ပိရမစ်
ပိရမစ် (အင်္ဂလိပ်: pyramid; ဂရိ: πυραμίς, pyramis မှ)[1][2] ဆိုသည်မှာ တြိဂံပုံစံ ပြင်ပမျက်နှာပြင်များရှိပြီး ထိပ်ဆုံးတွင် စုဆုံနေသော အဆောက်အဦးတစ်ခု ဖြစ်သည်။ ပိရမစ်တစ်ခု၏ အောက်ခြေသည် အနားသုံးဖက်၊ အနားလေးဖက် သို့မဟုတ် မည်သည့် ဗဟုဂံပုံစံမဆို ဖြစ်နေနိုင်သည်။ ထို့အတွက် ပိရမစ်တစ်ခုတွင် တြိဂံပုံ ပြင်ပ မျက်နှာပြင် သုံးခု (အောက်ခြေမျက်နှာပြင် ပါဝင်ပါက လေးခု) အနည်းဆုံး ရှိသည်။ အောက်ခြေ စတုရန်းပုံနှင့် တြိဂံပုံ ပြင်ပမျက်နှာပြင် လေးခုရှိသော စတုရန်းပုံ ပိရမစ်သည် အတွေ့ရများသော ပိရမစ်ပုံစံ ဖြစ်သည်။

အီဂျစ်မှ ပိရမစ်များရှိ ဂိုင်ဇာဂူသင်္ချိုင်းကို ကောင်းကင်မှ တွေ့မြင်ရပုံ
ကိုးကား
- πυραμίς, Henry George Liddell, Robert Scott, A Greek-English Lexicon, on Perseus Digital Library
- The word meant "a kind of cake of roasted wheat-grains preserved in honey"; the Egyptian pyramids were named after its form (Robert S. P. Beekes|R. S. P. Beekes, Etymological Dictionary of Greek, Brill, 2009, p. 1261).
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.