မန်ဒယ်လီဗီယမ်

မန်ဒဲလီဗီယမ် (အင်္ဂလိပ်: Mendelevium) သည် ဓာတ်ခွဲခန်းမှသာထုတ်ယူရရှိနိုင်သည့် ပထမမြောက် ဒြပ်စင်ဖြစ်သည်။ ဘားကလေး (Berkekey) ဓာတ်ရောင်ခြည်ဓာတ်ခွဲခန်း၌ ၆၀ လက်မ ဒြပ်မှုန်အရှိန်မြင့်စက် (60-inch cyclotron) အတွင်း 253 Es အား ဟီလီယန် (helium) အယ်လဖာ ဒြပ်မှုန် နှင့်တိုက်ခိုက်စေခြင်းဖြင့် 256Md ကိုထုတ်လုပ်ခဲ့သည်။ ၎င်း၏သက်တမ်းဝက် (half life)သည် ၇၆ မိနစ် ရှိပြီး၊ 258Md သက်တမ်းဝက်(half life) သည် ၅၂ ရက် ရှိသည်။ မန်ဒဲလီဗီယမ် ၏ ဓာတုဗေဒဆိုင်ရာ အချက်အလက်များမှာ ၎င်း၏ အက်တမ်အမှတ်စဉ် (Atomic Number)၊ သက်တမ်းဝက် (half life) နှင့် အိုင်ဆိုတုပ်စ် (isotopes) များကြောင့် ကန့်သတ်ချက်များရှိသည်။ ၎င်း၏အိုင်ဆိုတုပ်စ် အကွာအဝေးမှာ ၂၄၄ မှ ၂၆၁ အထိရှိသည်။ မန်ဒဲလီဗီယမ် ကို Periodic table ကို ပထမဆုံးတီထွင်ခဲ့သူ ရုရှားသိပ္ပံပညာရှင် မန်ဒဲလီးယပ်ဖ်အား ဂုဏ်ပြုနာမည်ပေးထားခြင်း ဖြစ်သည်။

မန်ဒယ်လီဗီယမ်,  101Md
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတမန်ဒယ်လီဗီယမ်, Md
အသံထွက်/ˌmɛndəˈlɛviəm/ or /ˌmɛndəˈlviəm/
ဒြပ်စင်အလှည့်ကျဇယားရှိ မန်ဒယ်လီဗီယမ်
Tm

Md

(Upp)
ဖာမီယမ်မန်ဒယ်လီဗီယမ်နိုဘယ်လီယမ်
အက်တမ် အမှတ်စဉ် (Z)101
အုပ်စုဘလော့group n/a, f-block
ဒြပ်စင်အလှည့်ကျဇယားperiod 7
ဒြပ်စင် ကဏ္ဍ  actinide
စံ အက်တောမစ် အလေးချိန် (Ar)(258)
အီလက်ထရွန် ပြုပြင်မှု[Rn] 5f13 7s2
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 32, 31, 8, 2
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ (predicted)
အရည်ပျော်မှတ်1100 K (827 °C, 1521 °F) (predicted)
သိပ်သည်းမှု (အခန်းအပူချိန်)10.3(7) g/cm3 (predicted)[1]
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ2, 3
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.3
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 635 kJ/mol (estimated)
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ face-centered cubic (fcc)

(predicted)[1]
CAS Number7440-11-1
သမိုင်းကြောင်း
အမည်တပ်ခြင်းafter Dmitri Mendeleev
ရှာဖွေတွေ့ရှိမှုLawrence Berkeley National Laboratory (1955)
Most stable isotopes of မန်ဒယ်လီဗီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
257Md syn 5.52 h ε 0.406 257Fm
α 7.558 253Es
SF
258Md syn 51.5 d ε 1.230 258Fm
260Md syn 31.8 d SF
α 7.000 256Es
ε 260Fm
β 1.000 260No

အသုံးပြုခြင်း

ပြောင်းလွယ်ပြင်လွယ် ရှိသော ဒြပ်စင်ဖြစ်သောကြောင့် စီးပွားရေး နှင့် အခြား နေရာများအားလုံးတွင် အသုံးပြုနိုင်ခြင်း မရှိသေးပေ။

ပတ်ဝန်းကျင်တွင်တွေ့ရှိရမှုအခြေအနေ

ပြောင်းလွယ်ပြင်လွယ် ရှိသော ဒြပ်စင်များသည် သဘာတွင်မတည်ရှိသည့်အပြင် အလွန်မတည်ငြိမ်သော nuclei ဖြစ်ကြောင်း တွေရှိသည်။ ထို့ကြောင့် ၎င်းတို့ကို ရှာတွေ့ရန်ခက်ခဲသည်။

ကျန်းမာရေးအပေါ် သက်ရောက်မှုများ

မန်ဒဲလီဗီယမ်သည် သဘာဝတွင် ဖြစ်တည်ခြင်း မရှိသည့်အပြင် ကမ္ဘာ့မျက်နှာပြင်လွာတွင် လဲမတွေ့ရပေ။ ထို့ကြောင့် ၎င်း၏ ကျန်းမာရေးအပေါ် သက်ရောက်မှုများကို ထည့်တွက်စရာမလိုပေ။

ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ

မန်ဒဲလီဗီယမ်သည် သဘာဝတွင် ဖြစ်တည်ခြင်း မရှိသည့်အပြင် ကမ္ဘာ့မျက်နှာပြင်လွာတွင် လဲမတွေ့ရပေ။ ထို့ကြောင့် ပတ်န်းကျင်အပေါ် သက်ရောက်မှုများကို ထည့်တွက်စရာမလိုပေ။

ကိုးကား

  1. Fournier, Jean-Marc (1976). "Bonding and the electronic structure of the actinide metals". Journal of Physics and Chemistry of Solids 37 (2): 235–244. doi:10.1016/0022-3697(76)90167-0.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.