်ကာ ၂၀၂၀ ခုနှစ်တွင် စီးပွားရေးတန်ဖိုး ၁.၃ ထရီလီယံ နှင့် ၁.၀ ထရီလီယံ အသီးသီး ရှိကြသည်။[9] ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသသည် နိုင်ငံအတွင်း ကျယ်ပြန့်သော စာရင်းကောက် ဒေသများတွင် လူတစ်ဦးချင်း စုစုပေါင်း ပြည်တွင်းထုတ်ကုန် အမြင့်ဆုံး ဒေသဖြစ်ပြီး လူတစ်ဦးလျှင် ပျမ်းမျှထုတ်ကုန် ၁၀၆, ၇၅၇ ဒေါ်လာ မျှ ရှိပြီ[10] ကမ္ဘာပေါ်တွင် ဈေးကွက်တန်ဖိုးအများဆုံး ကုမ္ပဏီ ၁၀ ခုမှ ၄ ခု အခြေစိုက်ရာ ဒေသဖြစ်ကာ[11] ကမ္ဘာပေါ်တွင် အချမ်းသာဆုံး လူ ၁၀ ဦးမှ ၄ ဦး နေထိုင်ရာဒေသ ဖြစ်သည်။[12]
ကယ်လီဖိုးနီးယား၏ ယဉ်ကျေးမှုမှာ ရေပန်းစားသော ယဉ်ကျေးမှု၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်၊ တီထွင်ဖန်တီးမှု၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဘောဂဗေဒ၊နိုင်ငံရေး နှင့် ဖျော်ဖြေရေးတို့တွင် ကမ္ဘာအား ဦးဆောင်လမ်းပြရာ အဖြစ် သတ်မှတ်ကြသည်။ ပြည်နယ်တွင်း လူအမျိုးမျိုး အထွေထွေတို့ ကွဲပြားခြင်းနှင့် ရွှေ့ပြောင်းရောက်ရှိလာသူများပြားခြင်းတို့ကြောင့် ကယ်လီဖိုးနီးယား သည် နိုင်ငံအတွင်းရှိ အခြားဒေသများနှင့် ကမ္ဘာတဝှမ်းလုံးမှ အစားအစာ၊ ဘာသာစကား နှင့် ထုံးတမ်းစဉ်လာတို့ကို ရောနှောပေါင်းစပ်ရာ နေရာ ဖြစ်သည်။ ကယ်လီဖိုးနီးယားသည် အမေရိကန်ပြည်ထောင်စု၏ ရုပ်ရှင်လုပ်ငန်း၊ ဟစ်ပီယဉ်ကျေးမှု၊ ဘာဘီကျူး၊အမြန်အစားအစာ၊ ပင်လယ်ကမ်းစပ် ယဉ်ကျေးမှု၊ကားယဉ်ကျေးမှု နှင့် အင်တာနက်[13] နှင့် တစ်ကိုယ်ရည်သုံး ကွန်ပျူတာ[14] တို့ အပြင် အခြားအရာ အများအပြား [15][16]၏ မြစ်ဖျားခံ ပေါက်ဖွားရာ ဒေသဖြစ်သည်။ ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသနှင့် ဂရိတ်တား လော့အိန်ဂျယ်လိစ်ဒေသတို့အား တကမ္ဘာလုံးဆိုင်ရာ နည်းပညာ နှင့် ဖျော်ဖြေရေး လုပ်ငန်းတို့၏ ဗဟိုဌာနအဖြစ် အများစုက ရှုမြင်လေ့ ရှိကြသည်။ ကယ်လီဖိုးနီးယား၏ စီးပွားရေးသည် အလွန် အမျိုးစုံပြီး ၅၈% သည် ငွေကြေးလုပ်ငန်း၊အစိုးရလုပ်ငန်း၊အိမ်ခြံမြေ လုပ်ငန်း၊ နည်းပညာလုပ်ငန်း၊ပရော်ဖက်ရှင်နယ် လုပ်ငန်း၊သိပ္ပံဆိုင်ရာ လုပ်ငန်း နှင့် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုများတွင် အခြေခံသည်။ [17] ပြည်နယ်စီးပွားရေး၏ ၁.၅% မျှသာ ရှိသော်လည်း[17] ကယ်လီဖိုးနီးယား၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းသည် အမေရိကန်ပြည်နယ်များတွင် ထုတ်လုပ်မှု အများဆုံး ဖြစ်သည်။[18][19][20]
ကယ်လီဖိုးနီးယားပြည်နယ်သည် မြောက်ဘက်တွင် အိုရီဂွန်ပြည်နယ်၊ အရှေ့ဘက်တွင် နီဗားဒါးပြည်နယ် နှင့် အရီဇိုးနားပြည်နယ်၊ တောင်ဘက်တွင် မက္ကဆီကိုနိုင်ငံ၏ ဘာဂျာကယ်လီဖိုးနီးယားပြည်နယ် တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက် ရှိသည်။ပြည်နယ်၏ အမျိုးစုံသော ပထဝီဝင်တွင် အနောက်ဘက်ရှိ ပစိဖိတ်ကမ်းရိုးတန်းမှ အရှေ့ဘက်ရှိ ဆီးရားနီဗားဒါးတောင်တန်းများအထိ ၊ အနောက်မြောက်ဘက်ရှိ ဆီကွိုင်းယား နှင့် ဒေါက်ဂလပ်ထင်းရှူးတောများနှင့် အရှေ့တောင်ဘက်ရှိ မိုဂျေ့ဗ်သဲကန္တာရအထိ အမျိုးမျိုး ရှိသည်။ အဓိက စိုက်ပျိုးမွေးမြူရေး ဒေသဖြစ်သော ဗဟိုတောင်ကြားသည် ပြည်နယ်၏ အလယ်ဗဟိုကို စိုးမိုးထားသည်။ ကယ်လီဖိုးနီးယားအား ပူနွေးသော မြေထဲပင်လယ်ရာသီဥတုကြောင့် ကျော်ကြားသော်လည်း ပြည်နယ်၏ အရွယ်အစားကြီးမားသောကြောင့် ရာသီဥတုသည် မြောက်ဘက်ရှိ ပူနွေးသော မိုးသစ်တော ရာသီဥတုမှ အတွင်းပိုင်းတွင် ခြောက်သွေ့သော သဲကန္တာရ အထိနှင့် တောင်ကုန်းများတွင် နှင်းကျသော အယ်လ်ပိုင်းရာသီဥတု အထိ အမျိုးမျိုး အဖုံဖုံ ကွဲပြားသည်။ အချိန်ကြာလာသည်နှင့် အမျှ ပက်ကြားအက်ခြင်းနှင့် တောမီးလောင်ခြင်းတို့ ဖြစ်ပေါ်မှု ပိုစိတ်လာသည်။[21][22]
ယခု ကယ်လီဖိုးနီးယားနေရာတွင် အစကနဦးက ဒေသရင်းကယ်လီဖိုးနီးယား လူမျိုးစုများ နေထိုင်လာခဲ့ကြသည်မှာ ၁၆ ရာစုနှင့် ၁၇ ရာစုအတွင်း ဥရောပသား အမြောက်အများတို့ စူးစမ်းရှာဖွေသည် အထိ ဖြစ်သည်။ စပိန်အင်ပိုင်ယာမှ သိမ်းပိုက်ပြီး ကိုလိုနီအဖြစ် ပြောင်းလဲခဲ့သည်။ ၁၈၀၄ ခုနှစ်တွင် နယူးစပိန် နယ်စားဒေသအတွင်းရှိ အော်လ်တာ ကယ်လီဖိုးနီးယားတွင် ထည့်သွင်းခဲ့သည်။ အောင်မြင်သော လွတ်လပ်ရေးစစ်ပွဲအပြီး ၁၈၂၁ ခုနှစ်တွင် ထိုဒေသသည် မက္ကဆီကိုနိုင်ငံ၏ အစိတ်အပိုင်း ဖြစ်ခဲ့ပြီး ၁၈၄၈ မက္ကဆီကို-အမေရိကန် စစ်ပွဲ အပြီးတွင် အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အော်လ်တာ ကယ်လီဖိုးနီးယား၏ အနောက်ဘက်အပိုင်းကို စုစည်း၍ ၁၈၅၀ စက်တင်ဘာ ၉ ရက်တွင် ၃၁ ခုမြောက် ပြည်နယ်အဖြစ် လက်ခံခဲ့သည်။ ၁၈၄၈ ခုနှစ်တွင် စတင်သော ကယ်လီဖိုးနီးယား ရွှေနောက် အပူတပြင်း လိုက်ကြသည့် အဖြစ်အပျက်မှ သိသာသော လူမှုရေးနှင့် လူဦးရေပျံ့နှံ့နေထိုင်မှုတို့ကို ပြောင်းလဲပေးခဲ့သည်။ စီးပွားရေး တိုးတက်လာခြင်းနှင့် အတူ အရှေ့ဘက်မှ သို့မဟုတ် နိုင်ငံခြားမှ အကြီးအကျယ် ရွှေ့ပြောင်း ရောက်ရှိလာခဲ့ကြသည်။
အမည်မှည့်ခေါ်ခြင်း
စပိန်တို့သည် လာ့စ်ကယ်လီဖိုးနီးယာ့စ်" ဆိုသော အမည်ကို ယခု မက္ကဆီကို၏ ပြည်နယ် ဘာဂျာ ကယ်လီဖိုးနီးယားနှင့် ယနေ့ခေတ် ကယ်လီဖိုးနီးယား၊ နီဗားဒါး၊ ယူတားပြည်နယ်တို့နှင့် အတူ အရီဇိုးနား၊ နယူးမက္ကဆီကို၊ တက္ကဆပ် နှင့် ဝိုင်အိုမင်းပြည်နယ်တို့၏ တစိတ်တဒေသတို့ ပါဝင်သော အော်လ်တာ ကယ်လီဖိုးနီးယား ဒေသတို့ကို ခေါ်ဆိုခဲ့ကြသည်။[23]
၁၅၁၀ တွင် မှတ်တမ်းတင်ခဲ့သော ဒဏ္ဍာရီထဲမှ ကယ်လီဖိုးနီးယားကျွန်းဟု ခေါ်သည့် ရွှေနှင့် ပုလဲတို့ ပေါများသည့် ကာလာဖီယာ ဘုရင်မအုပ်စိုးသော ကယ်လီဖိုးနီးယားကျွန်းကို အစွဲပြု၍ မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။
သမိုင်း
ရှေးဦး နေထိုင်သူများ
လွန်ခဲ့သော နှစ်ပေါင်း ၁၀,၀၀၀ အတွင်းက တစ်သုတ်ပြီး တစ်သုတ်ရောက်ရှိလာခဲ့သဖြင့် ကယ်လီဖိုးနီးယားသည် ကိုလံဘီယာခေတ်မတိုင်ခင် မြောက်အမေရိကတွင် ယဉ်ကျေးမှု အရလည်းကောင်း၊ ဘာသာစကား အရ လည်းကောင်း အမျိုးမျိုး ကွဲပြားသော ဒေသဖြစ်သည်။ ရှေဦးနေထိုင်သူများကို ခန့်မှန်းကြရာတွင် ၁၀၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ အမျိုးမျိုး ရှိသည်။ [24] ကယ်လီဖိုးနီးယား၏ ရှေးဦးနေ လူမျိုးများတွင် လူမျိုးစု ၇၀ ကျော်ရှိပြီး ရှေဦးအမေရိကန်များတွင် ကမ်းရိုးတန်း၌ အခြေချနေထိုင်သော လူဦးရေများပြားသော လူမျိုးစုများမှ ကုန်းတွင်းပိုင်းနေ လူမျိုးစု များ အထိ ရှိပြီး အုပ်ချုပ်ရေး ပုံစံမှာလည်း အုပ်စု၊ လူမျိုးစု၊ ကျေးရွာ နှင့် သဘာဝအရင်းအမြစ် ပေါများသော ကမ်းရိုးတန်းများတွင် ကြီးမားသော လူမျိုးစု အုပ်စုကြီးများ ဖြစ်သော ချူးမက်ရှ်၊ ပိုမို နှင့် ဆာလီနန် စသည်တို့ အထိ ရှိသည်။ ကုန်သွယ်ရေး၊ အချင်းချင်း လက်ထပ်ခြင်း နှင့် စစ်ရေးအရ မဟာမိတ်ပြုခြင်းတို့ဖြင့် ကွဲပြားသော လူမျိုးစု အုပ်စုများကြားတွင် လူမှုရေး နှင့် စီးပွားရေး ဆက်ဆံရေးများကို တိုးမြှင့်ခဲ့ကြသည်။
စပိန်တို့အုပ်ချုပ်ခြင်း


ကယ်လီဖိုးနီးယားကမ်းရိုးတန်းအား ပထမဆုံး စွန့်စားသွားလာခဲ့ကြသူများမှာ ဟွမ် ရိုဒရီဂေ့ ကာဗရီဟိုး ဆိုသော ပေါ်တူဂီ ရေယာဉ်မှူး တစ်ဦးမှ ဦးဆောင်သော ရွက်လွင့်ခရီးသွားလာသည့် အဖွဲ့ဖြစ်ပြီး သူတို့သည် ၁၅၄၂ ခုနှစ် စက်တင်ဘာ ၂၈ရက်တွင် စန်ဒီယေးဂိုး ပင်လယ်အော်သို့ ဝင်ရောက်ခဲ့ကာ မြောက်ဘက်တွင် ဆန်မစ်ဂူရယ်ကျွန်းအထိ အနည်းဆံုး ရောက်ရှိခဲ့ကြသည်။[25] ၁၅၇၉တွင် အင်္ဂလိပ်လူမျိုး ရေတပ်ဗိုလ်နှင့် စူးစမ်းရှာဖွေသူ ဖရန်စစ်ဒရိတ်မှ ကယ်လီဖိုးနီးယားကမ်းရိုးတန်း၏ တစိတ်တဒေသကို သိမ်းပိုက်ကြောင်း ကြေငြာခဲ့ကာ နောက်တွင် ဆန်ဖရန်စစ္စကိုမြို့ဖြစ်လာမည့် နေရာ၏ မြောက်ဘက်တွင် ကမ်းသို့ တက်ရောက်ခဲ့သည်။[26] အမေရိကန်ပြည်ထောင်စု ဖြစ်လာမည့် နေရာသို့ အာရှသားတို့ ပထမဆုံး ခြေချခြင်းမှာ ၁၅၈၇ခုနှစ်တွင် ဖြစ်ပျက်ခဲ့ပြီး စပိန်သင်္ဘောနှင့် လိုက်ပါလာသော ဖိလစ်ပိုင်သင်္ဘောသားတို့ မော်ရိုပင်လယ်အော်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။[27][28][29][30] စီဘက်စတီးယန်း ဗစ်ကိုင်နိုသည် ကယ်လီဖိုးနီးယား ကမ်းရိုးတန်းအား နယူးစပိန်အတွက် ၁၆၀၂ ခုနှစ်တွင် စူးစမ်းသွားလာကာ မြေပုံရေးဆွဲခဲ့ပြီး မြောက်ဘက် မန်ဒိုချီနို အငူအထိ ရွက်လွှင့်သွားလာခဲ့သည်။[31]
၁၆ရာစုတွင် ကယ်လီဖိုးနီးယား မြေပေါ်တွင် စူးစမ်းလေ့လာခြင်းများ ပြုခဲ့ကြသော်လည်း ရိုဒရီဂေ့၏ အယူအဆဖြစ်သည့် ကယ်လီဖိုးနီးယားသည် ကျွန်းဖြစ်သည် ဆိုသည်ကို ဆက်လက် စွဲကိုင်ထားကြဆဲ ဖြစ်သည်။ ထိုသို့သော အတွေးဖြင့် ပုံဖော်ထားမှုကို ဥရောပမြေပုံများတွင် ၁၈ ရာစု အထိ တွေ့ရသည်။[32]
၁၇၆၉-၇၀ ပေါ်တိုလာ စူးစမ်းရှာဖွေမှုအပြီးတွင် ယူနီပါရို ဆယ်ရာ ဦးဆောင်သော စပိန်သာသနာပြုအဖွဲ့များသည် စန်ဒီယေးဂိုးမှစတင်ကာ အော်လ်တာ ကယ်လီဖိုးနီးယား ကမ်းရိုးတန်းပေါ်နှင့် အနီးတစ်ဝိုက်တွင် ကယ်လီဖိုးနီးယား သာသနာပြု မစ်ရှင် ၂၁ ခုကို စတင်တည်ထောင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် စပိန်စစ်တပ်များသည် ပရယ်စီဒီယိုဟု ခေါ်သော ခံတပ်အချို့နှင့် ပျူဗလိုဟုခေါ်သော မြို့ငယ် ၃ ခုကို တည်ဆောက်ခဲ့သည်။ ဆန်ဖရန်စစ္စကို သာသနာပြုမစ်ရှင်သည် ဆန်ဖရန်စစ္စကိုမြို့တော် ဖြစ်လာခဲ့ပြီး အခြား ပျူဗလို နှစ်ခုမှာ လော့အိန်ဂျယ်လိစ် နှင့် ဆန်ဂျို့စ် အဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည်။ အခြားသော ပိုမိုသေးငယ်သည့် မြို့တော်များနှင့် မြို့များမှာ စပိန်သာသနာပြုစခန်းများနှင့် ပျူဗလိုတို့၏ ပတ်ဝန်းကျင်တွင် ပေါ်ထွန်းလာခဲ့ပြီး ယနေ့တိုင်အောင် ကျန်ရှိနေဆဲ ဖြစ်သည်။
စပိန်တို့၏ ကိုလိုနီပြုစဉ်တွင် ဝက်သက် နှင့် ဆုံဆို့နာ အစရှိသော ဒေသခံတို့အနေနှင့် သဘာဝအလျောက် ကိုယ်ခံအားမရှိသော ကူးစက်ရောဂါများကို သယ်ဆောင်လာခဲ့သဖြင့် ဒေသခံလူမျိုးတို့ လျော့ပါးသွားစေခဲ့သည်။[33] စပိန်အခြေချ နေထိုင်သူတို့ ၎င်းတို့နှင့် အတူ ယူဆောင်လာခဲ့သော စပိန်စနစ် အစိုးရနှင့် လူမှုရေးဆိုင်ရာ အဆင့်များကို တည်ထောင်ခဲ့ခြင်းမှ အစောပိုင်း ဒေသရင်းနေ ပြည်သူတို့၏ လူ့အဖွဲ့အစည်းများကို နည်းပညာ အရလည်းကောင်း ယဉ်ကျေးမှု အရလည်းကောင်း ဖုံးလွှမ်းသွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် ရုရှားတို့၏ သင်္ဘောများလည်း ကယ်လီဖိုးနီးယား ကမ်းရိုးတန်းတလျှောက် စူးစမ်းရှာဖွေမှုများ ပြုခဲ့ပြီး ၁၈၁၂ ခုနှစ်တွင် ဖို့တ်ဒ်ရော့စ် ၌ ကုန်သွယ်ရေးစခန်းတစ်ခုကို တည်ထောင်ခဲ့သည်။ ၁၉ရာစု အစောပိုင်း ရုရှားတို့၏ ကယ်လီဖိုးနီးယား ကမ်းရိုးတန်းတလျှောက် အခြေချနေထိုင်မှုများမှာ ဆန်ဖရန်စစ္စကို ပင်လယ်အော်ရှိ စပိန်တို့ အခြေချနေထိုင်ရာ နေရာ၏ မြောက်ဘက်အစွန်ဆုံး အစွန်း၏ မြောက်ဘက်တွင် ရှိပြီး မြောက်အမေရိကရှိ ရုရှားတို့ အခြေချနေထိုင်ရာ နေရာများ၏ တောင်ဘက်စွန်းလည်း ဖြစ်သည်။ ဖို့တ်ဒ်ရော့စ်နှင့် ပတ်သက်သော ရုရှားတို့၏ အခြေချနေထိုင်မှုမှာ ပွိုင့်အေရီနာ မှ တိုမာလပ်စ် ပင်လယ်အော် အထိ ဖြန့်ကျက် တည်ရှိသည်။[34]
မက္ကဆီကန်တို့ အုပ်ချုပ်ခြင်း

၁၈၂၁ ခုနှစ် မက္ကဆီကို လွတ်လပ်ရေးစစ်ပွဲကြောင့် ကယ်လီဖိုးနီးယားအပါအဝင် မက္ကဆီကိုနိုင်ငံသည် စပိန်တို့ထံမှ လွတ်လပ်ရေးရခဲ့သည်။ ထိုမှစ၍ နောင် ၂၅ နှစ်အထိ အော်လ်တာ ကယ်လီဖိုးနီးယားသည် လွတ်လပ်သော နိုင်ငံအသစ်ဖြစ်သည့် မက္ကဆီကိုနိုင်ငံ၏ ဝေးလံခေါင်ဖျား၍ လူဦးရေကျဲပါးသော အနောက်မြောက် အုပ်ချုပ်ရေးပြည်နယ်တစ်ခု အဖြစ် တည်ရှိခဲ့သည်။ ပြည်နယ်အတွင်း အကောင်းဆုံး မြေများကို နေရာယူထားသော မစ်ရှင်မြေများကို ၁၈၃၄ ခုနှစ်တွင် ဘာသာရေးအဆောက်အအုံ အဖြစ်မှ ပယ်ဖျက်ခဲ့ပြီး မက္ကဆီကို အစိုးရပိုင် နယ်မြေများ ဖြစ်လာခဲ့သည်။ [36] ပြည်နယ်အုပ်ချုပ်ရေးမှူးသည် နိုင်ငံရေးအရ ဩဇာလွှမ်းမိုးမှု ရှိသော လူများကို မြေအများအပြား ပေးအပ်ခဲ့သည်။ထိုသို့ ကြီးမားကျယ်ပြန့်သော ရန်ချို သို့မဟုတ် နွားတင်းကုပ် များသည် မက္ကဆီကန် ကယ်လီဖိုးနီးယားတွင် အရေးပါသော အဖွဲ့အစည်းများ ဖြစ်လာခဲ့သည်။ ထိုရန်ချို များကို ကယ်လီဖိုးနီးယားရှိ စပိန်ဒေသရင်းလူမျိုးများ ဖြစ်သော ကယ်လီဖိုနီယိုတို့၏ ပိုင်ဆိုင်မှုအောက်တွင် တိုးတက်လာခဲ့ပြီး ထိုသူတို့မှ နွားသာရေ နှင့် နွားဆီ တို့ကို ဘော့စတွန်ရှိ ကုန်သည်များနှင့် ကုန်သွယ်မှု ပြုခဲ့ကြသည်။ ၁၈၄၉ ခုနှစ် ကယ်လီဖိုးနီးယား ရွှေရှာပွဲ မတိုင်ခင် အထိ အမဲသားသည် ကုန်စည်တစ်ခု ဖြစ်မလာခဲ့ပေ။
၁၈၂၀ ခုနှစ်များမှ အစပြု၍ အမေရိကန်ပြည်ထောင်စုနှင့် နောင် ကနေဒါဖြစ်လာမည့် နေရာမှ ထောင်ချောက်ထောင်၍ သားကောင်ဖမ်းသူများနှင့် အခြေချနေထိုင်သူများမှာ ကယ်လီဖိုးနီးယား မြောက်ပိုင်းသို့ ရောက်ရှိလာခဲ့သည်။ ထို အသစ်ရောက်ရှိလာသူများမှာ ဆစ်ကီယိုးလမ်းကြောင်း၊ ကယ်လီဖိုးနီးယားလမ်းကြောင်း၊ အော်ရီဂွန်လမ်းကြောင်းနှင့် စပိန်လမ်းကြောင်းဟောင်းတို့ကို အသုံးပြု၍ ကယ်လီဖိုးနီးယား အနီးတဝိုက်ရှိ ထူထပ်သော တောင်ကုန်းများနှင့် ကြမ်းတမ်းသော သဲကန္တာရများကို ဖြတ်ကျော်ခဲ့ကြသည်။

လွတ်လပ်ရေးရခါစဖြစ်သော မက္ကဆီကိုနိုင်ငံ၏ အစောပိုင်းအစိုးရမှ အလွန်မတည်မငြိမ် ဖြစ်ခဲ့ပြီး ထို့အတွက်ကြောင့် ၁၈၃၁ နောက်ပိုင်းတွင် ကယ်လီဖိုးနီးယားပြည်နယ်၌ အချင်းချင်း လက်နက်ကိုင် ပဋိပက္ခများနှင့် ဗဟို မက္ကဆီကို အစိုးရနှင့် လက်နက်ကိုင် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။[37] ထို့သို့ မုန်တိုင်းထန်သော နိုင်ငံရေးကာလ အတွင်းတွင် ယွမ် ဘော်တစ်စတာ အယ်လ်ဗာရာဒိုသည် ၁၈၃၆ မှ ၁၈၄၂ ခုနှစ်အတွင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးကို ရယူနိုင်ခဲ့သည်။[38]အယ်လ်ဗာရာဒို အာဏာရလာသော စစ်ရေးလုပ်ဆောင်မှု အပြီးတွင် ကယ်လီဖိုးနီးယားအား လွတ်လပ်သော နိုင်ငံအဖြစ် တခဏတာမျှ ကြေငြာနိုင်ခဲ့ပြီး အိုင်ဆက် ဂရေဟမ်[39] အပါအဝင် ကယ်လီဖိုးနီးယားရှိ အန်ဂလို-အမေရိကန် ပြည်သူများက ကူညီခဲ့ခြင်း ဖြစ်သည်။[40]၁၈၄၀ ခုနှစ်တွင် နိုင်ငံကူးလက်မှတ်မရှိသော ပြည်သူ ၁၀၀ ကျော် အဖမ်းအဆီးခံရပြီး ထို့အတွက်ကြောင့် "ဂရေဟမ် အရေးအခင်း" ဖြစ်ပေါ်ခဲ့ကာ တော်ဝင်ရေတပ်မတော်မှ တစိတ်တပိုင်း ပါဝင်ပတ်သက်ခြင်းဖြင့် ဖြေရှင်းခဲ့ရသည်။[40]
.jpg.webp)
ကယ်လီဖိုးနီးယားရှိ အကြီးဆုံးသော နွားခြံပိုင်ရှင်မှာ ဂျွန်မာ့ရှ် ဖြစ်သည်။ သူ၏ မြေပေါ်တွင် ကျူးကျော်နေထိုင်သူများနှင့် ပတ်သက်၍ မက္ကဆီကို တရားရုံးမှ တရားမျှတမှု မရရှိခဲ့သဖြင့် သူသည် ကယ်လီဖိုးနီးယား အနေနှင့် အမေရိကန်ပြည်ထောင်စု၏ အစိတ်အပိုင်း ဖြစ်သင့်သည်ဟု ဆုံးဖြတ်ခဲ့သည်။ သူသည် ကယ်လီဖိုးနီးယား၏ ရာသီဥတု၊ မြေအနေအထားနှင့် အခြားအကြောင်းအရာများကြောင့် ဤနေရာတွင် အခြေချနေထိုင်သင့်ကြောင်း အပြင် နောင်တွင် "မာ့ရှ်လမ်းကြောင်း" ဟု သိကြသည့် အကောင်းဆုံး လာနိုင်သည့် လမ်းကြောင်းကို ဖော်ပြခြင်းဖြင့် စာရေးသားခြင်း ကမ်ပိန်းကို လှုပ်ရှားမှု ပြုခဲ့သည်။ သူ၏ စာများကို ဖတ်ရှု၊ ထပ်မံဖတ်ရှုကြကာ အချင်းချင်း လက်ဆင့်ကမ်းကြပြီး နိုင်ငံတဝှမ်းရှိ သတင်းစာများတွင် ပုံနှိပ်ဖော်ပြကြသဖြင့် ကယ်လီဖိုးနီးယားသို့ ပထမဆုံး လှည်းအုပ်များ စတင် ရောက်ရှိလာခဲ့သည်။[41] သူသည် ပြောင်းရွှေ့နေထိုင်ကြသူများအား သူ၏ နွားခြံတွင် နေထိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး သူတို့ အခြေကျ၍ နိုင်ငံကူးလက်မှတ် ရရှိနိုင်ရန်လည်း အကူအညီ ပေးခဲ့သည်။ [42]
ကယ်လီဖိုးနီးယားသို့ စနစ်တကျစီစဉ်ထားသော ရွှေ့ပြောင်းမှုကာလကို ဦးဆောင်ပြီးနောက် မာ့ရှ်သည် လူအများမုန်းတီးကြသော မက္ကဆီကန်ဗိုလ်ချုပ် မန်နျူရယ် မီရှဲတိုရီနာ နှင့် သူ အစားထိုးခဲ့သော ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ယွမ် ဘော်တစ်စတာ အယ်လ်ဗာရာဒို တို့နှစ်ဦးကြား စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ သူတို့အသီးသီး၏ စစ်တပ်များသည် လော့စ်အိန်ဂျယ်လိစ်မြို့ အနီးတွင် ဖြစ်ပွားသော ပရိုဗီဒန်းရှားတိုက်ပွဲတွင် တွေ့ဆုံခဲ့ကြသည်။ မာ့ရှ်အနေနှင့် သူ၏ ဆန္ဒနှင့် ဆန့်ကျင်၍ မီရှဲတိုရီနာ၏ စစ်တပ်သို့ ဝင်ရောက်ခဲ့ရသည်။ သူ၏ အထက်အရာရှိများကို လျစ်လျူရှု၍ သူ့အနေနှင့် အခြားတစ်ဘက်အား စစ်ပြေငြိမ်းရန် အချက်ပြခဲ့သည်။ အမေရိကန်ပြည်ထောင်စုမှ လာရောက် အခြေချ နေထိုင်သူများမှာ နှစ်ဘက်စလုံးတွင် ပါဝင်တိုက်ခိုက်လျှက် ရှိသည်။ သူ့အနေနှင့် ထိုလူများကို အချင်းချင်း တိုက်ခိုက်ရန် အကြောင်းမရှိကြောင်း သဘောပေါက် နားလည်စေခဲ့သည်။ မာ့ရှ်၏ လုပ်ဆောင်ချက်ကြောင့် သူတို့သည် စစ်ပွဲကို စွန့်ခွာခဲ့ကြသဖြင့် မီရှဲတိုရီနာမှာ ရှုံးနိမ့်ခဲ့ရပြီး ကယ်လီဖိုးနီးယားတွင် မွေးဖွားသော ပီကို-ပီကို မှ ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ် ပြန်လည် အာဏာရခဲ့သည်။ ထိုအချက်မှ နောက်ဆုံးတွင် ကယ်လီဖိုးနီးယားအား အမေရိကန် ပြည်ထောင်စုသို့ သွတ်သွင်းရန် အတွက် လမ်းခင်း ပေးခဲ့သည်။[43][44][45][46]
ကယ်လီဖိုးနီးယား သမ္မတနိုင်ငံ နှင့်အောင်နိုင်ခြင်း

၁၈၄၆ခုနှစ်တွင် ဆိုနိုမာမြို့တွင်းနှင့် မြို့ပတ်ဝန်းကျင်ရှိ အမေရိကန် အခြေချနေထိုင်သူတို့က မက္ကဆီကန်တို့၏ အုပ်ချုပ်မှုကို ဝက်ဝံရုပ်အလံ ပုန်ကန်မှုဖြင့် ပုန်ကန် ဆန့်ကျင်ခဲ့ကြသည်။ ထို့နောက်တွင် သူပုန်တို့က ဝက်ဝံရုပ်အလံ (ဝက်ဝံတစ်ကောင်၊ ကြယ်တစ်လုံး၊ အနီရောင်စင်း နှင့် ကယ်လီဖိုးနီးယား သမ္မတနိုင်ငံ စာတန်းပါသည်။) ကို ဆိုနိုမာမြို့တွင် လွှင့်ထူခဲ့ကြသည်။ သမ္မတနိုင်ငံ၏ တစ်ဦးတည်းသော သမ္မတမှာ ဝီလီယမ် ဘီ အိုင်ဒဲ ဖြစ်ပြီး[47] သူသည် ဝက်ဝံရုပ် ပုန်ကန်မှုအတွင်း အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ ဖြစ်သည်။ ထိုသို့ အမေရိကန် အခြေချနေထိုင်သူတို့၏ ပုန်ကန်ခြင်းသည် နောင်တွင် ဖြစ်ပေါ်လာမည့် အမေရိကန် ကျူးကျော်မှု၏ အစဖြစ်ပြီး အနီးအနားရှိ အမေရိကန် စစ်တပ် အရာရှိတို့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ကယ်လီဖိုးနီးယား သမ္မတနိုင်ငံ၏ သက်တမ်းမှာ တိုတောင်းလှသည်။ [48] တစ်နှစ်တည်းမှာပင် မက္ကဆီကို-အမေရိကန်စစ်ပွဲ (၁၈၄၆-၄၈) ဖြစ်ပွားခဲ့သည်။[49] အမေရိကန် ရေတပ်ဗို်လ်ချုပ် ဂျွန် ဒီ ဆလုပ် မှ မွန်တေးရီ ပင်လယ်အော်သို့ ရွက်လွှင့်ဝင်ရောက်၍ အမေရိကန်ပြည်ထောင်စုမှ ကယ်လီဖိုးနီးယားသို့ ကျူးကျော်ခြင်း စတင်ခဲ့ကာ ကယ်လီဖိုးနီးယားမြောက်ပိုင်းသည် တစ်လအတွင်း အမေရိကန်တပ်များအောက်သို့ ခုခံခြင်း မပြုတော့ဘဲ ရောက်ရှိခဲ့သည်။[50]ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် ခုခံတိုက်ခိုက်သည့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီးနောက် ကယ်လီဖိုးနီးယားနေထိုင်သူတို့နှင့် ချုပ်ဆိုသော ကာဟူရန်းဂါး စာချုပ်ကို ၁၈၄၇ ခုနှစ် ဇန်နဝါရီ ၁၃ တွင် လက်မှတ်ရေးထိုးပြီးနောက် အမေရိကန်တို့သည် ကယ်လီဖိုးနီးယားကို ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့သည်။[51]
အစောပိုင်း အမေရိကန်ခေတ်





စစ်ပွဲကို အဆုံးသတ်စေခဲ့သော ဂွါဒီလု ဟီဒဲဂို စာချုပ် (၁၈၄၈ ဖေဖော်ဝါရီ ၂ ရက်) အပြီးတွင် မက္ကဆီကိုနိုင်ငံ၏ အနောက်ဘက်ဆုံး အပိုင်း အဖြစ် သတ်မှတ်ထားသော အော်လ်တာ ကယ်လီဖိုးနီးယားသည် အမေရိကန်၏ ကယ်လီဖိုးနီးယားဒေသ ဖြစ်လာခဲ့ပြီး ကျန်ရှိနေသေးသော နယ်နိမိတ်ကို အမေရိကန်၏ နယ်နိမိတ်အသစ်များ ဖြစ်ကြသော အရီဇိုးနား၊ နီဗားဒါး၊ ကော်လိုရာဒို နှင့် ယူတား တို့အဖြစ် ခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။ လူဦးရေကျဲပါးပြီး မိုးခေါင်ရေရှားဒေသဖြစ်သော ယခင်ဘာဂျာကယ်လီဖိုးနီးယား၏ အောက်ပိုင်းသည် မက္ကဆီကို၏ အစိတ်အပိုင်း အဖြစ် ကျန်ရစ်သည်။ ၁၈၄၆ ခုနှစ်တွင် အော်လ်တာကယ်လီဖိုးနီးယား နေရာဟောင်းတွေ အခြေချနေထိုင်သူ စုစုပေါင်းမှာ ၈,၀၀၀ မကျော်ဟု ခန့်မှန်းခဲ့ကြပြီး အမေရိကန် ရှေးဦးနေလူမျိုး ၁၀၀,၀၀၀ ခန့် ရှိကာ ၁၇၆၉ စပိန်တို့ အခြေချနေထိုင်ခြင်း မပြုခင်က ရှိသော လူဦးရေ ၃၀၀,၀၀၀ မှ ကျဆင်းသွားခြင်း ဖြစ်သည်။[52]
၁၈၄၈ ခုနှစ် အမေရိကန် နယ်နိမိတ် အတွင်းသို့ မသွတ်သွင်းမီ တစ်ပတ် အလိုတွင်မှ ကယ်လီဖိုးနီးယားတွင် ရွှေရှာတွေ့ခဲ့သည်။ ထိုအဖြစ်အပျက်သည် ပြည်နယ်၏ လူဦးရေပျံ့နှံ့နေထိုင်မှု နှင့် ဘဏ္ဍာရေးကို ထာဝရ ပြောင်းလဲသွားစေခဲ့သည်။ မကြာမီတွင် ထိုနေရာသို့ လူများ အလုံးလိုက် အရင်းလိုက် ပြောင်းရွှေ့လာခဲ့ကြပြီး ရွှေတူးသူ နှင့် သတ္တုတွင်းလုပ်သားများ ထောင်ချီ ရောက်ရှိလာခဲ့သည်။ လူဦးရေသည် အမေရိကန်နိုင်ငံသားများ၊ ဥရောပသားများ၊ တရုတ်များ နှင့် အခြားလူမျိုးများဖြင့် မဟာကယ်လီဖိုးနီးယား ရွှေရှာပွဲကြီး အတွင် အလျှင်အမြန် တိုးပွားလာခဲ့သည်။ ကယ်လီဖိုးနီးယား အနေနှင့် ပြည်နယ် တစ်ခု အဖြစ် ရောက်ရှိခဲ့သော ၁၈၅၀ ခုနှစ်တွင် ကယ်လီဖိုးနီးယားတွင် အခြေချနေထိုင်သူ ဦးရေမှာ ၁၀၀,၀၀၀ အထိ ဖြစ်လာသည်။ ၁၈၅၄ ခုနှစ်တွင် အခြေချနေထိုင်သူ ၃၀၀,၀၀၀ ကျော် ရောက်ရှိလာခဲ့သည်။ [53]၁၈၄၇ မှ ၁၈၇၀ အတွင်းတွင် ဆန်ဖရန်စစ္စကိုမြို့၏ လူဦးရေမှ ၅၀၀ မှ ၁၅၀,၀၀၀ အထိ တိုးတက်လာခဲ့သည်။[54] ကယ်လီဖိုးနီးယားသည် လူဦးရေကျဲပါးသော တိတ်ဆိတ် ငြိမ်သက်သော နေရာ အဖြစ်မှ ညတွင်းချင်းပင် အဓိက လူဦးရေထူထပ်သော မြို့တစ်မြို့ ဖြစ်လာခဲ့သည်။
အစိုးရ ရုံးထိုင်ရာနေရာသည် စပိန်တို့ခေတ်နှင့် နောက်ပိုင်း မက္ကဆီကိုမှ အုပ်ချုပ်စဉ်ကာလ ၁၇၇၇ မှ ၁၈၄၅ အထိ မွန်တာရေးတွင် တည်ရှိခဲ့သည်။[36] အော်လ်တာ ကယ်လီဖိုးနီးယား၏ နောက်ဆုံး မက္ကဆီကို အုပ်ချုပ်ရေးမှူး ဖြစ်သော ပီယို ပီကိုသည် ၁၈၄၅ ခုနှစ်တွင် မြို့တော်ကို လော့စ်အိန်ဂျယ်လိစ်သို့ ပြောင်းရွှေ့ခဲ့သည်။ အမေရိကန်တို့၏ သံရုံသည်လည်း မွန်တာရေးတွင်ပင် တည်ရှိပြီး သောမတ်စ် အို လာကင် ၏ အုပ်ချုပ်မှုအောက်တွင် ဖြစ်သည်။
၁၈၄၉ ခုနှစ်တွင် ပြည်နယ်၏ ပထမဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ညီလာခံကို မွန်တာရေးတွင် ကျင်းပခဲ့သည်။ ညီလာခံ၏ ပထမဆုံး အလုပ်များထဲတွင် ပြည်နယ်မြို့တော်အသစ်တစ်ခု၏ နေရာကို ဆုံးဖြတ်ချက်ချရန် လည်း ပါဝင်သည်။ ပထမဆုံး ဥပဒေပြုအစည်းအဝေးကို ဆန်ဟိုဆေးတွင် ၁၈၅၀-၁၈၅၁တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းကျင်းပပြုလုပ်သည့် နေရာများမှာ ဗာလေးဟိုး (၁၈၅၂-၁၈၅၃) နှင့် အနီးအနားရှိ ဘနီးရှား (၁၈၅၃-၁၈၅၄) တို့ ဖြစ်ကြပြီး ထိုနေရာများမှာလည်း ပြည့်စုံမှု မရှိကြောင်း နောက်ဆုံးတွင် သိရှိခဲ့သည်။ ၁၈၅၄ ခုနှစ်မှစ၍ မြို့တော်ကို ဆခရာမန်းတိုးသို့ ပြောင်းရွှေ့ခဲ့ပြီး[55] ၁၈၆၂ တွင်သာ ဆခရာမန်းတိုးတွင် ရေကြီးသဖြင့် ဆန်ဖရန်စစ္စကိုတွင် ဥပဒေပြုအစည်းအဝေးကို ကျင်းပခဲ့သည်။ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ညီလာခံမှ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အဆုံးသတ် အတည်ပြုခဲ့ပြီးနောက် အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် ပြည်ထောင်စုသို့ ပြည်နယ်တစ်ခု အဖြစ်ဝင်ရောက်ရန် လျှောက်ထားခဲ့သည်။ ၁၈၅၀ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ၁၈၅၀ ခုနှစ် ညှိနှိုင်းမှု၏ တစိတ်တပိုင်း အရ ကယ်လီဖိုးနီးယားသည် လွတ်လပ်သောပြည်နယ် တစ်ခု ဖြစ်လာခဲ့သဖြင့် စက်တင်ဘာ ၉ ရက်သည် ကယ်လီဖိုးနီးယား၏ ပြည်နယ်ရုံးပိတ်ရက်နေ့ တစ်နေ့ ဖြစ်သည်။
အမေရိကန် ပြည်တွင်းစစ် (၁၈၆၁-၁၈၆၅) အတွင်း ကယ်လီဖိုးနီးယားသည် အရှေ့ဘက် ဝါရှင်တန်သို့ ရွှေများပေးပို့ခဲ့ပြီး ပြည်ထောင်စုတပ်အား ထောက်ခံခဲ့သည်။[56] သို့သော်လည်း ပြည်နယ်အတွင်း တောင်ပိုင်းတပ်များကို ထောက်ခံသူများ အလွန်များပြားသဖြင့် ပြည်နယ်အနေနှင့် စစ်တပ် တပ်မကြီးများကို ယူနီယံ၏ စစ်ပွဲများတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ရန်အတွက် စေလွှတ်နိုင်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း ပြည်ထောင်စုတပ်များအတွင်းရှိ တပ်ခွဲအချို့မှာ ကယ်လီဖိုနီးယားပြည်နယ်နှင့် ပတ်သက် ဆက်စပ်နေသည်။ ဥပမာအားဖြင့် "ကယ်လီဖိုးနီးယား ၁၀၀" တပ်ရင်းတွင်ရှိသော တပ်သားအများစုမှာ ကယ်လီဖိုးနီးယားမှ ဖြစ်သည်။
ကယ်လီဖိုးနီးယားသည် ပြည်ထောင်စုသို့ ဝင်ရောက်ချိန်တွင် ကယ်လီဖိုးနီးယားမှ အခြားသော အမေရိကန်ပြည်ထောင်စု၏ အစိတ်အပိုင်းများသို့ ခရီးသွားရခြင်းသည် အချိန်ကုန်ပြီး အန္တရာယ်များသော အလုပ်တစ်ခု ဖြစ်သည်။ ၁၉ နှစ်ကြာပြီးနောက် ၁၈၆၉ခုနှစ် ပြည်တွင်းစစ် အဆုံးသတ်ပြီးခါစတွင် ပထမဆုံးအမေရိကတိုက်ဖြတ် ရထားလမ်းပြီးစီးပြီးနောက် ပို၍ တိုက်ရိုက်ဖြစ်သော လမ်းကိုတည်ဆောက်နိုင်ခဲ့သည်။ ကယ်လီဖိုးနီးယားသည် သွားရန် လွယ်ကူသော နေရာတစ်ခု ဖြစ်လာခဲ့သည်။
ပြည်နယ်၏ နေရာအတော်များများသည် သစ်သီးစိုက်ပျိုးရန်နှင့် ယေဘုယျအားဖြင့် စိုက်ပျိုးမွေးမြူရေး ပြုလုပ်ရန် သင့်လျော်သည်။ ဂျုံကို ကျယ်ပြန့်စွာ စိုက်ပြိုးကြပြီး အခြားသော ကောက်နှံပင်များ၊ဟင်းသီးဟင်းရွက်များ၊ ဝါ၊ ပဲနှင့် သစ်သီးပင်များ (ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ လိမ္မော်သီးများလည်း ပါဝင်သည်။)ကိုလည်း စိုက်ပျိုးကြကာ အလယ်တောင်ကြား နှင့် အခြားနေရာတို့တွင် ပြည်နယ်၏ ကြွယ်ဝလှသော စို်က်ပျိုးမွေးမြူရေးဆိုင်ရာ ထုတ်လုပ်မှုအတွက် အခြေခံအုတ်မြစ်ကို ချပေးနိုင်ခဲ့သည်။
ရှေးဦးနေ လူမျိုးများ

အစောပိုင်း စပိန် နှင့် မက္ကဆီကိုတို့၏ အုပ်ချုပ်မှုအောက်တွင် ကယ်လီဖိုးနီးယား၏ မူလ ရှေးဦးနေ လူမျိုးများ၏ လူဦးရေမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကျဆင်းသွားခဲ့သည်။ အားလုံးထဲတွင် အဓိက အကြောင်းရင်းမှာ ၎င်းတို့သယ်ဆောင်လာသော ကယ်လီဖိုးနီးယားရှိ လူမျိုးတို့အတွက် သဘာဝအလျောက် ခုခံအား မရှိသော ယူရေးရှားမှ ရောဂါများကြောင့် ဖြစ်သည်။ [57] အမေရိကန်အုပ်ချုပ်မှု အသစ်အောက်တွင်လည်း ရှေးဦးနေ လူမျိုးတို့အတွက် ကယ်လီဖိုးနီးယား၏ ပြင်းထန်သော အစိုးရ ပေါ်လစီများသည် တိုးတက်မလာခဲ့ပေ။ အခြားသော အမေရိကန် ပြည်နယ်များ နည်းတူ ဒေသရင်း ရှေးဦးနေ လူမျိုးတို့သည် ဝင်ရောက်လာသော အမေရိကန် အခြေချနေထိုင်သူများ ဖြစ်သည့် သတ္တုတွင်းတူးသူများ၊ ကျွဲနွားမွေးမြူသူများ နှင့် လယ်သမားများမှ ၎င်းတို့၏ မြေများမှ အတင်းအကြပ် ပြောင်းရွှေ့စေခြင်း ခံရသည်။ ကယ်လီဖိုးနီးယားသည် အမေရိကန်ပြည်ထောင်စုသို့ လွတ်လပ်သော ပြည်နယ်တစ်ခု အနေနှင့် ဝင်ရောက်ခဲ့သော်လည်း လှည့်လည်သွားလာနေသော သို့မဟုတ် အထီးတည်းဖြစ်နေသာ ရက်အင်ဒီးယန်းများမှာ အန်ဂလို-အမေရိကန် သခင်အသစ်များ၏ ကျွန်ပြုမှုကို ၁၈၅၃ ခုနှစ် အစိုးရ နှင့် အင်ဒီးယန်းများကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အောက်တွင် ခံခဲ့ကြရသည်။ ထို့ပြင် ရှေးဦးနေ လူမျိုး ရာချီ အသတ်ခံရသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများလည်း ဖြစ်ပွားခဲ့သည်။
၁၈၅၀ ခုနှစ်နှင့် ၁၈၆၀ ခုနှစ်ကြားတွင် ကယ်လီဖိုးနီးယား အစိုးရသည် ဒေါ်လာ ၁.၅ သန်း (၂၅၀,၀၀၀ ခန့်မှာ ဖက်ဒရယ်အစိုးရမှ ပေးခြင်း ဖြစ်သည်။) [58] ကို အသုံးပြု၍ ကြေးစားစစ်သားများကို ငှားရမ်းကာ ၎င်းတို့၏ အလုပ်မှာ အခြေချနေထိုင်သူများအား ရှေဦးနေ လူမျိုးတို့၏ ရန်မှ ကာကွယ်ရန် အတွက် ဖြစ်သည်။ နောင် ဆယ်စုနှစ်များတွင် ဒေသရင်း လူတို့အား ထိန်းသိမ်းရေးနယ်မြေများ နှင့် ရန်ချယ်ရီးယပ်စ် ခေါ် အခြေချ နေထိုင်ရာ နေရာများတွင် ထားရှိခဲ့ကြပြီး ထိုနေရာများမှာ သေးငယ်၍ တစ်သီးတစ်ခြား ဖြစ်ပြီး သဘာဝ အရင်းအမြစ် အလုံအလောက် မရှိသည့်အပြင် ထိုဒေသတွင် နေထိုင်သူတို့ အသက်ဆက်ရန် အတွက် အစိုးရမှ ထောက်ပံ့ခြင်း လည်း မရှိပေ။ အကျိုးဆက်အားဖြင့် ကယ်လီဖိုးနီးယား တိုးတက်လာခြင်းသည် ဒေသရင်း နေထိုင်သူတို့အတွက် မုန်တိုင်းကြမ်း တစ်ခုသာ ဖြစ်သည်။ အချို့သော ပညာရှင်များနှင့် ဒေသရင်း အမေရိကန် တက်ကြွလှုပ်ရှားသူများ ဖြစ်သည့် ဘင်ဂျမင် မက်ဒလေ နှင့် အက်ဒ် ကက်စတီလိုတို့မှ ကယ်လီဖိုးနီးယား အစိုးရ၏ ဆောင်ရွက်မှုများကို လူမျိုးတုန်းသတ်ဖြတ်မှုဟု ဖော်ပြခဲ့သည်။[59]
၁၉၀၀ မှ ယနေ့ခေတ်

၂၀ ရာစုအစောပိုင်းတွင် အဓိက အမေရိကတိုက်ဖြတ် အဝေးပြေးလမ်းမများ ဖြစ်ကြသော လင်ကွန်းအဝေးပြေးလမ်း နှင့် အဝေးပြေးလမ်း ၆၆ တို့ ပြီးစီးပြီးနောက် ကယ်လီဖိုးနီးယားသို့ ရွှေ့ပြောင်းနေထိုင်မှု အရှိန်အဟုန်မြင့်လာခဲ့သည်။ ၁၉၀၀ မှ ၁၉၆၅ အတွင်းတွင် လူဦးရေသည် တစ်သန်းအောက် ရှိရာမှ ပြည်ထောင်စုတစ်ခုလုံးတွင် အများဆုံး ဖြစ်လာခဲ့သည်။ ၁၉၄၀ ခုနှစ်တွင် လူဦးရေစာရင်းဗျူရို၏ အစီရင်ခံစာအရ ကယ်လီဖိုးနီးယားလူဦးရေတွင် စပိန် ၆.၀% ၊ အာရှသား ၂.၄% နှင့် စပိန်မဟုတ်သူ လူဖြူ ၈၉.၅% ရှိသည်။[60]
လူဦးရေအရ လိုအပ်ချက်ကို ဖြည့်ဆည်းရန် အဓိက အင်ဂျင်နီယာဆိုင်ရာ ပရော့ဂျက်များ ဖြစ်ကြသော ကယ်လီဖိုးနီးယား ရေသယ်မြောင်း နှင့် လော့အိန်ဂျယ်လိစ် ရေသယ်မြောင်း၊အိုရိုဗေးဆည် နှင့် ရှာစတာဆည်၊ ဆန်ဖရန် စစ္စကို-အော့ကလန် ပင်လယ်အော်တံတား နှင့် ဂိုးလ်ဒင်းဂိတ် တံတား စသည်တို့ကို ပြည်နယ်တဝှမ်းတွင် တည်ဆောက်ခဲ့ကြသည်။ ပြည်နယ်အစိုးရမှ အဆင့်မြင့်ပညာရေး နှင့် ပတ်သက်၍ ကယ်လီဖိုးနီးယား၏ မာစတာ ပလန် ကို ၁၉၆၀ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ပြီး အများပြည်သူဆိုင်ရာ ပညာရေးနှင့် ပတ်သက်၍ အလွန်စွမ်းအားပြည့်ဝသော စနစ်ကို တည်ထောင်ရန် အတွက် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မပြင်းထန်သော မြေထဲပင်လယ် ရာသီဥတု၊ ဈေးပေါသောမြေ နှင့် ပြည်နယ်အတွင်းရှိ အမျိုးမျိုးသော ပထဝီ အနေအထားတို့ကြောင့် ရုပ်ရှင်ထုတ်လုပ်သူများသည် ၁၉၂၀ ခုနှစ်များ အတွင်း၌ စတူဒီယို စနစ်များကို စတင်တည်ထောင်ခဲ့ကြသည်။ ကယ်လီဖိုးနီးယားသည် ဒုတိယကမ္ဘာစစ် အတွင်း အမေရိကန်ပြည်ထောင်စု၏ စစ်လက်နည်ပစ္စည်း ၈.၇% ကို ထုတ်လုပ်ခဲ့ပြီး ပြည်နယ် ၄၈ ခုတွင် နယူးယောက် နှင့် မီရှီဂန်တို့၏ နောက် တတိယနေရာမှ လိုက်သည်။[61]သို့သော်လည်း ကယ်လီဖိုးနီးယားသည် စစ်အတွင်း စစ်ဘက်ဆိုင်ရာ သင်္ဘောများ (သယ်ယူပို့ဆောင်ရေး၊ ကုန်တင်သင်္ဘောနှင့် ကုန်သည်သင်္ဘောများ ဖြစ်သော လစ်ဘာတီသင်္ဘော နှင့် ဗစ်ထရီသင်္ဘော တို့အပြင် စစ်သင်္ဘောများ) ထုတ်လုပ်ရာ၌ ပထမနေရာတွင် ရှိပြီး ဆန်ဒီယေးဂိုး၊ လော့စ်အိန်ဂျယ်လိစ် နှင့် ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသ ရှိ ကုန်းတွင်း သင်္ဘောကျင်းများတွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။[62][63][64][65] ဒုတိယကမ္ဘာစစ် အပြီးတွင် လေကြောင်းအာကာသ နှင့် ကာကွယ်ရေးပစ္စည်း လုပ်ငန်း တို့ကြောင့် ကယ်လီဖိုးနီးယား၏ စီးပွားရေးသည် များစွာ တိုးတက်လာခဲ့ပြီး[66] စစ်အေးတိုက်ပွဲ အပြီးတွင်မူ ၎င်းတို့၏ ပမာဏမှာ လျော့ကျလာခဲ့သည်။[66][67] စတန်းဖို့ဒ် တက္ကသိုလ် နှင့် အင်ဂျင်နီယာဌာန၏ အကြီးအမှူး ဖရက်ဒရစ် တာမန်း တို့မှ မဟာဌာနများ နှင့် ဘွဲ့ရများကို ပြည်နယ်မှ ထွက်ခွာမည့် အစား ကယ်လီဖိုးနီးယားတွင် ဆက်လက်နေထိုင်ရန် တိုက်တွန်းခဲ့ပြီး ဆီလီကွန်တောင်ကြားဟု ခေါ်သော မြင့်မားသည့် နည်းပညာဒေသ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။[68]
ပထဝီဝင်
ကယ်လီဖိုးနီးယားပြည်နယ်၏ ရာသီဥတုမှာ ကမ္ဘာပေါ်တွင် အသာယာဆုံး ဖြစ်သည်ဟု ဆိုလေသည်။ ကယ်လီဖိုးနီးယားပြည်နယ်သည် သဘာဝ အလျောက် သာယာသော ရှုမျှော်ခင်းတို့ဖြင့် ပြည့်စုံသည့် ပြည်နယ် ဖြစ်ပေသည်။ ထိုပြည်နယ်တွင် သေမင်းချိုင့်ဝှမ်းဟု ခေါ်သော ဆန်းကြယ်သည့် ချိုင့်ဝှမ်းတစ်ခုရှိသည်။ ထိုချိုင့်ဝှမ်းသည် ပင်လယ်ပြင်အောက် ပေ ၂၈ဝ မျှ နိမ့်လေသည်။ ကြီးမားလှသော သစ်ပင်ကြီးများ ပေါက်ရောက်၍ ထင်ရှားသည့် ဆီယယ်ရာ နီဗားဒ တောင်တန်းတွင်ရှိသော ဝှစ်တနီ တောင်ထိပ်သည် အလာစကပြည်နယ်ရှိ တောင်ထိပ်တစ်ခုကို ချပ်လှပ်လျှင် အမေရိကန် ပြည်ထောင်စုတွင် အမြင့်ဆုံးဖြစ်၍ ပေပေါင်း ၁၄၄၉၅ ပေမျှ မြင့်သည်။
နီဗားဒတောင်တန်းနှင့် ကို့စရိန့်တောင်တန်းနှစ်ခုကြားတွင် ကာလီဖိုးနီးယားချိုင့်ဝှမ်းကြီး ရှိလေသည်။ အနောက်ဘက်ရှိဝီလဆန်တောင်ပေါ်၌ အမေရိကန် ပြည်ထောင်စုတွင် အရေးပါ ဆုံး နက္ခတ်မျှော်စင်ကြီးတစ်ခု ရှိ၏။ လော့စ်အိန်ဂျယ်လိစ်မြို့ အနီးတွင် ဟောလီးဝုဒ် ရုပ်ရှင်မြို့ကြီး တည်ရှိလေသည်။ မက္ကဆီကို နိုင်ငံဘက်ကျသော ဆန်ဒီယေးဂိုးမြို့နှင့် ဆန်ဖရန်စစ္စကို ပင်လယ်အော် ကမ်းနဖူးတွင်ရှိသော အုတ်ကလန်မြို့တို့မှာလည်း အတန်ထင်ရှားသောမြို့များ ဖြစ်ကြပေသည်။[69]
ကိုးကား
- Government Code Section 420-429.8။ State of California Legislative Council။ December 24, 2009 တွင် ပြန်စစ်ပြီး။
- Extreme and Mean Elevations by State and Other Areas (PDF)။ United States Census (2004)။ 2008-11-27 တွင် ပြန်စစ်ပြီး။
- York, Anthony။ "Brown sworn in as California's 39th governor"၊ Los Angeles Times၊ 2011-01-04။ 2011-01-04 တွင် ပြန်စစ်ပြီး။
- Coté၊ John။ "Lt. Gov.-elect Gavin Newsom to be sworn in by Jan. 10"၊ SFGate.com၊ Hearst Newspapers၊ December 31, 2010။ January 3, 2010 တွင် ပြန်စစ်ပြီး။
- American FactFinder—Results။ U.S. Census Bureau။ 24 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 July 2020 တွင် ပြန်စစ်ပြီး။
- GDP by State | U.S. Bureau of Economic Analysis (BEA)။
- Report for Selected Countries and Subjects။
- World Population Prospects—Population Division—United Nations။
- U.S. metro areas—ranked by Gross Metropolitan Product (GMP) 2020 | Statistic။ May 31, 2019 တွင် ပြန်စစ်ပြီး။
- GDP by Metropolitan Area | U.S. Bureau of Economic Analysis (BEA) (in en)။
- Largest Companies by Market Cap Today • Dogs of the Dow (in en-US) (2019-06-17)။
- "Bloomberg Billionaires Index"၊ Bloomberg.com။
- Happy 25th anniversary, World Wide Web။ CalWatchdog.com (March 13, 2014)။
- Weller၊ Chris။ The most important invention from every state။
- Some People Don't Know These 10 Things Came From Southern California (June 18, 2016)။
- 15 Things the world needs to be thanking California for။
- California Gross domestic product (GDP) (millions of current dollars)။ U.S. Department of Commerce, Bureau of Economic Analysis။
- Palmer၊ Brian (July 10, 2013)။ The C-Free Diet။ Slate။
- CDFA—Statistics။ California Department of Food and Agriculture။
- "California farms produce a lot of food—but what and how much might surprise you"၊ Orange County Register၊ July 27, 2017။
- "California's most destructive wildfire should not have come as a surprise"၊ Los Angeles Times၊ November 10, 2018။
- Advancing Drought Science and Preparedness across the Nation။ National Integrated Drought Information System။
- Stewart, George (1945). Names on the Land: A Historical Account of Place-Naming in the United States. New York: Random House. pp. 11–17.
- Starr 2007, p. 13.
- Rolle 1987, pp. 34–35.
- Rolle 1987, pp. 40–41.
- Tillman၊ Linda C.; Scheurich၊ James Joseph (August 21, 2013)။ The Handbook of Research on Educational Leadership for Equity and Diversity။ Routledge။ p. 202။ ISBN 978-1-135-12843-2။
- Huping Ling (April 29, 2009)။ Asian America: Forming New Communities, Expanding Boundaries။ Rutgers University Press။ p. 109။ ISBN 978-0-8135-4867-8။
- Tillman၊ Linda C.; Scheurich၊ James Joseph (August 21, 2013)။ The Handbook of Research on Educational Leadership for Equity and Diversity။ Routledge။ p. 202။ ISBN 978-1-135-12843-2။
- Huping Ling (April 29, 2009)။ Asian America: Forming New Communities, Expanding Boundaries။ Rutgers University Press။ p. 109။ ISBN 978-0-8135-4867-8။
- Rolle 1987, p. 44.
- California as an Island in Maps—Online Exhibits။
- California Indian History—Native American Caucus။
- Historical Atlas of California
- source: Encyclopædia Britannica 7th edition, 1842, "Mexico"
- Introduction။ National Park Service။
- Altman၊ Linda Jacobs (2005)။ California။ Marshall Cavendish။ p. 117။ ISBN 978-0-7614-1737-8။ March 16, 2013 တွင် ပြန်စစ်ပြီး။
Testimonios: Early California Through the Eyes of Women, 1815–1848။ Heyday။ 2006။ p. 425။ ISBN 978-1-59714-033-1။ March 16, 2013 တွင် ပြန်စစ်ပြီး။ - Starr၊ Kevin (2007)။ California: A History။ Modern Library။ pp. 17–။ ISBN 978-0-8129-7753-0။
Hoover၊ Mildred Brooke; Kyle၊ Douglas E., eds. (2002)။ Historic Spots in California။ Historic Spots in California။ p. 316။ ISBN 978-0-8047-7817-6။ March 16, 2013 တွင် ပြန်စစ်ပြီး။
Conway၊ J. D. (2003)။ Monterey: Presidio, Pueblo, and Port။ Arcadia Publishing။ The Making of America Series။ pp. 53–55။ ISBN 978-0-7385-2423-8။ March 16, 2013 တွင် ပြန်စစ်ပြီး။ - Hart၊ James David (1987)။ A Companion to California။ University of California Press။ p. 315။ ISBN 978-0-520-05544-5။ March 16, 2013 တွင် ပြန်စစ်ပြီး။
Harlow၊ Neal (1989)။ California Conquered: The Annexation of a Mexican Province, 1846–1850။ University of California Press။ p. 27။ ISBN 978-0-520-06605-2။ March 16, 2013 တွင် ပြန်စစ်ပြီး။ - Billington၊ Ray Allen; Ridge၊ Martin (2001)။ Westward Expansion: A History of the American Frontier။ University of New Mexico Press။ p. 203။ ISBN 978-0-8263-1981-4။ February 16, 2013 တွင် ပြန်စစ်ပြီး။
- Lyman, George D. and John Marsh, Pioneer: The Life Story of a Trail-Blazer on Six Frontiers, pp. 237–39, The Chautauqua Press, Chautauqua, New York, 1931.
- Lyman and Marsh, pp. ix, 209, 231, 238–39, 246–51, 266–67, 268–71.
- Lyman and Marsh 1931, pp. 250–62.
- Stone, Irving. Men to Match My Mountains, pp. 70–72, Berkley Books, New York, New York, 1982. ISBN 0-425-10544-X.
- Winkley, John W. Dr. John Marsh, Wilderness Scout, pp. 67–69, The Parthenon Press, Nashville, Tennessee, 1962.
- Stone, Irving. From Mud-Flat Cove to Gold to Statehood, pp. 66–68, Word Dancer Press, Clovis, California, 1999. ISBN 1-884995-17-9.
- William B. Ide Adobe SHP။ California State Parks။
- Bear Flag Revolt။ History.com (2015)။
The United States and California။ Library of Congress (1998)။ - The U.S. Mexican War။ KPBS (1999)။
Matthew Kachur; Jon Sterngass (July 1, 2006)။ The Mexican-American War။ World Almanac Library။ pp. 25–26။ ISBN 978-0-8368-7290-3။
Thomas M. Leonard (2001)။ James K. Polk: A Clear and Unquestionable Destiny။ Rowman & Littlefield။ pp. 141–143။ ISBN 978-0-8420-2647-5။ - Spencer Tucker (Militärhistoriker) (2013)။ The Encyclopedia of the Mexican-American War: A Political, Social, and Military History။ ABC-CLIO။ pp. 55–56။ ISBN 978-1-85109-853-8။
- The Quarterly။ Historical Society of Southern California။ 1907။ pp. 199–201။
Hunt Janin; Ursula Carlson (April 20, 2015)။ The California Campaigns of the U.S.-Mexican War, 1846–1848။ McFarland။ pp. 149–151။ ISBN 978-1-4766-2093-0။ - Osborne၊ Thomas J. (November 29, 2012)။ Pacific Eldorado: A History of Greater California။ Wiley။ ISBN 978-1-118-29217-4။
- California Gold Rush, 1848–1864။
- 1870 Fast Facts။ United States Census Bureau။
- Wilson၊ Dotson; Ebbert၊ Brian S. (2006)။ California's Legislature (PDF) (2006 ed.)။ Sacramento: California State Assembly။
- 10 Facts: California during the Civil War Civil War Trust. Downloaded September 9, 2017.
- Destruction of the California Indians။ California Secretary of State။ 7 December 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 February 2021 တွင် ပြန်စစ်ပြီး။
- California Militia and Expeditions Against the Indians, 1850–1859။ Militarymuseum.org။
- see also Benjamin Madley, American Genocide: The California Indian Catastrophe, 1846–1873, Yale University Press, 2012.။
- California—Race and Hispanic Origin: 1850 to 1990။ U.S. Census Bureau။
- Peck, Merton J. & Scherer, Frederic M. The Weapons Acquisition Process: An Economic Analysis (1962) Harvard Business School p. 111
- Shipbuilding Essay—World War II in the San Francisco Bay Area: A National Register of Historic Places Travel Itinerary။
- Richmond Shipyard Number Three: World War II in the San Francisco Bay Area: A National Register of Historic Places Travel Itinerary။
- Rosie the Riveter National Historical Park, Kaiser Shipyards။
- Saving the Bay—The Greatest Shipbuilding Center in the World။ KQED (August 11, 2010)။
- Bill Watkins။ "How California Lost its Mojo"၊ October 10, 2012။
Nancy Kleniewski; Alexander R. Thomas (March 1, 2010)။ Cities, Change, and Conflict: A Political Economy of Urban Life။ Cengage Learning။ pp. 91–92။ ISBN 978-0-495-81222-7။ June 26, 2013 တွင် ပြန်စစ်ပြီး။ - Rosa Maria Moller (May 2008)။ Aerospace States' Incentives to Attract The Industry 24–25။ California Research Bureau။
Robert A. Kleinhenz (August 2012)။ The Aerospace Industry in Southern California။ laedc.org။ “In 1987, California accounted for one in four aerospace jobs nationally, and in Los Angeles County, the share was one in ten. Following the collapse of the Soviet Union and the end of the Cold War, the Department of Defense (DOD) sharply curtailed procurement spending. In 1995, DOD spending fell below $50 billion for the first time since 1982. Nowhere in the country were the changes in Pentagon outlays more apparent than in Southern California.”
Eric John Heikkila; Rafael Pizarro (January 1, 2002)။ Southern California and the World။ Greenwood Publishing Group။ p. 18။ ISBN 978-0-275-97112-0။ June 25, 2013 တွင် ပြန်စစ်ပြီး။
James Flanigan (2009)။ Smile Southern California, You're the Center of the Universe: The Economy and People of a Global Region။ Stanford University Press။ p. 25။ ISBN 978-0-8047-5625-9။ June 25, 2013 တွင် ပြန်စစ်ပြီး။ - Markoff၊ John။ "Searching for Silicon Valley"၊ The New York Times၊ April 17, 2009။
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)