ထိုင်တော်မူ ဂေါတမဗုဒ္ဓ ရုပ်ပွားတော်ဘုရားကြီး

ထိုင်တော်မူ ဂေါတမဗုဒ္ဓ ရုပ်ပွားတော်ဘုရားကြီး (အင်္ဂလိပ်: Statue of Gautama Buddha) သည်မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၌ တည်ရှိသည်။ ကျိုက်ထိုမြို့တွင်ရှိသော ဘုရားသုံးဆူတောင်ပေါ်၌တည်ထားသည်။ ဉာဏ်တော်အမြင့် (၂၅၅)ပေ (၆)လက်မ (၇၇.၈၇မီတာ) ရှိ၍ မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် ကမ္ဘာတွင် ဒုတိယမြောက်အကြီးဆုံး ထိုင်တော်မူရုပ်ပွားတော် တစ်ဆူဖြစ်သည်။[1] ထိုင်တော်မူ ဂေါတမ ဗုဒ္ဓမြတ်စွာ ဘုရားကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားကို (၂၀၁၉) ဧပြီလ (၇)ရက်နေ့၌ကျင်းပခဲ့ရာ မန္တလေးမစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တ ကေသရာ ဘိဝံသ၊ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ တို့ကြွရောက်ကြ၍ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ တို့လည်းတက်ရောက်ခဲ့ကြသည်။ [2]

ထိုင်တော်မူ ဂေါတမဗုဒ္ဓ ရုပ်ပွားတော်ဘုရားကြီး
ထိုင်တော်မူ ဂေါတမဗုဒ္ဓ ရုပ်ပွားတော်ဘုရားကြီး
ကိုဩဒိနိတ်17.3183733°N 97.0281018°E / 17.3183733; 97.0281018 (Statue of Gutama Buddha (Kyaikhto, Mon State, Myanmar))
တည်နေရာမြန်မာနိုင်ငံမွန်ပြည်နယ်ကျိုက်ထိုမြို့ရှိ ဘုရားသုံးဆူတောင်
အမျိုးအစားဗုဒ္ဓရုပ်ပွားတော် ရုပ်ထု
အမြင့်
  • ရုပ်ပွားတော်အမြင့်: ၇၇.၈၇၆၄ m (၂၅၅.၅၀၀ ft)
စတင်(၂၀၁၄) ခုနှစ် ဩဂုတ် (၁၀)ရက် စတင်ပန္နက်ရိုက်/ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ (၁၀)ရက်တွင် အုတ်မြစ်စီ
ပြီးဆုံး၂၀၁၉
ဖွင့်လှစ်၂၀၁၉ ဧပြီလ (၇)ရက်
ရည်ရွယ်ဂေါတမဗုဒ္ဓ

အချက်အလက်

ဤဘုရားကြီးတွင် အထပ်ပေါင်း ၁၇ ထပ်ရှိ၍ အလွှာပေါင်းက ၁၈ လွှာရှိပါရှိသည်။ နောက်ဆုံးပွင့်တော်မူခဲ့သော ဂေါတမဗုဒ္ဓမြတ်စွာဘုရားကို အစွဲပြုပြီး၍ ဂေါတမဗုဒ္ဓရုပ်ပွားတော် ဘုရားကြီးဟူ၍ ဆရာတော် ဦးတေဇဝန္တကိုယ်တိုင် အမည်ပေးခြင်းဖြစ်၏။[3]


မွန်ပြည်နယ် ကျိုက်ထိုမြို့ ရှေးဟောင်းသမိုင်းဝင် ဘုရားသုံးဆူတောင်ပေါ်တွင် ကျပ်သိန်းပေါင်း တစ်သောင်းကျော် ကုန်ကျခံကာ တည်ထားကိုးကွယ်မည့် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဂေါတမဗုဒ္ဓရုပ်ပွားတော် ဘုရားကြီး တည်ထားမှုမှာ ဧပြီလဆန်းတွင် ပြီးစီးမည်ဖြစ်ပြီး ဗုဒ္ဓပူဇနိယပွဲ တော်များပါ ဆက်တိုက်ကျင်းပမည်ဖြစ်ကြောင်း ကျိုက်ထိုဘုရား သုံးဆူကျောင်းဆရာတော်က မိန့် ကြားသည်။

""ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ရုပ်ပွားတော်ကြီးပါ။ ဉာဏ်တော်က ၂၅၅ ပေ ၆ လက်မ မြင့်ပါတယ်။ ပြီးစီးမယ့်ရက်တွေဖြစ်တဲ့ ဧပြီ ၅၊ ၆၊ ၇၊ ၈ ရက်တွေမှာ ဗုဒ္ဓပူဇနိယ ပွဲတော်များ ကျင်းပသွားမှာဖြစ်ပါတယ်။ မတည်အလှူရှင်က ကျပ်သိန်း သုံးထောင် မတည်ထားတယ်။ ကျန်တဲ့ ခုနစ်ရက် သားသမီးအလှူရှင် တွေက ကျပ်သိန်း ၆၀ဝ၀ စုစုပေါင်း သိန်းကိုးထောင်၊ နောက်ထပ် ကုန်မှာနဲ့ဆိုရင် ကျပ်သိန်းပေါင်း တစ်သောင်းကျော် ခန့်မှန်းထားတယ်" ဟု ကျိုက်ထိုဘုရားသုံးဆူကျောင်း ဆရာတော်ဘဒ္ဒန္တတေဇ ဝန္တက မိန့်ကြားသည်။

အဆိုပါ ဘုရားကြီးတည် ထားမှုအတွက် ကျိုက်ထိုမြို့ တောင်သူစု ရပ်ကွက်တွင် နေထိုင်သည့် ရတနာရွှေပြည်ဟိန်းကုမ္ပဏီ ရွှေသတ္တုတူးဖော်ရေး လုပ်ငန်းပိုင်ရှင် ဦးတင်ဝင်း၊ ဒေါ်အုံးမြင့်တို့ မိသားစုကလည်း ကျပ်သိန်းသုံးထောင်ကို မတည်လှူဒါန်းခဲ့ကြောင်း သိရသည်။

"ဒီဘုရားကြီးကို ရတနာသုံးပါး ရည်စူးပြီး တည်ထားတာပါ။ ဆရာတော်ဖြစ်ချင်တာကို အကောင်းဆုံးဖြစ်အောင် ကူညီပေးခဲ့ တာပါ။ ပြီးသွားရင်ရွှေသင်္ကန်းပဲ ကပ်ပြီး တရားပွဲတွေလည်း လုပ်သွားမှာပါ။ နောက်ပိုင်းကျရင်တော့ ဒီဒေသဟာ အရမ်းစည်ကားတဲ့ ဘုရားဖူးများပြားတဲ့ ဒေသတစ်ခု ဖြစ်လာမှာပါ" ဟု ဘုရားကြီး၏မတည်အလှူရှင် ဘုရားဒကာ ဦးတင်ဝင်းက ပြောသည်။

ထိုင်တော်မူ ဂေါတမဗုဒ္ဓရုပ် ပွားတော်ဘုရားကြီး တည်ရန်အတွက် ၂၀၁၄ ခုနှစ်က စတင်မြေရှင်း ပန္နက်ရိုက်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် တွင် သီတဂူဆရာတော်ဘုရားကြီး က အုတ်မြစ်ချခဲ့ခြင်းဖြစ်သည်။ ဘုရားကြီး၏ ကိုယ်တွင်း၌ အထပ်များစွာပါဝင်မည် ဖြစ်ပြီး ပထမထပ်တွင် ဌာပနာထားကာ ဌာပနာကိုလည်း အလှူရှင်များ ကြည့်မြင်နိုင်အောင်စီမံထားကြောင်း၊ ဉာဏ်တော်အမြင့် ၂၅၅ ပေ ၆ လက်မ ထားခြင်းမှာ ရောက်ရှိနေသည့် သာသနာတော်နှစ်ကို သိမြင်နိုင်အောင်ဖြစ်ကြောင်း ဘုရား၏ အမည်ကိုလည်း မြတ်စွာဘုရား၏ အမည်ရင်း ဂေါတမဗုဒ္ဓ ဟု အမည် ပေးထားသည့် အတွက် ဘုရားဖူးသူများနှင့် ဆုတောင်း သူများအတွက်လည်း သက်တော် ထင်ရှားဘုရားရှင်ကို ရည်စူးပူဇော် နိုင်အောင် ယင်းကဲ့သို့ အမည်ပေး ခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.