နတ်နွယ်

စာရေးဆရာနတ်နွယ် သည် အမျိုးသား စာပေဆုရ မြန်မာနိုင်ငံသား စာရေးဆရာတစ်ဦး ဖြစ်သည်။ စာရေးဆရာ နတ်နွယ်ကို ဦးဘဝမ်း၊ ဒေါ်စောလုံတို့က ၁၉၃၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ ဦးလှမြင့်ဖြစ်သည်။ မြစ်ကြီးနားမြို့ စောင်းဖန်းအထက်တန်းကျောင်း၊ မန္တလေးမြို့ ဗုဒ္ဓဘာသာသာသနာ့နုဂ္ဂဟ အထက်တန်းကျောင်းနှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ယူခဲ့သည်။

နတ်နွယ်
မွေးဖွားလှမြင့်
(၁၉၃၃-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး ""-0၁)ဖေဖော်ဝါရီ ၁၊ ၁၉၃၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့
ကွယ်လွန်မေ ၁၁၊ ၂၀၁၁(၂၀၁၁-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး ""-၁၁) (အသက် ၇၈)
အလုပ်အကိုင်စာရေးဆရာ၊ ကဗျာဆရာ
နိုင်ငံလူမျိုးမြန်မာ

စာပေနယ်သို့ ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ ၂၈ ရက်နေ့ထုတ် ဟံသာဝတီသတင်းစာ မဂ္ဂဇင်းကဏ္ဍပါ"ကျောင်းသူမ" ကဗျာဖြင့် စတင်ဝင်ရောက်ခဲ့သည်။ ထို့နောက် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဆောင်းပါး၊ ဝတ္ထု၊ ဝေဖန်စာနှင့်ဘာသာပြန်များ ဆက်တိုက်ရေးသားခဲ့ရာ ပင်ကိုယ်ရေးလုံးချင်းဝတ္ထု ၁၀ဝ ကျော်နှင့် ဘာသာပြန် လုံးချင်းဝတ္ထုပေါင်း ၂၀ ကျော် ဘာသာပြန်ဆို ရေးသားခဲ့သည်။ ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလထုတ် "မိုးထဲလေထဲ"မှစ၍ ရေးသားခဲ့သောလုံးချင်းဝတ္ထုများအနက် အပြာ(၁၉၅၆၊ ဖေဖော်ဝါရီ)၊ အဝါ (၁၉၆၀၊ စက်တင်ဘာ)၊ တစ်ကွေ့တော့တွေ့ကြဦးမည် (၁၉၆၃၊ အောက်တိုဘာ)၊ တံခွန်တိုင်မောင်နှမများ (၁၉၇၂၊ စက်တင်ဘာ)နှင့် မြန်မာပြည်မြောက်ပိုင်း (ပထမတွဲ) (၁၉၆၆၊ ဩဂုတ်)(ဒုတိယတွဲ) (၁၉၆၇၊ ဒီဇင်ဘာလ) တို့မှာ ဆရာနတ်နွယ်၏ ထင်ရှားသော ပင်ကိုရေးဝတ္ထုများ ဖြစ်သည်။ ရောမက မိန်းမပျက် (၁၉⁠၉၄၊ နိုဝင်ဘာလ)နှင့်စိန်ခေါ်ပွဲ (၁၉၈၇၊ နိုဝင်ဘာလ) တို့မှာ ထင်ရှားသည့် ဘာသာပြန်လက်ရာများ ဖြစ်သည်။

ရုရှားစာရေးဆရာ ဖျိုဒါဒေါ့စတာ ယက်စကီ(Fyodor Dostoevsky)၏ အကျော်ကြားဆုံးနှင်နောက်ဆုံးလက်ရာဖြစ်သောThe Brothers Karamazovကို "ကာရာမာဇော့ညီအစ်ကိုများ" အမည်ဖြင့်ဘာသာပြန်ဆိုခဲ့ရာ ၂၀ဝ၂ ခုနှစ်အတွက် အမျိုးသားစာပေဆု၊ ဘာသာပြန် (ရသ)ဆုကို ရရှိခဲ့သည်။ နတ်နွယ်သည် စာပေရေးသားခြင်းအပြင် စုံထောက်မဂ္ဂဇင်း၌ အယ်ဒီတာ၊ အယ်ဒီတာချုပ်အဖြစ် လည်းကောင်း၊ လျှို့ဝှက်သည်းဖိုမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာ၊ အမျိုးသားသတင်းစာတွင် ဘာသာပြန်အယ်ဒီတာ၊ မိုးဝေနှင့် နွယ်နီမဂ္ဂဇင်းတို့တွင် အယ်ဒီတာချုပ်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။မိုးဇော်ဟိန်းအမည်ဖြင့်လည်း ဘာသာပြန်လုံးချင်းဝတ္ထုများရေးသားခဲ့ရာ မိုးအဆုံး၊ မြေအဆုံး၊ သေမင်းနှင့်လက်တစ်ကမ်း၊ အာဖရိကဧကရီတို့မှာ ထင်ရှားသည်။ နတ်နွယ်သည် မောင်မြင့်နောင်၊ ကလောင်သစ်၊ နီနီ၊ မောင်တင်အေး၊ စိန်အိုးစည်၊ မှန်ပြောင်းသစ်၊ ပျံလွှား၊ ကျောက်တိုင်၊ ဘွဲ့ဖြူ၊ ကောင်းမြတ်၊ ဇင်သောင်း၊ ရွှေစင်၊ မင်းရာကျော်၊ ကောလိယ စသည့်ကလောင်ခွဲများဖြင့်လည်း စာပေလက်ရာများစွာ ရေးသားခဲ့သည်။ စာရေးဆရာ မင်းကျော်နှင့် တွဲဖက်၍ 'မလိခ' ကလောင်အမည်ခံယူကာ မြန်မာဝတ္ထုအညွှန်းကို ရေးသားခဲ့သည်။ ကမ္ဘာ့ဝတ္ထုအညွှန်း၊ သမိုင်းအဘိဓာန်ကိုလည်းရေးသားပြုစုခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ဒေါ်တင်⁠တင်အေးနှင့်လက်ထပ်သည်။ နတ်နွယ်သည် အသက် ၇၉ နှစ်အရွယ် ၂၀၁⁠၁ခုနှစ်၊ မေလ ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်နေအိမ်၌ကွယ်လွန်သည်။ [1]

  1. ကလောင် အမည်ခွဲများ - မောင်မြင့်နောင်၊ ကလောင်သစ်၊ နီနီ၊ မောင်တင်အေး၊ မုလာဒင်၊ အေးနီ၊ မြင့်ကေသီ၊ လှမြင့်၊ ကျောက်တိုင်၊ မိုးဇော်ဟိန်း၊ ပျံလွှား၊ မှန်ပြောင်းသစ်၊ စိန်အိုးစည်၊ ဘွဲ့ဖြူ၊ ကောင်းမြတ်၊ ဇင်သောင်း၊ ရွှေစင်၊ မင်းရာကျော်၊ မလိခ (မင်းကျော်နှင့်တွဲလျက်) ကောလိယ

နတ်နွယ် ရေးသား ပြုစု ထုတ်ဝေခဲ့သော စာအုပ်များ

စဉ်အမည်ထုတ်ဝေနှစ်မှတ်ချက်
ကုဋေကုဋာ သိန်းသန်း တန်တော့တယ်၁၉⁠၉၇
ကုသိုလ်တပဲ ငရဲတပိသာ၁၉၆၉
ကေသရာဇာ၁၉၇၄
ကမ္ဘာပတ်လည် ရက်ရှစ်ဆယ်၁၉၆ဝ(Round The World in Eighty Days)
ကမ္ဘာမြေအနှံ့၁၉၆၁
ကမ္ဘာရန်၁၉၆၈
ကမ္ဘာ့ ဝတ္ထုအညွှန်း၁၉⁠၉၆
ကျွန်မအသက် သပြေခက်၁၉၇၄
ကျားမျက်လုံးနဲ့ ကြောင်မျက်နှာ၁၉၇၅
၁၀ကျော်ဇေယျနှင့် သံကွန်ချာ ခုနစ်ထပ်၁၉၇၅
၁၁ကျောက်ဘီလူး၁၉၆၄
၁၂ချစ်သူနှင့် တခဏ မုန်းသူနှင့် တဘဝ၁၉၇၃
၁၃ချစ်သူရှိသောမြို့၁၉၆ဝ
၁၄ချစ်သောကြောင့်၁၉၅၆
၁၅ဂါမဏိ၁၉၇၈
၁၆ငြမ်း၁၉၇၈
၁၇ငွေလကိုမြင် ကြယ်စင်မဟုတ်ဘူး၁၉၇၈
၁၈စိတ်ထဲမှာ တကမ္ဘာ၁၉၇၄
၁၉စိန်ခေါ်ပွဲ၁၉၈၇
၂၀ဇော်မိုးဟိန်းနှင့် နန်းသက်မွန် ကျောက်ရုပ်၁၉၈၁
၂၁ဇောမိုးဟိန်းနှင့် သိန်းလေးဆယ် မာယာ၁၉၈၂
၂၂ဇာတ်သမအလယ် ၁၉၆၁
၂၃ညဈေးတန်းအစ ၁၉၆၁
၂၄ညီအစ်မများနှင့် လူစိမ်းများ ၁၉၈၂
၂၅တကွေ့တော့ တွေ့ကြဦးမယ် ၁၉၆၆
၂၆တခိုင်နန်းမို့ လွမ်းလဲ့ရည် ၁၉၇၈
၂၇တဆယ် (၁ဝ)၁၉၆၄(နတ်နွယ်၊ မိုးဝေ)
၂၈တနေ့မဟုတ် တနေ့ ၁၉၆၅
၂၉တပင်ကို နှစ်ပင်ယှက်တယ် ၁၉၇၄
၃၀တမင်သက်သက် ၁၉၆၁
၃၁တဝဲလည်လည် ၁၉၆၁
၃၂တက္ကသိုလ်နှင့် ပြင်ပကမ္ဘာ ၁၉၆၇
၃၃တဖန်ပြန်၍ မနိုးသော ဝေဒနာ၁၉၈၃(Coma)
၃၄တယောက်က မာယာ ၁၉၇၃
၃၅တံခွန်တိုင် မောင်နှမများ ၁၉၇၂
၃၆တိတ်တဆိတ် ၁၉၆၁
၃၇တိမ်စွယ်မှာ ကွယ်သောနေ ၁၉၈၁
၃၈ဒက်ဇယ်လာ၁၉၈၇(Dagqelers)
၃၉ဒဏ္ဍာရီ ၁၉၇၈
၄၀နေ့ကန့်လန့်ကာ လပဝါ ၁၉၇၅
၄၁နောက်ဆုံးတနေ့ နောက်ဆုံးကမ္ဘာ ၁၉၇၆
၄၂နန္ဒဝန်သို့အပြန် ၁၉၇၂
၄၃နန်းစံပယ်နှင့် တယောက်ပြီး တယောက် ၁၉၇၂
၄၄နန်းသက်မွန်နှင့် မျက်နှာစိမ်းများ ၁၉၇၃
၄၅နွဲ့ဝါ ၁၉၇၆
၄၆နှမထွေးမယ့်ကို လိုလျှင် ၁၉၆၁
၄၇နှစ်ကြီးသမား ၁၉၅၇
၄၈နွယ်နီနိုင်ငံတကာ အဘိဓာန် ၁၉⁠၉၄
၄၉နွယ်နီအာရှ နှစ်ချုပ် (၁၉⁠၉၄) ၁၉⁠၉၄
၅၀နွယ်နီအာရှ နှစ်ချုပ် (၁၉⁠၉၅) ၁၉⁠၉၅
၅၁ပေါက်ပင်ကစိမ်း ကျေးကစိမ်း ၁၉၇၉
၅၂ပဉ္စမံအသည်း ပဉ္စလက် အပြုံး ၁၉၇၉
၅၃ပုဏ္ဏက ၁၉၈ဝ
၅၄ပြာ⁠ပြာညိုရောင် မှိုင်းလဲ့လဲ့ ၁၉၇၅
၅၅ဘဝဟူသည်၁၉⁠၉၁(My Life)
၅၆ဘယ်ယိမ်းညာနွဲ့ ဘယ်ပြန်နွဲ့ ၁၉၇၇
၅၇မကွယ်သောနေ့က ကြွေသောပန်း ၁၉၈၄
၅၈မနေ့တနေ့က ရွာတဲ့မိုး
၅၉မပြီးဆုံးသေးသောည ၁၉၇၅
၆၀မသန္တာ မသိပါ ၁၉၇၃
၆၁မီးခိုးမဆုံး မိုးမဆုံး ၁၉၆၇
၆၂မိုးညဖြူဖြူ ၁၉၆၂
၆၃မိုးထဲလေထဲ ၁၉၅၄
၆၄မိုးဖြူစမဲ မိုးမည်းမရွာ ၁၉၇၉
၆၅မိုးမှာစနေ လေမှာရာဟု ၁၉၇၅
၆၆မောင်နှင့်သာအတူ ၁၉၆၁
၆၇မောင်နှင့်သာအတူ ကမ္ဘာမြေအနှံ့ ၁၉၇၃
၆၈မျက်ဝါးထင်ထင် ၁၉၅၆
၆၉မုန်းပင်အောက်မှာ ချစ်သူရှာ ၁၉၇၆
၇၀မျက်တောင်ကော့နဲ့ မျက်ထားညို ၁၉၇၂
၇၁မျက်နှာမှာအပြုံး မျက်လုံးမှာဒေါသ ၁၉၇၃
၇၂မြသဇင် ၁၉၆၆
၇၃မြေအောက်သဇင် ၁၉၅၉
၇၄မြန်မာပြည် မြောက်ပိုင်း (အတွဲ ၁)၁၉၆၆
၇၅မြန်မာပြည် မြောက်ပိုင်း (အတွဲ ၂)၁၉၆၇
၇၆မှုခင်းစုံထောက် ကိုယ်တွေ့မှတ်တမ်း၁၉၆၂(Diary)
၇၇ယုဇနမာလာ ၁၉၈ဝ
၇၈ရတနာလိုဏ်ဂူ ၁၉၆ဝ
၇၉ရာမည ၁၉၇၈
၈၀ရောမ က မိန်းမပျက်၁၉၆၄(Woman of Rome)
၈၁ရန်သူတရာ မိတ်ဆွေတယောက် ၁၉၇၃
၈၂ရှက်စဖွယ်၁၉၆၁(Shame)
၈၃ရွှေနှင့်ယိုးမှား ပန်းစကား ၁၉၇ဝ
၈၄ရွှေဖလားနှင့် မိုးခါးရေ ၁၉၆၁
၈၅လကွယ်နေ့ည ၁၉၆၈
၈၆လေကစားကြွားတလူ⁠လူဝေ ၁၉၇၇
၈၇လင်းအရုဏ်ဦး ၁၉၈၅
၈၈ဝင်္ကပါ ၁၉၆၃
၈၉သီတာခုနစ်တန် တောင်စဉ်ခုနစ်ထပ် ၁၉၇၂
၉၀သစ်တုံးမှန်လျှင် ဆန်လိမ့်မည် ၁၉၈၂
၉၁သည်ခေတ်နှင့် သည်မောင်နှမများ ၁၉၇၂
၉၂သည်တောင်တန်းမှာ မောင်ထမ်းခေါ်ပါ့မယ် ၁၉၈၃
၉၃သန္တာကျွန်း၁၉၆ဝ(Coral Island)
၉၄သိင်္ဂီတဝက် ရွှေတဝက် ၁၉၇၄
၉၅သုံးနှစ်သုံးမိုး ၁၉⁠၉ဝ(Three Years)
၉၆အကွေ့တထောင်
၉၇အချစ်လှေလောင်းနဲ့ ခေတ်ရေစီးကြောင်း ဆန်တက်မယ် (ပ - တွဲ )၁၉၈၉
၉၈အချစ်လှေလောင်းနဲ့ ခေတ်ရေစီးကြောင်း ဆန်တက်မယ် (ဒု - တွဲ )၁၉၈၉
၉၉အနီးအဝေး အနိမ့်အမြင့် ၁၉၆၅
၁၀၀အနောက်မိုးကုပ် စက်ဝိုင်း ၁၉၆ဝ
၁၀၁အပျံသင်စ ၁၉၆ဝ
၁၀၂အပြာ ၁၉၅၆
၁၀၃အပြာနှင့် အဝါ ၁၉၇၁
၁၀၄အပြာ အဝါ ၁၉၆၇
၁၀၅အပြင်မှာငွေလ ရင်ထဲမှာ နေဆယ်စင်း ၁၉၈၃
၁၀၆အဖြူရောင် သစ္စာပန်းတပွင့် (ပထမတွဲ) ၁၉၈၈
၁၀၇အဖြူရောင် သစ္စာပန်းတပွင့် (ဒုတိယတွဲ) ၁၉၈၈
၁၀၈အများနှင့်တယောက်၁၉၈၃(Fever)
၁၀၉အဝါ ၁၉၆ဝ
၁⁠၁၀အရိပ်သုံးပါး နားမလည် ၁၉၈ဝ
၁⁠၁၁အရုပ်နဂါး အရုပ်ကျား ၁၉၇၄
၁⁠၁၂အရှေ့စူးစူး အနောက်ယွန်းယွန်း ၁၉၆၉
၁⁠၁၃အရှေ့ မိုးကောင်းကင် အမှတ် (၁) ၁၉၆၅(Baltic Skies)
၁⁠၁၄အရှေ့ မိုးကောင်းကင် အမှတ် (၂) ၁၉၆၅(Baltic Skies)
၁⁠၁၅အလည်လာတဲ့ မိန်းကလေးရယ် ၁၉၇၄
၁⁠၁၆အလွမ်း၏ အလွမ်း ၁၉၈၁
၁⁠၁၇အဏ္ဏဝါပြင်မှာ ထင်သောလ ၁၉၈၁
၁⁠၁၈ဣန္ဒာနီလာ သန္တာပုလဲ ၁၉၇၇
၁⁠၁၉အုံး⁠အုံးကျွတ်ကျွတ် ၁၉၆၅

[2]

ကိုးကား

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)
  2. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ 'နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း' စာအုပ် (ပညာရွှေတောင် စာအုပ်တိုက်)၂ဝ⁠ဝ၃ ခုနှစ်၊ ဧပြီလ(ပထမ အကြိမ်)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.