ပရိုတက်တီနီယမ်

ပရိုတက်စတီနီယမ် (Protactinium) သည် အက်တီနီယမ်စီးရီး(Actinium Series) တွင်ပါဝင်သော ငွေရောင် သတ္တုဒြပ်စင်ဖြစ်သည် ၎င်းဒြပ်စင်သည် အလွယ်တကူပုံသွင်း၍ရသော တောက်ပသည့်၊ ငွေမှင်ရောင် ရေဒီယိုသတ္တိကြွသည့် ဒြပ်စင်တစ်ခုလည်းဖြစ်သည်။ လေထဲနှင့် ထိတွေ့မိပါက အလွယ်တကူ အရောင်မှေးမှိန်သွားခြင်းမရှိပါ။ ပရိုတက်စတီနီယမ် သည် လေ၊ ရေခိုးရေငွေ့ အက်စစ်တို့နှင့် ဓာတ်ပြုနိုင်စွမ်းရှိသည်။သို့သော် Alkalis (အက်စစ်တို့နှင့် ဓာတ်ပြုကာ ဓာတုဗေဒ သဘောအရ ဆားဖြစ်သောအရာ) များနှင့် ဓာတ်ပြုနိုင်စွမ်းမရှိပေ။

ပရိုတက်တီနီယမ်,  91Pa
ဖိုင်:Protactinium.jpg
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတပရိုတက်တီနီယမ်, Pa
အသံထွက်/ˌprtækˈtɪniəm/
PROH-tak-TIN-ee-əm
အဆင်းbright, silvery metallic luster
ဒြပ်စင်အလှည့်ကျဇယားရှိ ပရိုတက်တီနီယမ်
Pr

Pa

(Uqp)
သိုရီယမ်ပရိုတက်တီနီယမ်ယူရေနီယမ်
အက်တမ် အမှတ်စဉ် (Z)91
အုပ်စုဘလော့group n/a, f-block
ဒြပ်စင်အလှည့်ကျဇယားperiod 7
ဒြပ်စင် ကဏ္ဍ  actinide
စံ အက်တောမစ် အလေးချိန် (±) (Ar)231.03588(2)[1]
အီလက်ထရွန် ပြုပြင်မှု[Rn] 5f2 6d1 7s2
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 32, 20, 9, 2
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်1841 K (1568 °C, 2854 °F)
အရည်ဆူမှတ်4300 K (4027 °C, 7280 °F) (?)
သိပ်သည်းမှု (အခန်းအပူချိန်)15.37 g/cm3
ဖျူးရှင်းအပူ12.34 kJ/mol
အငွေ့ပျံခြင်း အပူ481 kJ/mol
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ2, 3, 4, 5 (a weakly basic oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.5
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 568 kJ/mol
အက်တောမစ် အချင်းဝက်empirical: 163 pm
ကိုဗေးလန့်အချင်းဝက်200 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ tetragonal[2]
အပူ ပြန့်ကားမှု~9.9 µm/(m·K)[3] (at r.t.)
အပူစီးကူးမှု47 W/(m·K)
လျှပ်စစ် ခုခံမှု177 nΩ·m (at 0 °C)
သံလိုက်ဓာတ်paramagnetic[4]
CAS Number7440-13-3
သမိုင်းကြောင်း
ကြိုတင်ဟောခြင်းDmitri Mendeleev (1869)
ရှာဖွေတွေ့ရှိမှုနှင့် ပထမဆုံးခွဲထုတ်ခြင်းKasimir Fajans and Oswald Helmuth Göhring (1913)
အမည်တပ် ခဲ့Otto Hahn and Lise Meitner (1917–8)
Most stable isotopes of ပရိုတက်တီနီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
229Pa syn 1.5 d ε 0.311 229Th
230Pa syn 17.4 d ε 1.310 230Th
231Pa 100% 3.276×104 y α 5.150 227Ac
232Pa syn 1.31 d β 1.337 232U
233Pa trace 26.967 d β 0.5701 233U
234Pa trace 6.75 h β 2.195 234U
234mPa trace 1.17 min β 2.29 234U

အသုံးပြုခြင်း

ရေဒီယိုသတ္တိကြွမှုအားကောင်းခြင်း ၊ အဆိပ်အတောက်ဖြစ်စေနိုင်ခြင်းတို့ကြောင့် မျက်မှောက်ခေတ်တွင် ကျယ်ပြန်စွာ အသုံးပြုခြင်းမရှိပါ။

သဘာဝမှာ တွေရှိမှုအခြေအနေ

ပရိုတက်စတီနီယမ်၏ အိုင်ဆိုတုပ်တစ်ခုဖြစ်သော Protactinium 231 ကိုသဘာဝ ယူရေနီယမ်သတ္ထုရိုင်းထဲတွင် တွေ့ရှိရသည်။ သဘာဝ သတ္တုရိုင်း Zaire တွင်လည်း 3ppm ခန့် တွေရှိရသည်။Protactiniumအား မြေကြီး ၊ ကျောက်တုံး ၊ ရေမျက်နှာပြင် ၊ ရေအောက် ၊ အပင်များနှင့် သက်ရှိများ တွင်ပါဝင်မှုှ အလွန် နည်းပါးသည်။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ

ပရိုတက်စတီနီယမ်သည် လူခန္ဓာကိုယ်အတွင်းသို့ စားသောက်ခြင်း ၊ သောက်သုံးခြင်း (သို့) အသက်ရှူခြင်း တို့မှဝင်ရောက်နိုင်ပါသည်။ ပရိုတက်စတီနီယမ်ကို ရှူရှိက်မိသောအခါ အနည်းငယ်သော ပမာဏသည်အဆုတ်မှ သွေးထဲကိုဖြတ်သန်းကာ အခြားသော အစိတ်အပိုင်းများထဲသို့ ဝင်ရောက်သွားနိုင်ပြီး ယင်းအစိတ်အပိုင်းများထဲတွင်ရှိသော ကွန်ပေါင်း များပေါ်တွင် မူတည်ကာ ပြောင်းလည်းသွားနိုင်သည်။ ဂါမာ(ဂမ္မာရောင်ခြည်ဟုလည်းခေါ်)ရောင်ခြည် မှ ထွက်သော protactinium-231 ကြောင့်ပြင်ပထိခိုက်မှုအနည်းအကျဉ်းရှိသော်လည်း ယေဘူယျအားဖြင့် protactinium အား ကိုင်တွယ်မှသာ ကျန်းမာရေးအပေါ်ထိခိုက်နိုင်ပါသည်။ protactinium ကိုသယ်ဆောင်လာသော ဖုန်မှုန့်၊ protactinium ပါဝင်သောရေ ၊ ပရိုတက်စတီနီယမ်ထိုးသွင်းထားသော အစားအစာများကြောင့်ထိခိုက်မှုရှိနိုင်ပါသည်။ လေကိုရှူသွင်းခြင်းကြောင့် protactinium သည် ခန္ဒာကိုယ်ထဲသို အသက်ရှူလမ်းကြောင်းမှတဆင့် အလွယ်တကူဝင်ရောက်နိုင်ပါသည်။ အရိုး အသည်း ကျောက်ကပ်တို့ တွင် protactinium မှထွက်လာသော ions များကပ်ငြိခြင်းကြောင့် ကင်ဆာရောဂါများဖြစ်ပွားနိုင်ပါသည်။ ရောဂါဖြစ်ပွားနှုန်းဟာ uranium-238 နဲ့ protactinium-234m တို့ ပေါင်းစပ်ခြင်းအားဖြင့်လည်း ဖြစ်ပေါ်နိုင်ပါသည်။ protactinium-234 ပြိုကွဲခြင်းဖြင့် စွမ်းအားရှိသော beta particles (အမှုန်ငယ်လေးများ) ထွက်လာနိုင်သောကြောင့် uraniumကိုင်တွယ်သောအခါ ကာကွယ်ရန် ထူထဲသောရာဘာလက်အိတ်များ စွပ်ခြင်းတို့ဖြင့် ကြိုတင်ကာကွယ် နိုင်ပါသည်။ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်သွင်းခြင်းကြောင့်ရသောရာခိုင်နှုန်းမှာ ရှူသွင်းခြင်းနှင့် ယှဉ်လျှင် နည်းပါးပါသည်။

ကိုးကား

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. "On the crystal structure of protactinium metal" (1959). Acta Crystallographica 12 (9): 697. doi:10.1107/S0365110X59002031.
  3. Cverna, Fran, ed. (2002)။ "Chapter 2. Thermal Expansion"။ ASM Ready Reference: Thermal Properties of Metals (PDF)။ ASM International။ p. 11။ ISBN 0871707683
  4. Lide, D. R., ed. (2005)။ "Magnetic susceptibility of the elements and inorganic compounds"။ CRC Handbook of Chemistry and Physics (PDF) (86th ed.)။ Boca Raton (FL): CRC Press။ ISBN 0-8493-0486-5
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.