ပတ္တပိုဏ်ဓုတင်
ပတ္တပိုဏ်ဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ ပတ္တပိုဏ်ဓုတင် ဆောက်တည်သည့် ရဟန်းသည် ခဲဖွယ်ဘောဇဉ်ကို တစ်ခွက်တည်း တစ်သပိတ်တည်း၌သာ ထည့်ရ စားရ၏။ နှစ်ခွက် သုံးခွက် စသည်၌ ထည့်၍ မစားရပေ။ တစ်ခွက်တည်း၌ စားဖွယ်အမျိုးမျိုးကို တစ်ပြိုင်တည်းဖြစ်စေ၊ တစ်မျိုးပြီးမှ တစ်မျိုးဖြစ်စေ ထည့်၍ စားနိုင်၏။ ဟင်းရွက်စိမ်းများကိုမူ လက်ဖြင့် ကိုင်၍ စားနိုင်၏။ ဓုတင်မပျက်ပေ။ သို့သော်လည်း လက်ဖြင့်ကိုင်၍ ထားခြင်းသည် အမြင်၌ မသင့်လျော်သဖြင့် သပိတ်ထဲ၌ ထည့်၍ထားခြင်းသည်သာ အကောင်းဆုံး ဖြစ်၏။[1]
ဆောက်တည်ပုံ
ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် “ဒုတိယကဘာဇနံ ပဋိက္ခိပါမိ” ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ “နှစ်ခုမြောက်သော စားခွက်ကို ပယ်ပါ၏” ဟု မြန်မာဘာသာဖြင့်လည်းကောင်း၊ “ပတ္တပိဏ္ဍိကင်္ဂံ သမာဒိယာမိ” ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ “တစ်ခွက်တည်း၌ရှိသော စားဖွယ်ကိုသာ စားလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏” ဟု မြန်မာဘာသာဖြင့်လည်းကောင်း ရွတ်ဆိုကာ ဆောက်တည်ရ၏။[1]
ဓုတင် ပျက်စီးခြင်း
နှစ်ခုမြောက်သော စားခွက်ကို သာယာသောခဏ၌ပင် ဓုတင်ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍ ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[1]
ကိုးကား
- ချမ်းမြေ့ဆရာတော် (၁၉၉၂ ခုနှစ်၊ ဧပြီလ)။ လူငယ်သင်ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ။ ၅၅ (က)၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။: ဦးအောင်သိန်း၊ ဓမ္မဒေသနာပြန့်ပွားရေးအဖွဲ့ငယ်၊ ချမ်းမြေ့ရိပ်သာကျောင်း။
|date=
ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)