ရသေ့တောင်မြို့

ရသေ့တောင်မြို့ မြန်မာနိုင်ငံ၏ အနောက်ဖက်ပိုင်း ရခိုင်ပြည်နယ်၏ မြောက်ဖက်တွင် တည်ရှိသော မြို့တစ်မြို့ဖြစ်ပြီး မြောက် လတ္တီကျုဒ် ၂၀.၄၈၃၃၃၃၃ ဒီဂရီ နှင့် အရှေ့ လောင်ဂျီတွဒ် ၉၂.၇၅ ဒီဂရီ တွင် တည်ရှိသည်။

ရသေ့တောင်မြို့
မြန်မာနိုင်ငံရှိ မြို့များ
ရသေ့တောင်မြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 20°29′N 92°45′E
နိုင်ငံအမည် မြန်မာ
ပြည်နယ် ရခိုင်
ခရိုင်စစ်တွေ
မြို့နယ်ရသေ့တောင်မြို့နယ်
လတ္တီကျု(၂၀)ဒီဂရီ၊ (၂၉)မိနစ်
လောင်ဂျီကျု(၉၂)ဒီဂရီ၊ (၄၅)မိနစ်
အချိန်ဇုန်မြန်မာ စံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ရသေ့တောင်မြို့သည် စစ်တွေခရိုင်အတွင်းတွင် ပါဝင်သည်။ စစ်တွေမြို့မှ အနောက် မြောက်ယွန်းယွန်း ၃၇ မိုင်ကွာ တွင် ရှိ၍ ရသေ့တောင်မြို့နယ် ရုံးစိုက်မြို့ ဖြစ်၏။ ရသေ့တောင်မြို့နယ်တွင် သူကြီးပိုင် နယ်ပေါင်း ၇၄ နယ် ပါဝင်၍၊ ၇၃၉ စတုရန်းမိုင် ကျယ်ဝန်းသည်။ ၁၉၆၁ ခုနှစ် မေလ ၃ဝ ရက် နေ့တွင် စတင်၍ မေယုနယ်ခြားခရိုင်အုပ်ချုပ်ရေးကို အကောင်အထည်ဖော်ခဲ့ရာ၊ ရသေ့တောင်မြို့နယ် အနောက်မြောက်ပိုင်းကိုလည်း မေယုနယ်ခြားခရိုင်အတွင်း သွတ်သွင်းခဲ့သည်။ ရသေ့တောင်မြို့သည် မယူမြစ်ဝ မှအထက် ၁၈ မိုင်ကွာ လက်ဝဲဘက်ကမ်း၌ တည်ရှိ၍ စစ်တွေမြို့မှ ရေလမ်းခရီး အဆက်အသွယ်ကောင်းမွန်သည်။ မြို့၏ ကျောထောက်နောက်ခံနယ်ဖြစ်သော မယူမြစ်ကမ်း တစ်ဖက်တစ်ချက်တွင် ဆန်စပါး စိုက်ပျိုး လုပ်ကိုင်ကြသည်။ လူဦးရေ ၇၅၁၁ ယောက် (၂၀၁၄) ရှိသည်။[1]

မြို့နယ်တွင်းရှိ ကျေးရွာများ

  • ကြိမ်သာ ကျေးရွာ
  • ကညင်ချောင်း ကျေးရွာ (၅.၁ ကီလိုမီတာ)
  • ကုန်တန်း ကျေးရွာ (၇.၂ ကီလိုမီတာ)
  • ကူတောင် ကျေးရွာ (၈.၂ ကီလိုမီတာ)
  • ကျောက်ချောင်း ကျေးရွာ (၄.၁ ကီလိုမီတာ)
  • ခနောင်းကြီး ကျေးရွာ (၃.၇ ကီလိုမီတာ)
  • ခွဆုံ ကျေးရွာ (၈.၉ ကီလိုမီတာ)
  • ခွေးတောက်ချောင်း ကျေးရွာ (၃.၉ ကီလိုမီတာ)
  • ငတောက်တူကြီး ကျေးရွာ (၃.၉ ကီလိုမီတာ)
  • စပါးထား ကျေးရွာ (၆.၆ ကီလိုမီတာ)
  • ဒုံးပြင် ကျေးရွာ (၃.၉ ကီလိုမီတာ)
  • ပေါင်းဇား ကျေးရွာ (၇.၆ ကီလိုမီတာ)
  • ပြင်ခေါင် ကျေးရွာ (၃.၉ ကီလိုမီတာ)
  • ပေါက်တောကြီး ကျေးရွာ (၅.၅ ကီလိုမီတာ)
  • ဘာထလေ ကျေးရွာ (၇.၉ ကီလိုမီတာ)
  • မိညိုထောင့် ကျေးရွာ (၇.၂ ကီလိုမီတာ)
  • မြင်းဖူး ကျေးရွာ (၇.၉ ကီလိုမီတာ)
  • သောင်းဒရား ကျေးရွာ (၇.၄ ကီလိုမီတာ)
  • အနောက်နန်းရာကုန်း ကျေးရွာ (၁၀.၂ ကီလိုမီတာ)
  • အောင်ဆိပ် ကျေးရွာ (၉.၁ ကီလိုမီတာ)

မှတ်ချက်။ ။ အကွာအဝေးများမှာ မြေပုံပေါ်တွင် အနီးဆုံး ထောင့်ဖြတ်အတိုင်း တိုင်းတာထားခြင်း ဖြစ်ပါသည်။

စိတ်ဝင်စားဖွယ်နေရာများ

ပြင်ပလင့်များ

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.