ဘုရင့်ညီဂူ

ဘုရင့်ညီဂူသည် မြန်မာနိုင်ငံကရင်ပြည်နယ်ဘားအံမြို့မှ (၁၂)မိုင်အကွာ သံလွင်မြစ်အရှေ့ ဘက်ကမ်းပေါ်ရှိ နောင်ကျန်ရွာအနီးတွင် တည်ရှိသည်။[1]

ဘုရင့်ညီဂူသည် တောင်ကုန်းပေါ်တွင် တည်ရှိပြီး အုတ်လှေကားများဖြင့် အပေါ်သို့ တက်ရောက်နိုင်သည်။ တောင်စောင်းတစ်လျှောက်တွင် နှစ်ကျိပ်ရှစ်ဆူဘုရားများနှင့် ဂူအတွင်းတွင် ရှေးဟောင်းဘုရားများကို ဖူးမြော်နိုင်သည်။ ဂူသည် ၁ ဖာလုံခန့် ရှည်လျားသည်။ ဘုရင့်ညီဂူအခြေတွင် သဘာဝအလျှောက် ဖြစ်ပေါ်နေသော ရေပူ၊ ရေအေးစိမ့်စမ်းအိုင်လည်း ရှိသည်။ ဂူထဲတွင် ဂဝံကျောက်အုတ်၊ ရှေးခေတ်ဟောင်း လက်လုပ်မြေအုတ်တို့ဖြင့် ထွင်းထုထားသော ဘုရားများစွာလည်း ရှိသည်။[1]

ကိုးကား

  1. ကရင်ပြည်နယ်၏ ဒေသန္တရ အချက်အလက်များ ကရင်ပြည်နယ်အစိုးရ။ 14 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ ဖေဖော်ဝါရီ ၂၁၀၇ တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.