မာန်အောင်မြို့

မြန်မာနိုင်ငံ၏ အနောက်ဖက်တွင် တည်ရှိသော ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်တွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်ပြီး မာန်အောင်ကျွန်းပေါ်တွင် တည်ရှိသည်။မာန်အောင်မြို့နယ်မှာ မန်အောင်ကျွန်း တစ်ခုလုံးဖြစ်သည်။ မာန်အောင်မြို့သည် မာန်အောင်ကျွန်း၏ အရှေ့မြောက်ဖက် အစွန်းတွင် တည်ရှိသည်။ ကျောက်ဖြူမြို့မှ ရေကြောင်းဖြင့် ၈၇ မိုင် ကွာဝေးသည်။မာန်အောင်မြို့နယ်သည် အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၂၂ဝ၊ သူကြီးပိုင် နယ်ပေါင်း ၃၄ နှင့် ၁၉၅၆ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၃၄၉၆၉ ရှိသည်။ မာန်အောင်မြို့၏ လူဦးရေမှာ ၁၉၅၃ ခုနှစ် သန်ကောင်စာရင်းအရ ၂၆၃၅ ယောက် ဖြစ်သည်။

မာန်အောင်မြို့
မြန်မာနိုင်ငံရှိ မြို့များ
မာန်အောင်မြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 18°51′N 93°44′E
နိုင်ငံအမည် မြန်မာ
ပြည်နယ် ရခိုင်
ခရိုင်ကျောက်ဖြူ
လတ္တီကျု(၁၈)ဒီဂရီ၊ (၅၁)မိနစ်
လောင်ဂျီကျု(၉၃)ဒီဂရီ၊ (၄၄)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့မာန်အောင်မြို့
အချိန်ဇုန်မြန်မာ စံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)


မြို့ပေါ်တွင် မြို့နယ်အရာရှိရုံး၊ ရဲဌာန၊ အစိုးရ အထက်တန်းကျောင်းနှင့် ဈေးရှိသည်။မာန်အောင် ကျွန်းသည် ရခိုင် ကမ်းရိုးတန်း အလွန်၊ ဘင်္ဂလားအော်အတွင်းသို့ ရောက်နေသော အစွန်ဆုံး ကျွန်းဖြစ်သည်။ ရန်မာန်အပေါင်းကို အောင်မြင်သည့်အတွက် မန်အောင်(မာန်အောင်) ဟူ၍ ရှေးအခါကပင် မှည့်ခေါ်ထားခြင်းဖြစ်သည်ဟု ဆို၏။ မာန်အောင်ကျွန်းသည် ပုံသဏ္ဌာန်အားဖြင့် တြိဂံပုံဖြစ်၏။ မာန်အောင် ရေလက်ကြားဖြင့် ရမ်းဗြဲကျွန်းနှင့် ပိုင်းခြားလျက်ရှိသည်။ မာန်အောင်မြို့သည် ရမ်းဗြဲကျွန်းနှင့် အနီးကပ်ဆုံးဖြစ်သော ချွန်ထွက်နေသည့် နေရာတွင် တည်ရှိသည်။ မာန်အောင်ကျွန်း၏ မြေမျက်နှာပြင်သည် လှိုင်းထလျက် ရှိသည်။ အချို့တောင်များသည် ပင်လယ်ပြင်အထက် ပေ ၁ဝဝဝခန့် မြင့်သည်။ သစ်ပင်လည်း ထူထပ်သည် ရွှံ့မီးတောင်များလည်းရှိသည်။ တောင်နီတောင်ခေါ် မြေနီတောင်တွင် အလွန်မွှေးသောမြက်နီပင်များ တစ်တောင်လုံးဖုံးလွှမ်းနေသဖြင့် ထူးခြားသည်။ မန်အောင်ကျွန်းတွင် ဆန်စပါးအပြင် ဆေးရွက် ၊မြေပဲ၊ ကြံ ၊ ပိုက်ဆံလျှော်၊ အုန်းပင်နှင့် ကွမ်းသီးပင်များလည်း စိုက်ပျိုးသည်။ မာန်အောင်၏ အထင်ရှားဆုံး ထွက်ကုန်မှာ မန်အောင်ဆေးဖြစ်သည်။ [1]

တောင်နီတောင်

မာန်အောင်ကျွန်းတွင် တောင်နီတောင် ရှိသည်။ တောင်တစ်ခုလုံး မြေသားတွေကအနီရောင်ဖြစ်လို့တောင်နီတောင် ဟုခေါ်သည်။ ခရီးကဝေးသလောက် ကြမ်းပါတယ် သို့ပေမယ့်လည်း ဘုရားဖူးတွေကတော့ မိုးကုန်ပြီဆိုတာနဲ့ တဖွဲဖွဲသွားနေကြေတော့တာပါပဲ မိုးရာသီထဲမှာတော့သွားလို့မရဘူးလေ တောင်ကျချောင်းတွေကို ဖြတ်သွားရတော့ ရေကြီးလျှင် လူပါမျောသည်။ တောင်နီတောင်ထိပ်ကကြည့်လျှင် ရေပတ်လည်ဝိုင်းနေတဲ့ မာန်အောင်ကျွန်းကိုကြည့်ရတာ တစ်ကယ်ကိုကြည်နူးစရာ ကောင်းပေသည်။ တောင်နီရှင်မကို ဆံပင်တွေလှူမယ်ဆိုရင် အကျိုးထူးတယ်လို့လည်းပြောကြပေသည်။ ဘုရားရှင်ရဲ့ခြေတော်ရာတစ်ဆူကိုလည်း ပူဇော်ထားကြောင်း တွေရသည်။ တောင်နီတစ်ဝိုက်မှာ သစ်ခွများ အလွန်ပေါသည်။ တောင်နီမှာပေါက်သော မြက်များသည် သဘာဝအလျောက်အလွန်ပဲမွှေးပါသည်။ ဘုရားဖူးသွားသောသူများသည် မြက်မွှေးများကို ယူဆောင်လာပြီး ဘုရားတင်လေ့ရှိကြပါသည်။ မြက်မွှေးများသည် တစ်လလောက်ထိ မွှေးနေပေသည်။

ဒဏ္ဍာရီ

တောင်နီနဲ့ပတ်သက်ပြီး ဒဏ္ဍာရီတစ်ခုရှိသည်။ ရာမမင်းသားဇာတ်တော်မှ ဟာနုမာန်မျောက်မင်းသည် ရာမမင်းသားမြားဆိပ်သင့်ပြီးသေအံ့မူးမူး ဖြစ်သောအခါ တောင်လုံးကျော် ဆေးမြစ်သွားရှာလေသည်။ တောင်လုံးကျော်ဆေးမြစ်ကို လိုက်ရှာတာမတွေ့၍ ဟာနုမာန်မျောက်က တောင်တစ်ခြမ်းကိုဖဲ့ပြီး ယူလာလေသည်။ ထို တောင်တစ်ခြမ်းသည် တောင်နီတောင်က ယူသွားသည်ဟု ပြောစမတ် ရှိကြသည်။ တောင်တစ်ခြမ်း ဖဲ့ယူသွား၍ ချောက်ကြီးဖြစ်ပေါ်နေသောနေရာကို ဟာနုမာန်ချောက်လို့ခေါ်တွင် လေသည်။ တောင်နီမရောက်ခင် ရွာလေးတစ်ရွားနားမှာ လက်ကြားယိုတောင်ဆိုတာရှိသည်။ ထိုတောင်က ဟာနုမာန်ရဲ့လက်ကြားမှ သဲတစ်ချို့ယိုကျတာ တောင်သေးသေးလောက်ပမာဏ လောက်ရှိပါတယ်တဲ့၊ တောင်နီတစ်ဝိုက်မှာ ဆေးဘက်ဝင်အပင်တွေ အလွန်ပေါပါသည်။ ဟင်းသီး ဟင်းရွက်ပင်တွေကလည်း ပေါများလေသည်။

ရှစ်သောင်းဘုရား

ရှစ်သောင်းဘုရားကို ရခိုင်ဘုရင် မင်းဗာကြီးက တည်ထားခဲ့သည်။ နံရံဆေးရေးပန်းချီများနှင့် နံရံမှာထုထားသော ပန်းပုများ ရှိသည်။ ဘုရားအဝင်ဝတွင် ဘီလူးကြီးနှစ်ကောင်ကလည်း အသက်ဝင်လှပေသည်။ ရှစ်သောင်းဘုရားအပြင် ကိုးသောင်းဘုရားလည်း ရှိပေသည်။

ပြင်ပလင့်များ

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.