အင်းတောင်

အင်းတောင်သည် ရခိုင်ပြည်နယ်ကျောက်ဖြူခရိုင်ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့ကို ဝန်းပတ်ထားသော တောင်ရံငါးလုံးအနက်မှ တလုံး ဖြစ်သည်။ ရှေးဟောင်းစေတီပုထိုးများစွာ ရှိခဲ့ဖူးသော အင်းတောင်သည် ရမ္မဝတီမြို့ကို စတင် တည်ထောင်သော ကောဇာ ၇၉၃ ခုနှစ်တွင် လောကီပညာရပ်များကို နှံ့စပ် ကျွမ်းကျင်သူ မြင်စိုင်းစား အမတ်ကြီးက ကျောက်ပြားများပေါ်၌ ဘေးရန်ကွယ်ကာ အင်းစမများ စီရင်၍ မြို့တော် လုံခြုံဘေးဥပဒ် ကင်းဝေးရေးအတွက် ထိုတောင်ပေါ်၌ မြှုပ်နှံထားခဲ့ရာမှ 'အင်းတောင်'ဟု အမည်တွင်လာသည်။ ရမ္မာဝတီ တဖြစ်လဲ ရမ်းဗြဲ မြို့လယ်မှ ကြည့်လျှင် အရှေ့မြောက်ဘက် ကျပြီး၊ တန့်ချောင်း၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ တောင်စောင်းတွင် ဘုန်းတော်ကြီးကျောင်း ရှိပြီး၊ အင်းတောင် အရှေ့ဘက်ထိပ်၌ ဉာဏ်တော် ၃၆ တောင် မြင့် ထုံးဖြူသုတ် စေတီတော် တဆူ တည်ထားကာ ယင်းစေတီတော်သည် ဓာတ်တော် ကွန့်မြူးတတ်ခြင်း ရှိ၍ အင်းစမနှင့် ဆိုင်ရာ ဝါသနာရှင်များ အထူးသဖြင့် လာရောက် ဖူးမြော်ကြသည်။[1]

ကိုးကား

  1. မင်းဣဒ္ဓိ(ဂမ္ဘီရတောင်တန်း) (ဇူလိုင်၊ ၂၀၀၀)။ ရမ္မာဝတီမှ စိတ်ဝင်စားဖွယ်ရာများ(၁)။ နက္ခတ္တရောင်ခြည်။ p. ၁၂။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.