ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်
ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (အင်္ဂလိပ်: Federal Union Army) သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဖွဲ့ဝင်များမှ တိုက်ခိုက်သူများဖြင့် ဖွဲ့စည်းထားသော မဟာမိတ်စစ်တပ်တစ်ခု ဖြစ်သည်။ လူနည်းစု တိုင်းရင်းသားများကို ကာကွယ်ရန်အတွက် UNFC က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။[1][2]
ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် Federal Union Army | |
---|---|
မြန်မာပြည်တွင်းပဋိပက္ခတွင် ပါဝင် | |
လှုပ်ရှား | ၁၆ ဖေဖော်ဝါရီ ၂၀၁၁ – လက်ရှိ |
ခံယူချက် | လူနည်းစု အခွင့်အရေး ဖက်ဒရယ်ပြည်ထောင်စုစနစ် |
အဖွဲ့များ | |
လှုပ်ရှားသည့် ဧရိယာ | ကယားပြည်နယ် ကရင်ပြည်နယ် ရှမ်းပြည်နယ် |
အင်အား | စုစုပေါင်း ၁၀,၀၀၀ |
တစ်စိတ်တစ်ပိုင်း | ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ |
ပြိုင်ဘက် | မြန်မာ |
တိုက်ပွဲနှင့် စစ်ပွဲများ | မြန်မာပြည်တွင်းပဋိပက္ခ |
အဖွဲ့ဝင်များ
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီတွင် အဖွဲ့ဝင် ငါးဖွဲ့ရှိပြီး ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ကို ထိုအဖွဲ့ဝင်များအနက်မှ အချို့ဖြင့် ဖွဲ့စည်းထားသည်။
အပစ်အခတ်ရပ်စဲထားသော အဖွဲ့ဝင်များ
- ချင်းအမျိုးသားတပ်ဦး (၂၀၁၅ နိုဝင်ဘာတွင် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခံရ)[3]
- ကရင် အမျိုးသား အစည်းအရုံး (၂၀၁၄ စက်တင်ဘာတွင် နုတ်ထွက်)[4]
- ကရင်နီ တပ်မတော်
- မွန်ပြည်သစ်ပါတီ
- ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (၂၀၁၅ နိုဝင်ဘာတွင် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခံရ)
- ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း
အပစ်အခတ် မရပ်စဲထားသော အဖွဲ့ဝင်များ
- ရခိုင်ပြည်တပ်မတော်
- ကချင်လွတ်မြောက်ရေးတပ်မတော် (မေ ၂၀၁၇ တွင် နုတ်ထွက်)
- လားဟူဒီမိုကရက်တစ်အစည်းအရုံး
- တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (၂၀၁၆ တွင် နုတ်ထွက်)
- ဝအမျိုးသားအစည်းအရုံး (မေ ၂၀၁၇ တွင် နုတ်ထွက်)
ကိုးကား
- Myanmar Peace Monitor: Stakeholders - UNFC။
- "Myanmar Ethnic Rebels Form Combined Federal Army" (in en)၊ VOA၊ 2 December 2014။ 13 March 2017 တွင် ပြန်စစ်ပြီး။
- Ceasefire Cited as Ethnic UNFC Alliance Suspends Two Members (12 November 2015)။
- Why Did the KNU Withdraw From the UNFC? (3 September 2014)။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.