ဘော့စ်ကို

ဦးဘော့စ်ကို (၁၄ အောက်တိုဘာ ၁၉၇၄ မွေးဖွား) သည် ကယားပြည်နယ် အစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူ ဖြစ်သည်။[1] ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃ ရက်နေ့တွင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား ရာထူးမှ ရပ်စဲလိုက်ပြီးနောက် ဦးဘော့စ်ကိုအား ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ခန့်အပ်ခဲ့သည်။[2][3]

ဦးဘော့စ်ကို
ကယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၀ မတ် ၂၀၁၆
ကယားပြည်နယ်
စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
 ဧပြီ ၂၀၁၆ (၂၀၁၆-၀၄-၀၇)
သမ္မတဦးထင်ကျော်
ဦးဝင်းမြင့်
ကယားပြည်နယ် ဝန်ကြီးချုပ် (ယာယီ)
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
 စက်တင်ဘာ ၂၀၂၀ (၂၀၂၀-၀၉-၀၃)
ခန့်အပ်သူဦးဝင်းမြင့်
ယခင်လူဦးအယ်လ်ဖောင်းရှို
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1974-10-14) ၁၄ အောက်တိုဘာ၊ ၁၉၇၄
ပူဖားကျေးရွာ၊ ဆောင်ဒူရွာသစ်ကျေးရွာအုပ်စု၊ ဒီးမော့ဆိုမြို့နယ်
ကယားပြည်နယ်
နိုင်ငံသားမြန်မာ
လူမျိုးကယန်း
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်လူစီးယာ
မိဘဦးသောင်း၊ ဒေါ်မူရှိ
အစိုးရအဖွဲ့ကယားပြည်နယ် အစိုးရအဖွဲ့
ကိုးကွယ်သည့်ဘာသာခရစ်ယာန်

အစောပိုင်းဘဝ

ဦးဘော့စ်ကို ကို ၁၉၇၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကယားပြည်နယ်ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာတွင် ဖခင် ဦးသောင်းနှင့် မိခင် ဒေါ်မူရှိတို့က မွေးဖွားခဲ့ပြီး ကယန်းလူမျိုးတစ်ဦး ဖြစ်သည်။[4] အထကခွဲ (သေးဆူလဲ)၊ အထက(နန်းမယ်ခုံ)၊ အထက(၂) လွိုင်ကော်မြို့တို့တွင် တယ်တန်းအထိ ပညာသင်ကြားခဲ့သည်။[4]

နိုင်ငံရေး

ဦးဘော့စ်ကိုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦး ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နေရာကို ဒီးမော့ဆိုမဲဆန္ဒနယ်အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရ ရွေးကောက်ခံခဲ့ရသည်။[5]


ကိုးကား

  1. ကယားပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း (အမိန့်အမှတ်၊ ၂၃/၂၀၁၆) နိုင်ငံတော် သမ္မတရုံး (၆ ဧပြီ ၂၀၁၆)။ 3 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  2. နော်နိုရင်း (၃ စက်တင်ဘာ ၂၀၂၀)။ ကယားပြည်နယ် စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးဘော့စ်ကို ခတ္တဝန်ကြီးချုပ်အဖြစ်ခန့်အပ် ဒီဗွီဘီ 3 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  3. စိုးစိုးထက်၊ ခေမဏီဝင်း (၃ စက်တင်ဘာ ၂၀၂၀)။ ကယားဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်စဲ RFA။ 3 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  4. ဦးဘော့စ်ကို ကိုယ်ရေးရာဇဝင် ကယားပြည်နယ် လွှတ်တော်။ 3 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  5. ကိုယ်စားလှယ် အကြောင်း ပွင့်လင်းလွှတ်တော်။ 3 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.