ကျူလီယမ်

ကျူလီယမ် သည် ဒြပ်စင်အလှည့်ကျဇယား၏ အမှတ်စဉ် ၆၉ တွင် ရှိသော ဒြပ်စင်တစ်ခုဖြစ်သည်။ သင်္ကေတအားဖြင့် Tm ဖြစ်ပြီး အင်္ဂလိပ်ဘာသာတွင် Thulium ဟု စာလုံးပေါင်းသည်။ Lanthanide အုပ်စုဝင် ဒြပ်စင်တစ်ခုဖြစ်ပြီး ပြောင်လက်တောက်ပသော ငွေရေင် ရှိသည်။ ဓားဖြင့်လှီးဖြတ်နိုင်သည်။ ၎င်းသည် သတ္တုအဖြစ် လုပ်ဆောင်ရလွယ်ကူပြီး ရှားပါး ဒြပ်စင်များတွင် ပေါများမှု အနည်းဆုံး ဒြပ်စင်များထဲမှ တစ်ခုဖြစ်သည်။ များစွာသော ရှားပါဒြပ်စင်များထက် ဓာတ်တိုးခြင်းဖြစ်ဖို့ ခံနိုင်ရည် ပိုမိုရှိသော်လည်း လေထုထဲတွင် နှေးကွေးစွာ အညှိတက်သည်။ ခြောက်သွေ့သော လေထုထဲတွင် ချေးတက်မှုကို ခံနိုင်ရည်ရှိပြီး ပုံသွင်းရလွယ်ကူသည်။ သဘာဝတွင် ဖြစ်တည်နေသော ကျူလီယမ်းကို တည်ငြိမ်သော အိုက်ဆိုတုပ် Tm169 မှရရှိသည်။

ကျူရီယမ် နှင့် မရောထွေးပါနှင့်။
ကျူလီယမ်,  69Tm
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတကျူလီယမ်, Tm
အသံထွက်/ˈθjuːliəm/ or /ˈθliəm/
THEW-lee-əm or THOO-lee-əm
အဆင်းsilvery gray
ဒြပ်စင်အလှည့်ကျဇယားရှိ ကျူလီယမ်


Tm

Md
အာဘီယမ်ကျူလီယမ်အိတ္တာဘီယမ်
အက်တမ် အမှတ်စဉ် (Z)69
အုပ်စုဘလော့group n/a, f-block
ဒြပ်စင်အလှည့်ကျဇယားperiod 6
ဒြပ်စင် ကဏ္ဍ  lanthanide
စံ အက်တောမစ် အလေးချိန် (±) (Ar)168.93422(2)[1]
အီလက်ထရွန် ပြုပြင်မှု[Xe] 4f13 6s2
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 31, 8, 2
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်1818 K (1545 °C, 2813 °F)
အရည်ဆူမှတ်2223 K (1950 °C, 3542 °F)
သိပ်သည်းမှု (အခန်းအပူချိန်)9.32 g/cm3
8.56 g/cm3
ဖျူးရှင်းအပူ16.84 kJ/mol
အငွေ့ပျံခြင်း အပူ191 kJ/mol
မိုလာ အပူအင်အား27.03 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 1117 1235 1381 1570 (1821) (2217)
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ2, 3 (a base oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.25
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 596.7 kJ/mol
2nd: 1160 kJ/mol
3rd: 2285 kJ/mol
အက်တောမစ် အချင်းဝက်empirical: 176 pm
ကိုဗေးလန့်အချင်းဝက်190±10 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ hexagonal close-packed (hcp)
အပူ ပြန့်ကားမှုpoly: 13.3 µm/(m·K) (at r.t.)
အပူစီးကူးမှု16.9 W/(m·K)
လျှပ်စစ် ခုခံမှုpoly: 676 nΩ·m (at r.t.)
သံလိုက်ဓာတ်paramagnetic (at 300 K)
သံလိုက် ထိတွေ့နိုင်မှု (χmol)+25,500·10−6 cm3/mol (291 K)[2]
Young's modulus74.0 GPa
Shear modulus30.5 GPa
Bulk modulus44.5 GPa
ပိုင်ဆွန် အချိုး0.213
Vickers hardness470–650 MPa
Brinell hardness470–900 MPa
CAS Number7440-30-4
သမိုင်းကြောင်း
အမည်တပ်ခြင်းafter Thule, a mythical region in Scandinavia
ရှာဖွေတွေ့ရှိမှုနှင့် ပထမဆုံးခွဲထုတ်ခြင်းPer Teodor Cleve (၁၈၇၉)
Most stable isotopes of ကျူလီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
167Tm syn 9.25 d ε 0.748 167Er
168Tm syn 93.1 d ε 1.679 168Er
169Tm 100% is stable with 100 neutrons
170Tm syn 128.6 d β 0.968 170Yb
171Tm syn 1.92 y β 0.096 171Yb

အသုံးပြုခြင်း

စီးပွားရေးနယ်ပယ်တွင် အနည်းငယ်သာ အသုံးပြုကြသည်။ အသုံးဝင်မှုလည်း နည်းပါးသည်။ ဓာတုဗေဒဆိုင်ရာ သုတေသန လုပ်ငန်းများတွင် အသုံးပြုသည်။ လေဆာပြုလုပ်ရာတွင်လည်း သုံးသည်။ တည်ငြိမ်သော Tm169 ကို နျူကလီးယား ဓာတ်ပေါင်းဖိုများတွင် အသုံးပြုပြီးနောက် X-ray ကိရိယာအတွင်း ဓာတ်ရောင်ခြည်ထုတ်သော အရင်းအမြစ်အဖြစ် အသုံးပြုနိုင်သည်။ ၎င်းကို မိုက်ခရိုဝေ့ဖ်သုံးပစ္စည်း ကိရိယာများတွင် ceramic ferrimagnetic oxide of iron အဖြစ် အသုံးပြုသည်။ ကယ်လ်ဆီယမ် ဆာလဖိတ်နှင့် ကျူလီယမ်ကို လူခန္ဓာကိုယ်တွင် ဓာတ်ရောင်ခြည်သင့်မှုကို အလင်းဖြာခြင်းအားဖြင့် တိုင်းတာနိုင်သည်။ များသောအားဖြင့် အဆင့်နိမ့်သော ရောင်ခြည်သင့်မှုတွင်သာ သုံးသည်။

သဘာဝတွင် တွေ့ရှိမှု အခြေအနေ

ကျူလီယမ်ကို အခြားသော ရှားပါးဒြပ်စင်များနှင့် ရောပြီး ပမာဏ အနည်းငယ်သာ တွေ့ရှိရပြီး သီးသန့်လွတ်လပ်စွာ မတွေ့ရှိရပါ။ အဓိကအားဖြင့် သတ္တုရိုင်းများဖြစ်ကြသော မိုနဇိုက်တွင် ၀.၀၀၀၇ ရာခိုင်နှုန်းနှင့် ဘက်နက်ဆိုင်တွင် ၀.၀၀၈ ရာခိုင်နှုန်း ပါဝင်သည်။ အဓိက သတ္တုတွင်းနေရာများမှာ တရုတ်၊ အမေရိက၊ ဘရာဇီး၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဩစတြေးလျ တို့ဖြစ်သည်။ ထုတ်လုပ်သန့်စင်ပြီး ပမာဏမှာ တန်ပေါင်း ၁၀၀၀၀၀ ခန့်ရှိပြီး ကျူလီယမ်အောက်ဆိုဒ်အဖြစ် ကမ္ဘာ့ထုတ်လုပ်သန်စင်မှု နှုန်းမှာ တစ်နှစ်လျှင် တန် ၅၀ ခန့်ရှိသည်။ ကျူလီယမ်သည် ပရိုမီသီယမ် ပြီးလျှင် ဒုတိယ အရှားပါးဆုံးဖြစ်သည်။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ

ပျော်ဝင်နိုင်သော ကျူလီယမ်ဆားများသည် ပမာဏအတော်များပါက အဆိပ်အတောက် အနည်းငယ်ဖြစ်စေပြီး ပျောင်ဝင်နိုင်ခြင်းမရှိသော ဆားများမှာ အဆိပ်အတောက် လုံးဝမဖြစ်စေနိုင်ပါ။

ပတ်ဝန်းကျင်သို့ သက်ရောက်မှုများ

ကျူလီယမ်သည် အပင်များနှင့် သတ္တဝါများကို ပတ်ဝန်းကျင်ဆိုင်ရာ မည်သည့် ထိခိုက်မှုမှမဖြစ်စေပါ။

ကိုးကား

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.