နွားနောက်
နွားနောက်သည် ကြီးမားသည့် မွေးမြူရေးနွားအမျိုးအစားဖြစ်ပြီး အိန္ဒိယ အရှေ့မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာပြည်မြောက်ပိုင်းနှင့် တရုတ် ယူနန်ပြည်နယ်တို့တွင် အဓိက မွေးမြူကြသည်။
မြန်မာနိုင်ငံတွင် နွားနောက်မွေးမြူမှု
ချင်းပြည်နယ်တွင် နွားနောက် မွေးမြူမှုအများဆုံးရှိသည့် မြို့နယ် များမှာ မင်းတပ်၊ မတူပီ၊ တီးတိန်၊ ထန်တလန်၊ ဟားခါး၊ ပလက်၀မြို့နယ်များဖြစ်ကြောင်းသိရသည်။ ချင်းပြည်နယ်မြို့တော် ဟားခါးဒေသတွင် နွားနောက်အရေအတွက် (၁၉၀၀)ခန့်ရှိကြောင်း မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှသိရသည်။ နွားနောက်အကောင်(၅၀)အထက် မွေးသူလေးငါးဦးရှိသည်ဟုဆို သည်။ [1]
နွားနောက်၊ ကျွဲ၊ နွားများအပြင် အိမ် မွေး တိရစြွာန်များ အနေဖြင့် ဝက်၊ ကြက်၊ ဘဲ၊ ခွေး များကို အဓိက မွေးမြူကြသည်။ နွားနောက်များကို အထူးသဖြင့် တန်ဖိုးထားကြပြီး အလေးထား မွေးမြုကြသည်။ လူတစ်ဦး၏ ပစ္စည်း ဥစ္စာချမ်းသာမှုကို ၎င်း၏ နွားနောက် ပိုင်ဆိုင်မှုအပေါ်၌ ပို၍ အသိအမှတ် ပြုကြသည်။ နွားနောက်များသည် မြန်မာပြည် တစ်ဝှမ်းလုံးတွင် ချင်းတောင်၌သာ တွေ့ရသဖြင့် ရှားပါးသည့်၊ ချင်းလူမျိုးတို့၏ အမှတ်လက္ခဏာ တစ်ခုပင် ဖြစ်သည်။ ယခင် ကာလများ၌ တောထဲ တောင်ထဲ၌ လွှတ်ထားကြပြီး နွားနောက်ကျောင်းသူ (တစ်ရွာလုံး လူထုမှ တာဝန်အဖြင့် ပေးရခြင်းဖြစ်ပြီး ၎င်းမှ တိရစ္ဆာန်များ၏ အခြေအနေများကို စောင့်ကြည့်ကြရသည်။ တန်ဖိုး အနေဖြင့် နွားနောက်များ မွေးလာသောအခါ နွားနောက်အဖြင့် သော်လည်းကောင်း၊ စပါးများအဖြင့် သော်လည်းကောင်း ပေးရသည်။) မှသာ လိုက်လံ၍ ထိန်းကျောင်းရသည်။