နေတိုး (ရုပ်ရှင်သရုပ်ဆောင်)
နေတိုးသည် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သည်။ ရခိုင်အမျိုးသား ဖြစ်သည်။ ရခိုင်ပြည်နယ် မာန်အောင်မြို့ ဇာတိဖြစ်သည်။ နေတိုးကို ၁၉၈၁ခုနှစ်၊ စက်တင်ဘာ (၉)ရက်နေ့တွင် ဦးအောင်သန်း နှင့် ဒေါ်သန်းမြင့်တို့မှ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် မွေးဖွားခဲ့သည်။ နာမည်ရင်းမှာ နေလင်းအောင် ဖြစ်သည်။ မွေးချင်းသုံးယောက်ရှိသည်။ ၎င်းတို့မှာ အစ်ကို ဇော်လင်းအောင်၊ ညီ ဗီဒီယို သရုပ်ဆောင် မင်းသွေး(နေမင်းအောင်)၊ ညီမ စုမွန်အောင် တို့ဖြစ်သည်။
နေတိုး | |
---|---|
မွေးဖွား | နေလင်းအောင် စက်တင်ဘာ ၉၊ ၁၉၈၁ တောထူရွာ မာန်အောင်မြို့၊ ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ |
အခြား အမည်များ | ဇင်မင်း၊ ညီတိုး၊ ကိုလတ် |
အလုပ်အကိုင် | သရုပ်ဆောင်၊ မော်ဒယ်၊ ဟာသပညာရှင်၊ အဆိုတော် |
မိဘ(များ) | ဦးအောင်သန်း၊ ဒေါ်သန်းမြိုင် |
ရရှိသည့်ဆုများ | ![]() |
ဝက်ဘ်ဆိုဒ် | naytoeofficial.com |
၁၉၉၉ ခုနှစ်တွင် ရန်ကုန်သို့ရောက်ရှိခဲ့ပြီး YIIK မော်ဒယ်အေဂျင်စီ ကိုတက်ရောက်ခဲ့သည်။ မော်ဒယ်ပြိုင်ပွဲအချို့တွင် ဆုအချို့ ရရှိခဲ့သည်။ မော်ဒယ်အဖြစ် အလုပ်လုပ်စဉ် သူ၏ အနုပညာနာမည်မှာ ဇင်မင်း ဖြစ်သည်။ ငယ်စဉ်ဘဝက သူ၏ ရည်မှန်းချက်မှာ အဆိုတော်နှင့် တေးရေးဖြစ်ရန် ဖြစ်သည်။ ၂၀၀၀ ခုနှစ်က သူ၏ သီချင်းခွေတစ်ခုကို ထုတ်လုပ်ဖြန့်ချီခဲ့သည်။ သို့ပေမယ့် လူသိမများခဲ့ပေ။
နေတိုးသည် ၂၀၁၀-ခုနှစ်၊ ဒီဇင်ဘာလတွင် စေ့ထားသော တံခါးများ အမည်ရှိ စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ထိုစာအုပ်သည် နေတိုး၏ ဓာတ်ပုံအသားပေး အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ နေတိုး၏ ဘဝဖြစ်စဉ်၊ အနုပညာနယ်သို့ ဝင်ရောက်လာမှု၊ အမှတ်တရ အဖြစ်အပျက်၊ မှတ်စုတိုများ၊ ကဗျာများကို သူ၏ ငယ်ဘဝက ရိုက်ကူးခဲ့သည့် ဓာတ်ပုံများ၊ မိသားစု ဓာတ်ပုံများ၊ အလှဓာတ်ပုံများ၊ ရိုက်ကွင်းမှ ဓာတ်ပုံများ၊ နိုင်ငံရပ်ခြားခရီးထွက်ခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဓာတ်ပုံများနှင့်အတူတူ ဝေဝေဆာဆာ ထည့်သွင်းဖော်ပြပေးထားသည်။
နေတိုးသည် ၂၀၀၉၊ ၂၀၁၅၊ ၂၀၁၇ခုနှစ်များတွင် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သည်။
နေတိုးသည် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၏ နှင်းဆီအငြိမ့်အဖွဲ့ဝင် လူရွှင်တော် တစ်ဦးလည်း ဖြစ်သည်။ နှင်းဆီသခင်၊ နှင်းဆီရင်ခွင်၊ နှစ်သစ်နှင်းဆီ၊ ထာဝရနှင်းဆီ၊ ညီညွတ်ခြင်းနှင်းဆီ၊ ရတနာပုံနှင်းဆီ နှင်းဆီပ၀ါ ခြုံတဲ့လက်အစရှိသဖြင့် ဖျော်ဖြေခဲ့သူလည်း ဖြစ်ပါသည်။
အနုပညာပျိုးခင်း
တစ်ခြောက်လုံးဆုံသည့်နေ့ဖြစ်သော နိုဝင်ဘာလ ၁၁ရက်နေ့၊ ၂၀၁၁ခုနှစ်တွင် အကယ်ဒမီနေတိုး အပါအဝင် မြန်မာ့ရုပ်ရှင်လောက၏ ထိပ်တန်း ခြောက်ယောက်( အကယ်ဒမီ လူမင်း၊ အကယ်ဒမီပြေတီဦး၊ နေတိုး၊ အကယ်ဒမီ ခန့်စည်သူ၊ မြင့်မြတ်၊ ဒါရိုက်တာ ဝိုင်း) သည် မြန်မာ့ အနုပညာ အကျိုးကို မျှော်မှန်း၍ အနုပညာပျိုးခင်း ကို စတင်တည်ထောင်ခဲ့ပြီး မင်းသမီး အသစ် ၃ဦးကို ပရိသတ်နှင့် မိတ်ဆက်ခဲ့သည်။
ရိုက်ခဲ့သော ဇာတ်ကားများ
(ကား ၄၀၀ ကျော်)
(၂၀၁၄)
- မာယာပရောဂျက်
- အဆုံးမဲ့ အချစ်
- ပန်းပြုစားတဲည
- မုန်းလို့မရအောင် မုန်းချင်တယ်
- အောင်ဘာလေ
- တိမ်ငွေဖြူ
- မယားပါ ဆွေမျိုးများ
- မိန်းမသုံးယောက်ယူမယ့်သူ
(၂၀၁၅)
- နက္ခတ်မှားတဲ့ တိုက်ပွဲ
- ကျွန်မကနှင်းဆီပါမောင်
- ရှယ်လီ ကေသာ
- ပန်းပိတောက် တစ္ဆေ
- ရေတွင်းစူးနှစ်
(၂၀၁၆)
- အချစ်စစ်
- အနူးဘစ်
- ဘန်ကောက် မှ မန္တလေး သို့
- တိတ်တိတ်ဆိတ်ဆိတ် သံယောဇဉ်
- အုတ်ကြားမြက်ပေါက်
(၂၀၁၇)
- ထာဝရအမေ
- တာတေကြီး
- ကျွန်
- အောင်စေ ပိုင်စေ
- ပက်ပက်စက်စက်ညှို့
- ကြောက်ကြောက်ကြောက်
(၂၀၁၈)
- မွှေချက်များများသော်
- မုန်းလို့ရရင် မုန်းချင်တယ်
- ကမ္ဘာကျော်တဲ့ရွာ
- တိမ်တိုက်တံတား
- မုန်းစွဲ(ရုပ်ရုင် ဇတ်ကား)
- တည်ကြက်
- သတ်ကွင်း
(၂၀၁၉)
- တာတူး
- မဟူရာ ရုပ်ရုင်ရုံ
- ပြုံးရွှင်ရေ ပျော်ရဲ့လား
- သေတ္တာအမှတ် ၈၈
- နိုင်ငံကြီးသား
- ပြဿနာ
- နှစ်ပါးသွား Update
- စပွန်ဆာ
- အထက်တန်းစား
- ရူးအောင် ချစ်မဲ့သူ
- အခမ်းနားဆုံး မေတ္တာ
- ဗိုလ်နေတိုး
- ချည်
- ကြောက်ကြောက်ကြောက် ၂
(၂၀၂၀)
- မြက်နု
- ရွာဇော်ကြီး
ရရှိခဲ့သော ဆုများနှင့် ဆန်ကာတင်စာရင်းဝင်မှုများ
စဉ် | ဆုအမည် | ရရှိသောနှစ် | ဆုအမျိုးအစား | ရရှိသောဇာတ်ကား | မှတ်ချက် |
---|---|---|---|---|---|
၁။ | မြန်မာ့ရုပ်ရှင်ထူးချွန်ဆု | ၂၀၀၉ | အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု | မိုးညအိပ်မက်မြူ | ဆုရရှိ |
၂။ | ၂၀၁၅ | အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု [1] | နက္ခတ်မှားတဲ့တိုက်ပွဲ | ဆုရရှိ | |
၃။ | ၂၀၁၇ | အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု [2] | တာတေကြီး | ဆုရရှိ | |
၄။ | ၂၀၁၈ | အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု | မုန်းစွဲ | ဆန်ကာတင် | |
၅။ | Star Awards ရုပ်ရှင်ထူးချွန်ဆု | ၂၀၁၈ | အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု | တိမ်တိုက်တံတား | ဆုရရှိ |
ကိုးကား
- ကြေးမုံသတင်းစာ ဧပြီ ၄၊ ၂၀၁၆
- ကြေးမုံသတင်းစာ မတ် ၂၄၊ ၂၀၁၇