ရမ်းဗြဲမြို့

မြန်မာနိုင်ငံ၏ အနောက်ဖက်တွင် တည်ရှိသော ရခိုင်ပြည်နယ်ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်၍ ရမ်းဗြဲကျွန်း၏ အရှေ့ဘက်ကမ်းအနီးတွင် တည်ရှိသည်။ ရခိုင်တိုင်းကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးသောအခါတွင် ရမ်းဗြဲမြို့သည် ရမ်းဗြဲခရိုင်၏ မြို့တော်ဖြစ်ခဲ့၏။ ၁၈၅၂ ခုနှစ်တွင် ရမ်းဗြဲနှင့် အမ်းခရိုင်ကို ပေါင်း၍ ကျောက်ဖြူခရိုင် ဟု ဖွဲ့စည်းသောအခါ ခရိုင်ဌာနချုပ်ရုံးကို ကျောက်ဖြူမြို့ သို့ ရွေ့လိုက်သဖြင့် ရမ်းဗြဲမြို့သည် မြို့နယ်ရုံးစိုက်ရာ မြို့အဖြစ်သာ ကျန်ရစ်တော့သည်။ ထိုအခါ၌ လူဦးရေ ၃၈၉၂ ယောက်သာ ရှိတော့သည်။

ရမ်းဗြဲမြို့
မြန်မာနိုင်ငံရှိ မြို့များ
ရမ်းဗြဲမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 19°5′N 93°52′E
နိုင်ငံအမည် မြန်မာ
ပြည်နယ် ရခိုင်
ခရိုင်ကျောက်ဖြူ
လတ္တီကျု(၁၉)ဒီဂရီ၊ (၅)မိနစ်
လောင်ဂျီကျု(၉၃)ဒီဂရီ၊ (၅၂)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ရမ်းဗြဲမြို့
အချိန်ဇုန်မြန်မာ စံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ရမ်းဗြဲမြို့သည် ကျောက်ဖြူမြို့မှ မိုင် ၅ဝ ခန့်ဝေး၍ ရေကြောင်းမှ သွားလာနိုင်သည်။ ရမ်းဗြဲမြို့နယ်မှ ဆန်မဲနယ်သကြားထုံးနှင့် ရေနံထွက်သည်။[1]

'အင်း၊ ဗန်း၊ မျက်၊ ညောင်၊ ကိုရံတောင်၊ တောင်ရံငါးလုံး၊ ပိတ်ဖုံးကွယ်ကာ၊ မြို့ရမ္မာ' ဟူသော စာဆိုနှင့်အညီ ရမ္မာဝတီ ခေါ်သော ရမ်းဗြဲမြို့ကို အင်းတောင်ဗဟန်းတောင်၊ ရေမျက်တောင်၊ ညောင်တောင်နှင့် ကိုရံတောင်တို့က ပြင်ပမှ မမြင်ရအောင် ပတ်ပတ်လည်၌ ဝိုင်းရံထားသည်။[2]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
  2. မင်းဣဒ္ဓိ(ဂမ္ဘီရတောင်တန်း) (ဇူလိုင်၊ ၂၀၀၀)။ ရမ္မာဝတီမှ စိတ်ဝင်စားဖွယ်ရာများ(၁)။ နက္ခတ္တရောင်ခြည်။ p. ၁၂။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)

ပြင်ပလင့်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.