အာဘီယမ်

အာဘီယမ်သည် နူးညံ့ပျော့ပြောင်းပြီး တောက်ပသော ငွေရောင်ရှိ သတ္တု တစ်မျိုးဖြစ်သည်။ ၎င်း၏ အင်္ဂလိပ်စာလုံးပေါင်းမှာ Erbium ဖြစ်ပြီး ဓာတုသင်္ကေတမှာ Er ဖြစ်သည်။ ၎င်းသတ္တုသည် လေထဲတွင် အလွန်တည်ငြိမ်ပြီး ရေ၊ အောက်ဆီဂျင်တို့နှင့် အလွန်နှေးကွေးစွာ ဓာတ်ပြုပါသည်။ အက်ဆစ်များထဲတွင် ပျော်ဝင်သည်။ ၎င်း၏ဆားများသည် ပန်းရောင်ရှိသည်။

အာဘီယမ်,  68Er
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတအာဘီယမ်, Er
အသံထွက်/ˈɜːrbiəm/
UR-bee-əm
အဆင်းငွေဖြူရောင်
ဒြပ်စင်အလှည့်ကျဇယားရှိ အာဘီယမ်


Er

Fm
ဟိုမီယမ်အာဘီယမ်ကျူလီယမ်
အက်တမ် အမှတ်စဉ် (Z)68
အုပ်စုဘလော့group n/a, f-block
ဒြပ်စင်အလှည့်ကျဇယားperiod 6
ဒြပ်စင် ကဏ္ဍ  lanthanide
စံ အက်တောမစ် အလေးချိန် (±) (Ar)167.259(3)[1]
အီလက်ထရွန် ပြုပြင်မှု[Xe] 4f12 6s2
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 30, 8, 2
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်1802 K (1529 °C, 2784 °F)
အရည်ဆူမှတ်3141 K (2868 °C, 5194 °F)
သိပ်သည်းမှု (အခန်းအပူချိန်)9.066 g/cm3
8.86 g/cm3
ဖျူးရှင်းအပူ19.90 kJ/mol
အငွေ့ပျံခြင်း အပူ280 kJ/mol
မိုလာ အပူအင်အား28.12 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 1504 1663 (1885) (2163) (2552) (3132)
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ3, 2, 1 (a base oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.24
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 589.3 kJ/mol
2nd: 1150 kJ/mol
3rd: 2194 kJ/mol
အက်တောမစ် အချင်းဝက်empirical: 176 pm
ကိုဗေးလန့်အချင်းဝက်189±6 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ hexagonal close-packed (hcp)
အသံ၏အမြန်နှုန်း 2830 m/s (at 20 °C)
အပူ ပြန့်ကားမှုpoly: 12.2 µm/(m·K) (r.t.)
အပူစီးကူးမှု14.5 W/(m·K)
လျှပ်စစ် ခုခံမှုpoly: 0.860 µΩ·m (r.t.)
သံလိုက်ဓာတ်paramagnetic at 300 K
သံလိုက် ထိတွေ့နိုင်မှု (χmol)+44,300.00·10−6 cm3/mol[2]
Young's modulus69.9 GPa
Shear modulus28.3 GPa
Bulk modulus44.4 GPa
ပိုင်ဆွန် အချိုး0.237
Vickers hardness430–700 MPa
Brinell hardness600–1070 MPa
CAS Number7440-52-0
သမိုင်းကြောင်း
အမည်တပ်ခြင်းafter Ytterby (Sweden), where it was mined
ရှာဖွေတွေ့ရှိမှုCarl Gustaf Mosander (1842)
Most stable isotopes of အာဘီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
160Er syn 28.58 h ε 0.330 160Ho
162Er 0.139% is stable with 94 neutrons
164Er 1.601% is stable with 96 neutrons
165Er syn 10.36 h ε 0.376 165Ho
166Er 33.503% is stable with 98 neutrons
167Er 22.869% is stable with 99 neutrons
168Er 26.978% is stable with 100 neutrons
169Er syn 9.4 d β 0.351 169Tm
170Er 14.910% is stable with 102 neutrons
171Er syn 7.516 h β 1.490 171Tm
172Er syn 49.3 h β 0.891 172Tm

အသုံးပြုခြင်း

အာဘီယမ်ကို Vanadium နှင့်ပေါင်းပြီး ပိုမိုခိုင်မာသော သတ္တုစပ်အဖြစ် ပြုလုပ်အသုံးပြုကြသည်။ အာဘီယမ်သည် အနီအောက်ရောင်ခြည်ကို တားဆီးနိုင်သည့်အတွက် ဖန်ထည်ပုံသွင်းသူများနှင့် ဂဟေဆက်အလုပ်သမားများအတွက် မျက်ကာမှန်များတွင် ထည့်သွင်းအသုံးပြုသည်။ ဓာတ်ပုံကင်မရာများတွင် ရှေ့ကာမှန်များတွင်လည်း ပိုတိုဂရပ်ဖစ် အကာများအဖြစ် အသုံးပြုကြသည်။ အာဘီယမ်သည် ပန်းရောင်ရှိခြင်းကြောင့် ကြွေထည်ပစ္စည်းများတွင် အရောင်တင် ကြွေရည်အဖြစ်လည်း အသုံးပြုသည်။

ပတ်ဝန်းကျင်တွင် တွေ့ရှိရမှု

အာဘီယမ်ကို သဘာဝတွင် လွတ်လပ်သော ဒြပ်စင်အဖြစ် မတွေ့ရပါ။ ၎င်းကို ရှားပါးဒြပ်စင်များနှင့်သာ ပေါင်းစပ်တွေ့ရှိရသည်။ ရှားပါးဒြပ်စင်များထဲတွင် ပိုမိုပေါများသော ဒြပ်စင်တစ်ခုဖြစ်သည်။ အဓိကသတ္တုတွင်းနေရာများမှာ တရုတ်နှင့် အမေရိကန်တို့ဖြစ်သည်။ အဓိက သတ္တုရိုင်းများမှာ Monazite and Bastanite တို့ဖြစ်သည်။ ၎င်းသတ္တုရိုင်းများတွင် ပိုမိုများပြားသော အာဘီယမ် ပမာဏ ပါရှိသည်ကို တွေ့ရသည်။ ၎င်းဒြပ်စင်အတွက် ပိုကောင်းသော အရင်းအမြစ်များမှာ Xenotime and Euxenite တို့ဖြစ်သည်။ ကမ္ဘာ့ထုတ်လုပ်မှုနှုန်းမှာ တစ်နှစ်လျှင် တန်ပေါင်း ၅၀၀ ရှိပါသည်။

နေရောင်ခံပြီး ရရှိလာသောအာဘီယမ် ၃ ကလိုရိုက်ဒ်ဆား
အာဘီယမ်အား အရောင်တင်ကြွေရည်အဖြစ်အသုံးပြုထားသော ဖန်ပန်းကန်လုံးတစ်ခု

ကျန်းမာရေးဆိုင်ရာအကျိုးသက်ရောက်မှုများ

အာဘီယမ်သည် ခန္ဓာကိုယ်အတွက် ဇီဝဖြစ်ပျက်မှုကို လှုံ့ဆော်ပေးသည်ဟု သတ်မှတ်ထားရှိသော်လည်း ဇီဝဗေဒအခန်းကဏ္ဍတွင် ပါဝင်မှု မရှိပါ။ လူ့ခန္ဓာကိုယ်ထဲတွင် အာဘီယမ်ပါဝင်မှု ပမာဏကို သိရှိရန်အတွက်ကား ခက်ခဲလှသည်။ အရိုးထဲတွင် ပါဝင်မှုအမြင့်ဆုံးဖြစ်ပြီး အသည်းနှင့် ကျောက်ကပ်ထဲတွင် ပါဝင်မှု နည်းပါသည်။

ပတ်ဝန်ကျင်သို့ အကျိုးသက်ရောက်မှု

အာဘီယမ်သည် အပင်များနှင့် သတ္တဝါများကို ပတ်ဝန်းကျင်ဆိုင်ရာ မည်သည့် ထိခိုက်မှုမျှ မဖြစ်စေပါ။

ကိုးကား

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.