ဗော်ဂါဂရတ်မြို့

ဗော်ဂါဂရတ်မြို့(ရုရှား: Волгогра́д; IPA: [vəɫɡɐˈɡrat] ( )), formerly ဆာရီဆင်း (တမ်းပလိတ်:Audio-ru), ၁၅၈၉–၁၉၂၅, နှင့် စတာလင်ဂရတ် (တမ်းပလိတ်:Audio-ru), ၁၉၂၅–၁၉၆၁)သည် ဗော်ဂါဂရတ်အော့ဗလတ်၏ အရေးပါသော စက်မှုမြို့နှင့် အုပ်ချုပ်မှုဗဟိုဖြစ်သည်။ မြို့သည် မြောက်မှ တောင်သို့ ၈၀ ကီလိုမီတာ (၅၀ မိုင်) မျှရှည်လျားပြီး ဗော်လ်ဂါမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိနေသောကြောင့် မြို့ကို ဗော်ဂါဂရတ်မြို့၏ အမည်ပေးထားခြင်းဖြစ်သည်။

ဗော်ဂါဂရတ်မြို့
Волгоград
မြို့တော်[1]
နာရီလက်တံပြောင်းပြန်: အမိမြေမှခေါ်သံ (ရုပ်ထု)ဗော်ဂါဂရတ်ဘူတာရုံ၊ နက္ခတာရာပြတိုက်၊ မီသရို၊ ပါနိုရာမားမြင်ကွင်း၊ Gerhardt Mill

အလံတော်

တံဆိပ်အမှတ်အသား
အထိမ်းအမှတ်သီချင်း: none[2]
ဗော်ဂါဂရတ်မြို့
ဗော်ဂါဂရတ်မြို့
ဗော်ဂါဂရတ်မြို့၏ တည်နေရာ
ကိုဩဒိနိတ်: 48°42′N 44°31′E
နိုင်ငံရုရှားနိုင်ငံ
Federal subjectVolgograd Oblast[3]
တည်ထောင်၁၅၈၉[4]
မြို့တော် status since၁၈ ရာစုအဆုံး[1]
အစိုးရ
  အစိုးရအဖွဲ့City Duma[5]
  Head[5]Alexander Chunakov[6]
ဧရိယာ
  စုစုပေါင်း၈၅၉ စတုရန်းကီလိုမီတာ (၃၃၂ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၈၀ မီတာ (၂၆၀ ပေ)
လူဦးရေ (၂၀၁၀ သန်းခေါင်စာရင်း)[7]
  စုစုပေါင်း၁၀၂၁၂၁၅
  အဆင့်12th in 2010
  သိပ်သည်းမှု၁၂၀၀/km (၃၁၀၀/sq mi)
အုပ်ချုပ်မှု အခြေအနေ
  Subordinated tocity of oblast significance of Volgograd[3]
  အုပ်ချုပ်မှုဗဟိုဗော်ဂါဂရတ်အော့ဗလတ်[3], city of oblast significance of Volgograd[3]
  Urban okrugVolgograd Urban Okrug[8]
  အုပ်ချုပ်မှုဗဟိုVolgograd Urban Okrug[8]
အချိန်ဇုန်[9] (UTC+)
စာပို့သင်္ကေတများ[10]400000–400002, 400005–400012, 400015–400017, 400019–400023, 400026, 400029, 400031–400034, 400036, 400038–400040, 400042, 400046, 400048–400055, 400057–400059, 400062–400067, 400069, 400071–400076, 400078–400082, 400084, 400086–400089, 400093, 400094, 400096–400098, 400105, 400107, 400108, 400110–400112, 400117, 400119–400125, 400127, 400131, 400136–400138, 400700, 400880, 400890, 400899, 400921–400942, 400960–400965, 400967, 400970–400979, 400990–400993
တယ်လီဖုန်းကုဒ်+7 8442
မြို့တော် Dayစက်တင်ဘာလ ဒုတိယမြောက်တနင်္ဂနွေ[1]
OKTMO အိုင်ဒီ18701000001
ဝက်ဘ်ဆိုဒ်volgadmin.ru

မြို့တော်သည် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန် အမှတ် ၆ ကာကွယ်ရေးတပ်မတော်(6th Army (Wehrmacht))၏ ဝန်းရံပတ်ဆို့မှုကြောင့် မြို့အားခုခံကာကွယ်သည့် စတာလင်ဂရတ်တိုက်ပွဲ(Battle of Stalingrad)ဖြစ်ပွားခဲ့ရာနေရာအဖြစ် ကျော်ကြားခဲ့သည်။ တိုက်ပွဲများသမိုင်းတွင် ထိုတိုက်ပွဲကို အကြာဆုံးနှင့် သွေးမြေကျမှုအများဆုံးတိုက်ပွဲအဖြစ် ညွှန်းဆိုကြသည်။

သမိုင်းကြောင်း

စတာလင်ဂရတ်မြို့

၁၉၂၅ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ခေါင်းဆောင်ကြီး စတာလင်အား အမည်နာမကို သမုတ်သောအားဖြင့် ဆာရီဆင်းမြို့အား စတာလင်ဂရတ်မြို့အဖြစ် အမည်ပြောင်းလဲပညတ်ခဲ့သည်။[11][12] ထိုမြို့၌ ၁၉၁၈ ခုနှစ်မှ ၁၉၂၀ ခုနှစ်အတွင်း ရုရှားတော်လှန်ရေးဖြစ်ပွားစဉ် ထိုမြို့ကို ဇာဘုရင်၏ တပ်များလက်သို့ မကျရောက်စေရန် ရုရှားတော်လှန်ရေးသမား ဗော်လရှီဗစ်တို့အား ခေါင်းဆောင်၍ ခုခံကာကွယ်သော စတာလင်၏ အခန်းကဏ္ဍကို အောက်မေ့သတိရစေရန် ထို့သို့အမည်ပေးခြင်းဖြစ်သည်။[13]

တော်လှန်ရေးကြီးအပြီးတွင် ဘုရင်စနစ် ကျဆုံး သွား၍ ဆိုဗီယက်တို့၏ အုပ်ချုပ်ရေး စနစ်သစ်၌ ၁၉၂၂ ခုမှ ၁၉၄၂ ခုနှစ်အတွင်း စတာလင်ဂရက်မြို့သည် လယ်ထွန်စက်ကိရိယာများ၊ လော်ရီကားများ၊ တင့်ကားများစသည်တို့ကို ထုတ်လုပ်ရာ စက်မှုလုပ်ငန်းမြို့ကြီးတစ်ခု အဖြစ်သို့ တစ်ဟုန်တည်း တိုးတက်ခဲ့၏။ ရေနံတွင်းများနှင့် သစ်စက်များကိုလည်း ထိုမြို့၌ အများအပြား တွေ့ရှိနိုင်ပေသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ရုရှားတို့သည် စတာလင်ဂရက် မြို့ကို အင်အားကြီးမားသော ဂျာမန်တပ်များ လက်တွင်းသို့ မကျရောက်စေရန် ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်သဖြင့် စတာလင်ဂရက်မြို့ တိုက်ပွဲမှာ ကမ္ဘာကျော်သော တိုက်ပွဲဖြစ်ခဲ့သည်။ ၁၉၄၂ ခုနှစ်၊ နွေဦးပေါက်စတွင် အင်အားကြီးမားသော ဂျာမန်တပ်တို့သည် ဗော်လဂါ မြစ်ကြောင်း ခရီးကို အပိုင်စီးရန် စတာလင်ဂရက်မြို့ကို ဝင်ရောက်တိုက်ခိုက်ကြ၏။ ဂျာမန်တို့၏ အမြောက်ဒဏ် ဗုံးဒဏ်တို့ကြောင့် စတာလင်ဂရက်မြို့မှာများစွာပျက်စီးခဲ့လေသည်။

ဂျာမန်တို့သည် ၁၉၄၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်ထိ ၆၆ ရက်တိုင်တိုင် စတာလင်ဂရက်မြို့တော်ကို ဝန်းရံသိမ်းပိုက်ထားနိုင်ခဲ့သည်။ သို့ရာတွင် ရုရှားစစ်တပ်က ရွပ်ရွပ်ချွံချွံ ခုခံ၍ စတာလင်ဂရက်မြို့ကို ပြန်လည်ထိုးစစ်ဆင်သည်တွင် ၁၉၄၃ ခုနှစ် ဖေဖွာရီလ ၂ ရက်နေ့၌ လူပေါင်း ၃၃ဝ,ဝဝဝ ပါဝင်သော ဂျာမန်စစ်တပ်ကို ထိုတပ်၏ စစ်သေနာပတိ ဖွန်ပေါလပ်နှင့်အတူ သုံ့ပန်းအဖြစ်နှင့် ဖမ်းဆီး ရမိလိုက်လေသည်။ ကမ္ဘာ့စစ် အခြေအနေမှာ ဤတိုက်ပွဲ၏ အရှုံးအနိုင်ပေါ်တွင် များစွာတည်ခဲ့၏။ ထိုကြောင့် ၁၉၄၄ ခုနှစ်၌ တဟီရန်းညီလာခံ ကျင်းပသောအခါ၊ ဗြိတိသျှနိုင်ငံ ဆဋ္ဌမဂျော့ဘုရင်သည် ရုရှနိုင်ငံဝန်ကြီးချုပ် စတာလင်အား ဗြိတိသျှလူမျိုးတို့၏ကိုယ်စား ရုရှလူမျိုးတို့အား အလေးပြုသော အထိမ်းအမှတ်ဖြင့် စတာလင်ဂရက် ဂုဏ်ထူးဆောင်ဓားမြှောင်ကို လက်ဆောင်အဖြစ် ပေးလေသည်။[14]

ကိုးကား

  1. Charter of Volgograd, Preamble
  2. Official website of Volgograd. Конкурс на создание гимна Волгограда будет проведен повторно (ရုရှား)
  3. Энциклопедия Города России။ Moscow: Большая Российская Энциклопедия။ 2003။ pp. 81–83။ ISBN 5-7107-7399-9
  4. Charter of Volgograd, Article 22
  5. Official website of Volgograd. Alexander Ivanovich Chunakov, Head of the Administration of Volgograd
  6. Russian Federal State Statistics Service (2011)။ Всероссийская перепись населения 2010 года. Том 1 (in Russian)။ Всероссийская перепись населения 2010 года (2010 All-Russia Population Census) Federal State Statistics Service June 29, 2012 တွင် ပြန်စစ်ပြီး။
  7. Об исчислении времени (in Russian) (3 June 2011)။ 19 January 2019 တွင် ပြန်စစ်ပြီး။
  8. Почта России. Информационно-вычислительный центр ОАСУ РПО. (Russian Post). Поиск объектов почтовой связи (Postal Objects Search) (ရုရှား)
  9. Lutz-Auras၊ Ludmilla (2012)။ "Auf Stalin, Sieg Und Vaterland!": Politisierung Der Kollektiven Erinnerung an Den Zweiten Weltkrieg in Russland (Germanဘာသာစကားဖြင့်)။ Springer-Verlag။ p. 189။ ISBN 978-3658008215CS1 maint: unrecognized language (link)
  10. Mccauley၊ Martin (2013)။ Stalin and Stalinism (3 ed.)။ Routledge။ ISBN 978-131786368710 April 1925: Tsaritsyn is renamed Stalingrad.
  11. Breweres Dictionary of 20th Century Phrase and Fable
  12. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.