ဘာဘေးဒိုးစ်နိုင်ငံ

ဘာဘေးဒိုးစ်နိုင်ငံသည် အတ္တလန္တိတ်သမုဒ္ဒရာ အနောက်ပိုင်းရှိ အင်တီလီးစ် (Lesser Antilles) ကျွန်းစု ထဲမှ ကျွန်းနိုင်ငံတစ်ခုဖြစ်သည်။ အလျား ၃၄ကီလိုမီတာနှင့် အကျယ် ၂၃ ကီလိုမီတာမျှသာရှိပြီး ၄၃၁စတုရန်းကီလိုမီတာမျှသာရှိသော နိုင်ငံငယ်လေးတစ်ခုဖြစ်သည်။ ဝင်းဒ်ဝါ့ဒ်ကျွန်း နှင့် ကရစ်ဘီယံပင်လယ် တို့မှ အရှေ့ဘက် ကီလိုမီတာ ၁၀၀ မျှသာဝေးကွာသည်။ [1] စိန့်ဗင်းဆင့်နှင့်ဂရင်နာဒင်းစ် ကျွန်းနိုင်ငံမှ အရှေ့ဘက် ၁၆၈ ကီလိုမီတာအကွာ၊ ထရီနီဒက်နှင့်တိုဘာဂိုကျွန်းနိုင်ငံမှ အရှေ့မြောက်ဘက် ကီလိုမီတာ ၄၀၀ အကွာ တွင် တည်ရှိသည်။ အတ္တလန္တိတ်သမုဒ္ဒရာ ဟာရီကိန်းမုန်တိုင်းဧရိယာမှ ကင်းလွတ်သော နယ်မြေဖြစ်သည်။ အစောပိုင်းတွင် ပေါ်တူဂီကိုလိုနီနယ်အတွင်း ကျရောက်ခဲ့ဖူးပြီး ၁၆၂၅တွင် အင်္ဂလန်ဘုရင်၏ လက်အောက်သို့ ကျရောက်ခဲ့သည်။ နောက်ပိုင်းတွင် ဗြိတိသျှအင်ပါယာအတွင်း ကျရောက်ခဲ့သည်။ [2] လူဦးရေ စုစုပေါင်း ၂၇၅,၃၃၈ ခန့်ရှိသည်။ [3] လူဦးရေ ၈၀,၀၀၀ ခန့်မှာ မြို့တော် ဘရစ်ချ်တောင်း တွင် နေထိုင်ကြသည်။ [4] ၁၉၆၆တွင် ဘာဘေးဒိုးစ်နိုင်ငံသည် လုံးဝလွတ်လပ်သော တိုင်းပြည်ဖြစ်လာခဲ့ပြီး ဓနသဟာယအဖွဲ့ဝင်နိုင်ငံလည်းဖြစ်လာသည်။ တိုင်းပြည်၏ အကြီးအကဲအဖြစ် အင်္ဂလန်ဘုရင်မ ဒုတိယမြောက်အယ်လီဇဘက် ကို ထားရှိသည်။ [5] ဘာဘေးဒိုးစ်နိုင်ငံသည် ကရစ်ဘီယံဒေသအတွင်း ခရီးသွားလုပ်ငန်းအဖွံ့ဖြိုးဆုံးတိုင်းပြည်ဖြစ်ပြီး ဒေသတွင်း လူသားဖွံ့ဖြိုးမှုအညွှန်းကိန်း (Human Development Index|HDI) လည်း ၀.၇၈၈ ဖြင့် အမြင့်ဆုံးဖြစ်သည်။

ကိုးကား

  1. Chapter 4 - The Windward Islands and Barbados - U.S. Library of Congress
  2. Secretariat။ Barbados - History Commonwealth of Nations
  3. Staff (2008)။ Latest Socio-Economic Indicators Barbados Statistical Service 5 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  4. Staff (2008)။ Places of interest - BRIDGETOWN Government of Barbados 13 September 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. HRM Queen Elizabeth II (2010)။ History and present government - Barbados Monarchy of Barbados။ 10 May 2010 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.