အယ်လ်ဖောင်းရှို

ဦးအယ်လ်ဖောင်းရှို (၅ ဖေဖော်ဝါရီ ၁၉၇၉ မွေးဖွား) သည် ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[2] ဦးအယ်ဖောင်းရှိုကို လွိုင်ကော်မြို့နယ်၊ လောပိတရှမ်းရွာတွင် မွေးဖွားခဲ့ပြီး[3] ကယန်းတိုင်းရင်းသားတစ်ဦး ဖြစ်သည်။[4] ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် မှ ပညာရေးဘွဲ့ကို ရရှိခဲ့ပြီး မယ်စဲ့မြို့နယ်တွင် လက်ထောက်ပညာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[4] ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မယ်စဲ့မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။

ဦးအယ်လ်ဖောင်းရှို
ဦးအယ်လ်ဖောင်းရှို (၂၀၁၈)
ကယားပြည်နယ် ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ (၂၀၁၆-၀၃-၃၀)  ၃ စက်တင်ဘာ ၂၀၂၀[1]
ခန့်အပ်သူမြန်မာနိုင်ငံ၏ သမ္မတ
သမ္မတဦးထင်ကျော်
ယခင်လူဦးခင်မောင်ဦး
ဆက်ခံသူဦးဘော့စ်ကို (ယာယီ)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1979-02-05) ၅ ဖေဖော်ဝါရီ၊ ၁၉၇၉
လောပိတရှမ်းရွာ
လွိုင်ကော်မြို့နယ်
ကယားပြည်နယ်
နိုင်ငံသားမြန်မာ
လူမျိုးကယန်း
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပညာရေးပညာရေးဘွဲ့
မိခင်ကျောင်းပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်
အစိုးရအဖွဲ့ကယားပြည်နယ် အစိုးရအဖွဲ့

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်သော ကယားပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား တာဝန်ဆက်လက်ထမ်းရွက်ရန် မသင့်ကြောင်း စွပ်စွဲပြစ်တင်မှုကို မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲများသဖြင့် စွပ်စွဲပြစ်တင်မှုကို ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့သည်။[5] စက်တင်ဘာ ၃ ရက်နေ့တွင် ဦးအယ်လ်ဖောင်းရှိုအား ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ်မှ ရပ်စဲလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။[1]

သို့သော် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအား ကိုယ်စားပြု၍ အမျိုးသားလွှတ်‌တော် မယ်စဲ့မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ထပ်မံဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သည်။

ကိုးကား

  1. ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ရာထူးမှရပ်စဲ Myanmar Now (၃ စက်တင်ဘာ ၂၀၂၀)။ 3 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  2. Meet your chief ministers မြန်မာတိုင်း(မ်) (၄ ဧပြီ ၂၀၁၆)။ 9 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  3. Villages around Loikaw hydropower project lack electricity Eleven Media (၁၄ ဩဂုတ် ၂၀၁၇)။ 15 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  4. အယ်ဖောင်းရှို (သို့မဟုတ်) ကရင်နီဒေသကို ပြန်လည်ထူထောင်မယ့်သူ ကမာရွတ်မီဒီယာ (၃၀ မတ် ၂၀၁၆)။ ၁၅ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  5. ကယားပြည်နယ်ဝန်ကြီးချုပ်အား တာဝန်ဆက်လက်ထမ်းရွက်ရန် မသင့်ကြောင်း စွပ်စွဲပြစ်တင်မှု ပြည်နယ်လွှတ်တော် အတည်ပြု Eleven Media Group (၁ စက်တင်ဘာ ၂၀၂၀)။ 3 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.