မြင်းလွှတ်မြို့
မြင်းလွှတ်မြို့ သည် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မောင်တောမြို့နယ်အတွင်းရှိ ဂြင်းတော၊ ဖွေရာ၊ ကမ်းနားရွာဟောင်း၊ မြောချောင်း၊ မြင်းလွှတ် (အရှေ့)၊ မြင်းလွှတ် (အလယ်)၊ မြင်းလွှတ် (တောင်)၊ မြင်းလွှတ် (အနောက်)၊ မြင်းလွှတ်ရွာသစ်၊ ရှီးဒါး နှင့် ဇုံကုလား/ဇုံကရ ရွာများကို စုပေါင်း၍ မြို့ပေါ် ၈ ရပ်ကွက်ဖြင့် မြင်းလွှတ်မြို့အဖြစ် ဖွဲ့စည်းခဲ့သည်။[1][2]
မြင်းလွှတ်မြို့ | |
---|---|
အနောက်မြင်းလွှတ် | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရခိုင်ပြည်နယ် |
ခရိုင် | မောင်တောခရိုင် |
မြို့နယ် | မောင်တောမြို့နယ် |
အကျယ်အဝန်း
မြင်းလွှတ်မြို့၏ မြို့ဧရိယာမှာ ၁၅.၅၅ စတုရန်းမိုင် (၄၀.၃ စတုရန်း ကီလိုမီတာ) ရှိသည်။[2]
ကိုးကား
- "Rakhine State PCodes" Archived 3 March 2019 at the Wayback Machine. by Myanmar Information Management Unit, September 2017
- မောင်တောမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ (PDF)။ မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန။ အောက်တိုဘာ ၂၀၁၇။ 4 March 2019 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ ၂၉ ဇူလိုင် ၂၀၁၈ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.